အရက္ဆိုင္ဝန္ထမ္း ဘဝမွ သန္းေပါင္းမ်ားစြာခ်မ္းသာလာသည့္ အိမ္ျခံေျမသူေဌးၾကီး (ေအာင္ျမင္မႈသို႔ ေဆာင္ၾကဥ္းေပးမည့္ နည္းလမ္းမ်ား ပါဝင္သည္)

အရက္ဆိုင္ဝန္ထမ္း ဘဝမွ သန္းေပါင္းမ်ားစြာခ်မ္းသာလာသည့္ အိမ္ျခံေျမသူေဌးၾကီး (ေအာင္ျမင္မႈသို႔ ေဆာင္ၾကဥ္းေပးမည့္ နည္းလမ္းမ်ား ပါဝင္သည္) - Property Knowledge in Myanmar from iMyanmarHouse.com
21 Aug 2018 10:52 am တွင် တင်ခဲ့သည်
14168 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

#Zawgyi#

(ေအာက္ေဖာ္ျပပါ ေဆာင္းပါးမွာ သန္းၾကြယ္သူေဌးၾကီး ေရာ့ဘ္မိုး၏ ကိုယ္တိုင္ေရးေဆာင္းပါးကို အျခားသတင္းရင္းျမစ္မ်ားမွ အခ်က္အလက္မ်ားႏွင့္ ေပါင္းစပ္ထားျခင္းျဖစ္ပါသည္။)

အိမ္ျခံေျမ ေလာက သို႔ ကၽြႏ္ုပ္ စတင္ဝင္ေရာက္ခဲ့ခ်ိန္က ကၽြႏု္ပ္တြင္ အေၾကြး ေဒၚလာ ၅၀၀၀၀ ခန္႔ တင္ေန၏။အႏုပညာ၊ ဗိသုကာ၊ အရက္ဆုိင္ အစရွိသည့္လုပ္ငန္းအခ်ဳိ႕ လုပ္ကိုင္ခဲ့ေသာ္လည္း တစ္ခုမွ အလုပ္မျဖစ္ခဲ့။တကၠသိုလ္တက္ခဲ့စဥ္က ကုန္က်ခဲ့သည့္အေၾကြးမ်ား မ်ားစြာပိလာရာ အလြန္က်ပ္တည္းလွသည့္ ကာလမ်ား ျဖစ္ခဲ့သည္။အရက္ဆိုင္တစ္ခုတြင္ပင္ အခ်ိန္ပိုင္း ဝင္ေရာက္အလုပ္လုပ္ခဲ့ရသည္။

“အနာဂတ္ဟာ ကၽြန္ေတာ့္အတြက္ လံုးဝအေမွာင္က်ေနတယ္။ အခ်ိန္တိုင္း ေငြမရွိလို႔ ေသာကေရာက္ေနခဲ့ရတယ္” ဟု ေရာ့ဘ္မိုးက ျပန္လည္ေျပာျပသည္။

“ကၽြန္ေတာ့္ခ်စ္သူက အရာအားလံုးကို သူ႔ေငြနဲ႔ စိုက္ထုတ္ေနရတယ္။ ကၽြန္ေတာ္လည္း ရွက္လာျပီး ကုိယ့္ကိုယ္ကို တန္ဖုိးမရွိတဲ့သူတစ္ေယာက္လို႔ ခံစားလာခဲ့ရတယ္”

အရက္ဘားဆိုင္အတြင္းမွ ဝန္ထမ္းတစ္ဦး၏ အိပ္မက္မွာ ပန္းခ်ီပညာရွင္တစ္ဦးအျဖစ္ ဘဝကို ျဖတ္သန္းရန္ ျဖစ္ခဲ့သည္။သို႔ရာတြင္ ခ်မ္းသာၾကြယ္ဝသည့္ သူေဌးၾကီးျဖစ္လာမည့္ ေရာ့ဘ္မိုးကို ပန္းခ်ီဘက္သို႔သြားရန္ ကံၾကမၼာက တြန္းပို႔မေပးခဲ့ေခ်။

တစ္ေန႔တြင္မူ အႏုပညာျပခန္းတစ္ခု၏ ပိုင္ရွင္က အိမ္ျခံေျမျပပြဲတစ္ခုတက္ရန္ ဖိတ္ၾကားလာသည္။ေရာ့ဘ္မိုးက “ကၽြန္ေတာ့္မွာ ေငြလည္းမရွိဘူး။ ျပီးေတာ့ အိမ္ျခံေျမနဲ႔ ပတ္သက္ျပီးေတာ့လည္း ဘာမွမသိပါဘူး” ဟု ေျပာကာ ျငင္းလိုက္၏။

ျပခန္းပိုင္ရွင္က ေျပာသည္မွာ ေအာင္ျမင္ေနသူတိုင္းသည္ တစ္ခ်ိန္က ရုန္းကန္ခဲ့ၾကရေၾကာင္း၊ ခ်မ္းသာၾကြယ္ဝသူမ်ားစာရင္းတြင္ ပါဝင္သူမ်ားအနက္ အမ်ားစုမွာ အိမ္ျခံေျမေလာကမွ ျဖစ္ၾကေၾကာင္း ေျပာျပခဲ့သည္။

ထိုအၾကံဥာဏ္မွာ ေရာ့ဘ္မိုး၏ ဘဝအတြက္ အလြန္အေရးပါခဲ့ျပီး ယင္းျပပြဲတြင္ ေနာင္အခါ စီးပြားဖက္ျဖစ္လာမည့္ မာ့ခ္ ဟိုးမားႏွင့္ ေတြ႔ဆံုခဲ့ျခင္း ျဖစ္သည္။မာ့ခ္ဟိုးမားတြင္ အေတြ႔အၾကံဳႏွင့္ ေငြရွိျပီး ေရာ့ဘ္မိုးတြင္ အခ်ိန္၊ ျပင္းျပသည့္စိတ္၊ အျပင္းအထန္ၾကိဳးစားလိုစိတ္၊ ေလ့လာလိုစိတ္ တို႔ရွိ၏။

၂၀၀၇ ခုႏွစ္၊ ဇန္နဝါရီလတြင္ Progressive Property အိမ္ျခံေျမပညာေပးကုမၸဏီကို အိပ္ခန္း ၂ ခန္းပါ အခန္းက်ဥ္းေလးတစ္ခုတြင္ စတင္ခဲ့၏။ ထမင္းစားခန္းမွ စားပြဲသည္ ရံုးခန္းစားပြဲျဖစ္ခဲ့၏။ပထမႏွစ္အတြင္း မာ့ခ္ဟိုးမား၏ ေငြရင္းျဖင့္ အိမ္ျခံေျမ ၂၀ ခန္႔ ဝယ္ယူခဲ့ၾကသည္။ အဆိုပါေငြမ်ား ကုန္သြားခ်ိန္တြင္ မာ့ခ္ဟိုးမား၏ မိခင္ထံမွေငြ ၊ ယင္းေနာက္ သူ၏ပေထြး၊ ထို႔ေနာက္ ေရာ့ဘ္မိုး၏ ဦးေလး၊ မိခင္တို႔၏ ေငြမ်ားျဖင့္ လုပ္ငန္းဆက္ခဲ့ၾက၏။

ဟိုးမားႏွင့္ ေရာ့ဘ္မိုးတို႔သည္ လုပ္ငန္းကို ၅၀/၅၀ အခ်ဳိးစီပိုင္ဆိုင္ထားၾကျပီး ရရွိလာသည့္အျမတ္အစြန္းမ်ားကို ရာခိုင္ႏႈန္းအလိုက္ ျပန္လည္ခြဲေဝေပးခဲ့သည္။ယင္းေနာက္တဖန္ ရရွိလာသည့္အျမတ္အစြန္းမ်ားျဖင့္ ျပန္လည္ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ျပန္၏။လုပ္ငန္းအေၾကာင္း အတန္ငယ္ေလ့လာအျပီးတြင္ အိမ္ျခံေျမမ်ား စတင္ဝယ္ယူမႈျပဳလုပ္ခဲ့သည္။ ထိုစဥ္ကမူ ျဗိတိန္၏ အၾကီးမားဆံုးေသာ အိမ္ျခံေျမပညာေပးကုမၸဏီအျဖစ္ ရပ္တည္ရန္ ရည္ရြယ္ခဲ့ျခင္း မဟုတ္။ အိမ္ျခံေျမမ်ား ဝယ္ယူကာ ျပန္လည္အငွားခ်ျပီး ဝင္ေငြရွာရန္သာ စတင္ခဲ့ျခင္း ျဖစ္သည္။

“ပထမႏွစ္မွာ ကၽြန္ေတာ္တို႔ အိမ္ျခံေျမ ၂၀ ဝယ္ခဲ့တယ္၊ ဒုတိယႏွစ္မွာ ၃၀ ဝယ္ခဲ့ပါတယ္။ မာ့ခ္ရဲ႕ ေငြ၊ မိတ္ေဆြေတြ..မိသားစုဝင္ေတြရဲ႕ ေငြေတြနဲ႔ ဝယ္ယူခဲ့တာပါ။ ကၽြန္ေတာ့္ေငြနဲ႔ ဝယ္ခဲ့တာ တစ္ခုမွ မရွိပါဘူး။ အက်ဳိးအျမတ္ကို မာ့ခ္နဲ႔ ကၽြန္ေတာ္ ၅၀၊ ၅၀ ခြဲယူပါတယ္။ တခါတေလမွာ တတိယတစ္ေယာက္နဲ႔ ထပ္ခြဲပါတယ္။ ဒီလိုနည္းနဲ႔ ကၽြန္ေတာ္တို႔ ၾကီးပြားလာခဲ့ၾကတယ္”လက္ရွိတြင္ကား ၎တို႔ တစ္ဦးခ်င္း၊ ပူးတြဲပိုင္ဆိုင္ ကြပ္ကဲစီမံသည့္ အိမ္ျခံေျမေပါင္း ၇၀၀ ေက်ာ္ရွိေနျပီ ျဖစ္သည္။

ေရာ့ဘ္မိုးသည္ အသက္ ၃၁ ႏွစ္ျပည့္ ေမြးေန႔မတိုင္မီတြင္ သန္းၾကြယ္သူေဌးတစ္ဦး ျဖစ္လာခဲ့၏။ေရာ့ဘ္ႏွင့္ မာ့ခ္တို႔သည္ အိမ္ျခံေျမဆိုင္ရာ စာအုပ္မ်ား ပူးတြဲေရးသားျခင္း၊ ေဟာေျပာပြဲမ်ားျပဳလုပ္ျခင္းအားျဖင့္လည္း ဝင္ေငြမ်ားစြာ ရရွိခဲ့ျပီး အေရာင္းရဆံုးစာအုပ္မ်ားအျဖစ္ စံခ်ိန္တင္ခဲ့သည္မ်ားလည္း ရွိသည္။သူသည္ ခ်မ္းသာၾကြယ္ဝသည့္ မိဘမ်ားထံ ေမြးဖြားခဲ့သူမဟုတ္၊ စီးပြားေရးလုပ္ရန္အတြက္ ေဒၚလာသန္းခ်ီ အေမြမရခဲ့။ သို႔ရာတြင္ ခ်မ္းသာၾကြယ္ဝမႈဆီသို႔ ခ်ီတက္ရမည့္နည္းလမ္းမ်ားအတိုင္း လိုက္နာေဆာင္ရြက္ပါက အမ်ားစုမွာ ေအာင္ျမင္မႈဆီသို႔ ဆိုက္ေရာက္ႏိုင္ၾကသည္သာျဖစ္ေၾကာင္း ေရာ့ဘ္မိုးက ယံုၾကည္သည္။

၎တို႔ ၂ ဦး၏ ကုမၸဏီမွာ လက္ရွိတြင္ အိမ္ျခံေျမေပါင္း ၇၀၀ ခန္႔ကို ပိုင္ဆိုင္၊ လည္ပတ္လုပ္ကိုင္လ်က္ရွိျပီး ဝန္ထမ္းေပါင္း ၇၀ ခန္႔ ရွိသည္။ေအာင္ျမင္မႈအားလံုးတြင္ စိန္ေခၚမႈရွိသည္။ ႏွင္းဆီပန္းအားလံုးတြင္ ဆူးမ်ားရွိၾကသည္ဟု ေရာ့ဘ္မိုးက ဆိုသည္။အသက္ ၃၀ အရြယ္ျဖင့္ သန္းၾကြယ္သူေဌးျဖစ္ေအာင္ ၾကိဳးစားခဲ့ရသည့္ ေရာ့ဘ္မိုးက သူၾကံဳေတြ႔ခဲ့ရသည့္ တန္ဖိုးရွိေသာ ဘဝသင္ခန္းစာမ်ားကို ျပန္လည္မွ်ေဝေပးခဲ့ရာ ေအာက္ပါအတိုင္းျဖစ္သည္။

(၁) အလုပ္စတင္လုပ္ကိုင္ရန္ ေငြမလို။ စိတ္အားထက္သန္မႈ၊ ျပင္းျပသည့္စိတ္ဓာတ္၊ ေလ့လာလိုစိတ္၊ သင္ႏွင့္ လက္တြဲကာ ေငြရင္းစိုက္ထုတ္ေပးမည့္သူ၊ အက်ဳိးအျမတ္ကို မွ်တစြာခြဲေဝယူမည့္သူမ်ဳိးသာ လိုအပ္သည္။

(၂) လုပ္ငန္းစတင္ရန္ ေနာက္က်သည္ဟု မည္သည့္အခါမွ်မရွိ။ သို႔ရာတြင္ ေစာင့္ေနျခင္းေၾကာင့္သာ အျမဲေနာက္က်ရသည္။ ယခုပင္ ေလ့လာျခင္း၊ စတင္ရင္းႏွီးျမွဳပ္ႏွံျခင္းမ်ား ျပဳလုပ္ပါ။ ေနာင္အခါတြင္ ျပီးျပည့္စံုမႈမ်ား ရလာပါလိမ့္မည္။

(၃) အိမ္ျခံေျမတန္ဖုိးမ်ားသည္ ၁၀ ႏွစ္ ၾကာျမင့္သြားတိုင္း ေစ်း ၂ ဆ တက္ေလ့ရွိသည္။ ၁၉၅၂ ခုႏွစ္တုန္းက အိမ္ျခံေျမတို႔၏ ပွ်မ္းမွ်တန္ဖိုးမွာ ေပါင္ ၂၀၀၀ ပင္ မရွိပါ။ ယေန႔ကာလတြင္ကား အိမ္ျခံေျမေစ်းကြက္မေကာင္းသည့္တိုင္ ေပါင္ ၂၀၀၀၀၀ ေက်ာ္ ျဖစ္ေနျပီျဖစ္သည္။ ထို႔ေၾကာင့္ အိမ္ျခံေျမ ဝယ္ယူရန္ ေစာင့္ဆိုင္းမေနပါႏွင့္။ ဝယ္ယူျပီးမွ ေစာင့္ဆိုင္းပါ။

(၄) ရွင္းလင္းသည့္ ဘ႑ာေရး plan တစ္ခုအျပင္ ေရတိုေငြဝင္ေစမည့္နည္းလမ္းမ်ား ရွိပါေစ။ရလာသည့္ ဝင္ေငြ၏ ရာခိုင္ႏႈန္းမည္မွ်ကို ေနထိုင္မႈစရိတ္အတြက္သံုးမည္၊ မည္မွ်ကို စုမည္၊ မည္သည့္ေငြကို လံုးဝမထိ၊ မည္မွ်ကို ရင္းႏွီးျမွဳပ္ႏွံမည္၊ မည္မွ်ကို ေပ်ာ္ရႊင္မႈအတြက္သံုးမည္ အစရွိသျဖင့္ သတ္မွတ္ပိုင္းျခားပါ။ သတ္မွတ္ျပီးေသာ စည္းမ်ဥ္းကို မည္သည့္အတြက္မွ် မခ်ဳိးေဖာက္ပါႏွင့္။ အကယ္၍ ဝင္ေငြပိုရလာပါက အသံုးစရိတ္ရာခိုင္ႏႈန္းကို ေလွ်ာ့ခ်ျပီး အျခားက႑မ်ားကို ရာခိုင္ႏႈန္းတိုးေပးပါ။ ကၽြႏု္ပ္မူလက အသံုးစရိတ္မွာ ဝင္ေငြ၏ ၁၂၀ ရာခိုင္ႏႈန္းရွိခဲ့ရာမွ လုပ္ငန္းစတင္လုပ္ကိုင္ခ်ိန္တြင္ ၃၀ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ခဲ့ပါသည္။

(၅) မိမိကိုယ္မိမိ ဝမ္းစာျဖည့္မႈမ်ား စဥ္ဆက္မျပတ္ျပဳလုပ္ပါ။ ေအာင္ျမင္ေရးဆိုင္ရာ ဗြီဒီယိုဖိုင္မ်ား အင္တာနက္မွ download ရယူကာ နားေထာင္ပါ။ စာအုပ္မ်ားဖတ္ပါ။ အသံထြက္စာအုပ္မ်ား နားေထာင္ပါ။ သင္ေလွ်ာက္လွမ္းေနသည့္လမ္းတြင္ ေအာင္ျမင္မႈရရွိျပီးျဖစ္သူတို႔ထံမွ အၾကံဥာဏ္မ်ားရေအာင္ၾကိဳးစားပါ။ ေဟာေျပာပြဲမ်ား၊ သင္တန္းမ်ားတက္ပါ။ ေလ့လာမႈမ်ားေလေလ၊ ေအာင္ျမင္ရန္အခြင့္အလမ္း ပိုမိုမ်ားျပားေလေလျဖစ္ပါသည္။

(၆) သင့္တြင္ ေၾကြးျမီမ်ားကင္းရွင္းျပီး ဝင္ေငြအတန္အသင့္ေကာင္းလာျပီဆိုပါက အျခားသူမ်ားကို မည္သုို႔အကူအညီေပးရမည္နည္း ဟူသည့္အေပၚတြင္ အာရံုစိုက္ပါ။ ၎တို႔အတြက္ အေထာက္အကူျဖစ္ေစမည့္ ထုတ္ကုန္မ်ားထုတ္ပါ။ ၎တို႔၏ ျပႆနာမ်ားကို ေျဖရွင္းေပးပါ။ ဆန္းသစ္တီထြင္ႏိုင္ရန္ ဆက္လက္ၾကိဳးစားပါ။

(၇) အေပါင္းအသင္းေရြးခ်ယ္မႈ မွန္ကန္ရန္ အေရးၾကီးပါသည္။ သင္၏ၾကြယ္ဝမႈကို အဆံုးအျဖတ္ေပးမည္မွာ သင္၏ အေပါင္းအသင္း၊ အသိအကၽြမ္း၊ မိတ္ေဆြမ်ားပင္ျဖစ္သည္။ (Your network is your net-worth)သင့္အားစိတ္ဓာတ္ခြန္အားေပးမည့္သူ၊ အျမင့္သို႔တင္ေပးမည့္သူမ်ားကိုသာ ေပါင္းသင္းပါ။ ဆြဲခ်မည့္သူမ်ဳိးကို ေက်ာခိုင္းလမ္းခြဲပါ။ သင္အခ်ိန္အေပးဆံုး မိတ္ေဆြ ၅ ဦးက သင္မည္မွ်ခ်မ္းသာမည္ကို အဆံုးအျဖတ္ေပးႏိုင္ပါသည္။

အိမ္ျခံေျမလုပ္ငန္းကို စတင္လုပ္ကိုင္ခ်ိန္တြင္ စီးပြားေရးအေၾကာင္း လံုးဝသိရွိျခင္းမရွိရာ လုပ္ႏိုင္လိမ့္မည္မဟုတ္ဟုပင္ ထင္ခဲ့ပါသည္။ေငြ၏တန္ဖိုးကို မသိခဲ့ပါ။ “ငါ..စီးပြားေရးသိပ္ဆန္ေနလား။ လူေတြအေပၚ ႏိုင့္ထက္စီးနင္းျဖစ္ေနသလား၊ လူေတြက ဒါကိုၾကိဳက္မွာ မဟုတ္ဘူး” ဟု အျမဲေတြးခဲ့သည္။စင္စစ္ကား ေအာင္ျမင္မႈသို႔သြားရာတြင္ ထိုသို႔ေသာအေတြးမ်ဳိးမွာ မွားယြင္းပါသည္။သင့္အေနျဖင့္ ကၽြႏ္ုပ္၏ အမွားမ်ဳိးမလုပ္မိေစရန္ သင္ခန္းစာယူရမည္ ျဖစ္၏။

ေရာ့ဘ္မိုးသည္ အိမ္ျခံေျမလုပ္ငန္းရွင္၊ စြန္႔ဦးတီထြင္သူ၊ အေရာင္းရဆံုးစာေရးဆရာတစ္ဦးျဖစ္၏။

ျဗိတိန္၏ အၾကီးမားဆံုး အိမ္ျခံေျမပညာေပးကုမၸဏီျဖစ္ေသာ Progressive Property ကို မာ့ခ္ဟိုးမားႏွင့္အတူ ၂၀၀၆ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့သည္။ အိမ္ျခံေျမလုပ္ငန္းျဖင့္ ၾကီးပြားေအာင္ျမင္ေရးဆိုင္ရာ စာအုပ္ေပါင္းမ်ားစြာ ေရးသားခဲ့ျပီး Money: Know More, Make More, Give More စာအုပ္ႏွင့္ Life Leverage စာအုပ္မ်ားမွာ အေရာင္းရဆံုးစာအုပ္မ်ားျဖစ္ခဲ့သည္။

စြန္႔ဦးတီထြင္လုပ္ငန္းရွင္ေပါင္း ၁၀၀၀၀၀ ေက်ာ္ ေမြးထုတ္ခဲ့၊ အကူအညီေပးခဲ့ရာ “အိမ္ျခံေျမသန္းၾကြယ္သူေဌးေမြးထုတ္သူ” ဟုလည္း နာမည္ေက်ာ္သည္။ သူ၏ ေဆာင္ပုဒ္မွာ “တစ္ခုမွ မစြန္႔စားလွ်င္ အရာရာကို စြန္႔စားရမည္” ဟု ျဖစ္သည္။

(ေအာင္ျမင္မႈဇာတ္လမ္းမ်ား VS. ညစ္ပတ္သည့္ဇာတ္လမ္းမ်ား)

(ေရာ့ဘ္မိုး၏ ေဖ့စ္ဘုတ္စာမ်က္ႏွာတြင္ ေရးသားခ်က္တစ္ခုမွ ေကာက္ႏႈတ္ထားျခင္းျဖစ္ပါသည္။) ကၽြႏု္ပ္ကို လူ ၂ ဦးက ေျပာဖူးပါသည္။ ေအာင္ျမင္သြားသူမ်ား၏ အျဖစ္အပ်က္မ်ား အလြန္မ်ားျပားစြာ ဖတ္ေနရျခင္းသည္ စိတ္ဓာတ္တက္ၾကြမႈကို က်ဆင္းေစသည္ဟု ျဖစ္၏။ ထိုစကားၾကားရခ်ိန္တြင္ ကၽြႏု္ပ္လည္း မ်ားစြာအံ့အားသင့္ခဲ့သည္။ ကၽြႏု္ပ္၏ ဘဝတစ္ေလွ်ာက္တြင္ မိမိကိုယ္မိမိ အျခားသူမ်ားႏွင့္ ႏႈိင္းယွဥ္ေနၾကသူမ်ားကို မ်ားစြာေတြ႔ခဲ့ရပါသည္။ ထိုအခ်ိန္တိုင္းတြင္ ကၽြႏု္ပ္အျမဲေျပာခဲ့သည္မွာ “မိမိကိုယ္ကိုသာ ယွဥ္ျပိဳင္ပါ။ အျခားသူတို႔ကို စိတ္ဓာတ္ခြန္အားရရန္အတြက္ပဲ အာရံုထားပါ” ဟု ေျပာခဲ့ပါ၏။

ထို႔အျပင္

၁။ မိမိကိုယ္မိမိ အျပစ္မဖို႔ရန္ ၂။ ေအာင္ျမင္သူမ်ားႏွင့္ ႏႈိင္းယွဥ္ကာ စိတ္မပ်က္ပါႏွင့္ ၃။ သင့္ကိုယ္သင္ ေမးခြန္းမ်ားစထုတ္ပါ

ကၽြႏု္ပ္၏ ဘဝအေတြ႔အၾကံဳအရ ေအာက္တြင္ ေဖာ္ျပထားသည့္ အခ်က္အလက္မ်ားမွာ သင္တို႔ ရည္မွန္းထားသည့္ ဘဝပန္းတိုင္အသီးသီးသို႔ ခ်ီတက္ရာတြင္ အေထာက္အကူေပးမည့္အခ်က္မ်ား ျဖစ္ပါသည္။

၁။ အျခားသူမ်ားက ၎တို႔၏ ေအာင္ျမင္မႈမ်ားကို မွ်ေဝရာတြင္ အခ်က္အလက္မ်ားစြာ ေရာျပြမ္းေနႏိုင္သည္။

(ေအာင္ျမင္မႈအစစ္အမွန္မ်ား၊ အတၱေထာင္ေခ်ာက္တြင္မိေနသည့္ ၾကြားလံုးမ်ား၊ ဘဝဇာတ္ေၾကာင္း အျပည့္အစံုမဟုတ္ျခင္း၊ အမွန္တကယ္ အကူအညီေပးလိုသူမ်ား၊ ေအာင္ျမင္မႈကိုသာ ခ်ျပျပီး အရွက္ရေစမည့္ၾကမ္းတမ္းသည့္ျဖတ္ေက်ာ္မႈမ်ား မပါဝင္ျခင္း၊ ေအာင္ျမင္မႈဇာတ္လမ္းမ်ား မ်ားစြာခ်ျပျပီး အာရံုစိုက္ခံလိုျခင္း…အစရွိသည္မ်ား ေရာယွက္ေနႏိုင္သည္။)

၂။ အျခားသူ ဘာလုပ္ေနလဲဆိုသည္မွာ အာရံုစိုက္ရမည့္အခ်က္မဟုတ္ပါ။ စိတ္ဓာတ္ခြန္အားရရန္ႏွင့္ ေလ့လာရန္အတြက္သာ အသံုးခ်ပါ။

၃။ ဇာတ္လမ္းအျပည့္အစံုကို မည္သည့္အခါမွ ၎တို႔က ေပးလိမ့္မည္မဟုတ္ပါ။ အဘယ့္ေၾကာင့္ဆိုလွ်င္ မည္သူမွ် မလုပ္ႏိုင္သည့္အခ်က္ျဖစ္ျခင္းေၾကာင့္ ျဖစ္ပါသည္။ အခ်က္အလက္အမွန္၊ အျပည့္အစံုသိလိုပါက ေအာင္ျမင္မႈရရွိေနသူမ်ားႏွင့္ တိုက္ရိုက္ဆက္သြယ္ကာ ေမးျမန္းသင္ယူေလ့လာပါ။

၄။ ေအာင္ျမင္မႈတိုင္းတြင္ စိန္ေခၚမႈမ်ား ရွိပါသည္။ ႏွင္းဆီပန္းအားလံုးတြင္ ဆူးမ်ားရွိၾကသည္။

“ကၽြန္ေတာ့္ရဲ႕ ဘဝလမ္းေၾကာင္းကေတာ့ လံုးဝေျပာင္းလဲသြားတယ္။ ဒါေပမယ့္ ကၽြန္ေတာ့္အတြက္ေတာ့ အရင္လူ တစ္ေယာက္တည္းပဲလို႔ ခံစားရတယ္။ အခုထိ ပန္းခ်ီကို ရူးသြပ္ျမတ္ႏိုးေနတုန္းပဲ။ ဒါေပမယ့္ အိမ္ျခံေျမနဲ႔ စီးပြားေရးဘက္မွာ ကၽြန္ေတာ့္ရဲ႕ အသိပညာက ပိုမိုမ်ားျပားသြားတယ္”

အိမ္ျခံေျမသူေဌးၾကီး ေရာ့ဘ္မိုးကို အဂၤလန္ႏိုင္ငံအေရွ႕ပိုင္း ကိန္းဘရစ္ရႈိင္းယားအရပ္ရွိ ပီတာဘိုေရာ့ခ်္အရပ္တြင္ ေမြးဖြားျပီး ပန္းခ်ီပညာဘက္တြင္ အထူးစိတ္ဝင္စားခဲ့ေသာေၾကာင့္ ဟတ္ဒါးစ္ဖီးတကၠသိုလ္တြင္ ဗိသုကာပညာ သင္ယူခဲ့သည္။

၂၀၀၆ ခုႏွစ္တြင္ အိမ္ျခံေျမေလာကကို စတင္စိတ္ဝင္စားလာခဲ့ျပီး အိမ္ျခံေျမမ်ား ဝယ္ယူျခင္း ၊ ျပန္လည္ျပဳျပင္မြမ္းမံေရာင္းခ်ျခင္းမ်ား ျပဳလုပ္ခဲ့သည္။ ယင္းေနာက္ အိမ္ျခံေျမကုမၸဏီတစ္ခုတြင္ ဝင္ေရာက္အလုပ္လုပ္ကိုင္ခဲ့ျပီး ၂၀၀၇ ခုႏွစ္တြင္ Progressive Property ကုမၸဏီကို တည္ေထာင္သည္။

အိမ္ျခံေျမေဆာင္းပါးမ်ား၊ သတင္းမ်ား၊ ဗြီဒီယိုမ်ား၊ သတင္းထုတ္ျပန္ခ်က္မ်ား အစရွိသည့္ အိမ္ျခံေျမက႑ေရးရာမ်ား လုပ္ကိုင္သည့္ ကုမၸဏီျဖစ္ျပီး အိမ္ျခံေျမနယ္ပယ္သို႔ ဝင္ေရာက္အေျခခ်မည့္သူမ်ားကို ပညာေပးရန္ အဓိကရည္ရြယ္သည္။

“လူေတြက ေျပာၾကတယ္…ပိုက္ဆံက လူကိုေပ်ာ္ရႊင္ေအာင္လုပ္မေပးႏိုင္ဘူးလို႔ ေျပာၾကတယ္။ ကၽြန္ေတာ္ကေတာ့ ေပ်ာ္ေအာင္လုပ္ေပးႏိုင္တယ္လို႔ ေျပာခ်င္ပါတယ္။ ဆင္းရဲ၊ ခ်မ္းသာ ဘဝႏွစ္ခုလံုးကို ကၽြန္ေတာ့္ဘဝမွာ ေတြ႔ၾကံဳခဲ့ျပီးပါျပီ။ ဒါေၾကာင့္ ဘယ္အရာက ဘယ္လိုခံစားရတယ္ဆိုတာ ကၽြန္ေတာ္လက္ေတြ႔သိခဲ့ျပီးပါျပီ” ဟု ေရာ့ဘ္မိုးက ဆိုသည္။

“ေအာင္ျမင္မႈရလာတဲ့ အခုခ်ိန္မွာ မိသားစုနဲ႔ လူ႔အသိုက္အဝန္းကို ကူညီခြင့္ရျပီျဖစ္တဲ့အတြက္ ဝမ္းေျမာက္ရပါတယ္။ အိမ္ျခံေျမဟာ သိပ္ေကာင္းတဲ့ လုပ္ငန္းတစ္ခုပါ။ ဘဝကို ျပန္စခြင့္သာရခဲ့မယ္ဆိုရင္ ဒီေလာကကို ကၽြန္ေတာ္ ေစာေစာဝင္ခ်င္ပါတယ္”

မွတ္ခ်က္။ ။ မိတ္ေဆြသည္အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးနိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္နွင့္ လက္တြဲ၍ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္းလုပ္ကိုင္ျပီး ျမန္မာႏိုင္ငံတဝွမ္းလံုးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၀၀၀ ) ေက်ာ္ရွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ လူဦးေရ ( ၁ ) သန္းေက်ာ္ ဝင္ေရာက္အသံုးျပဳေနျပီး ျမန္မာတစ္ႏိုင္ငံလံုးတြင္ နံပါတ္(၁) လူသံုးအမ်ားဆံုး အိမ္ျခံေျမေရာင္း၀ယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ သင္၏ အက်ိဳးေဆာင္လုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) နွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစံုစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

#Unicode#

 

(အောက်ဖော်ပြပါ ဆောင်းပါးမှာ သန်းကြွယ်သူဌေးကြီး ရော့ဘ်မိုး၏ ကိုယ်တိုင်ရေးဆောင်းပါးကို အခြားသတင်းရင်းမြစ်များမှ အချက်အလက်များနှင့် ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။)

အိမ်ခြံမြေ လောက သို့ ကျွန်ုပ် စတင်ဝင်ရောက်ခဲ့ချိန်က ကျွနု်ပ်တွင် အကြွေး ဒေါ်လာ ၅၀၀၀၀ ခန့် တင်နေ၏။အနုပညာ၊ ဗိသုကာ၊ အရက်ဆိုင် အစရှိသည့်လုပ်ငန်းအချို့ လုပ်ကိုင်ခဲ့သော်လည်း တစ်ခုမှ အလုပ်မဖြစ်ခဲ့။တက္ကသိုလ်တက်ခဲ့စဉ်က ကုန်ကျခဲ့သည့်အကြွေးများ များစွာပိလာရာ အလွန်ကျပ်တည်းလှသည့် ကာလများ ဖြစ်ခဲ့သည်။အရက်ဆိုင်တစ်ခုတွင်ပင် အချိန်ပိုင်း ဝင်ရောက်အလုပ်လုပ်ခဲ့ရသည်။

“အနာဂတ်ဟာ ကျွန်တော့်အတွက် လုံးဝအမှောင်ကျနေတယ်။ အချိန်တိုင်း ငွေမရှိလို့ သောကရောက်နေခဲ့ရတယ်” ဟု ရော့ဘ်မိုးက ပြန်လည်ပြောပြသည်။

“ကျွန်တော့်ချစ်သူက အရာအားလုံးကို သူ့ငွေနဲ့ စိုက်ထုတ်နေရတယ်။ ကျွန်တော်လည်း ရှက်လာပြီး ကိုယ့်ကိုယ်ကို တန်ဖိုးမရှိတဲ့သူတစ်ယောက်လို့ ခံစားလာခဲ့ရတယ်”

အရက်ဘားဆိုင်အတွင်းမှ ဝန်ထမ်းတစ်ဦး၏ အိပ်မက်မှာ ပန်းချီပညာရှင်တစ်ဦးအဖြစ် ဘဝကို ဖြတ်သန်းရန် ဖြစ်ခဲ့သည်။သို့ရာတွင် ချမ်းသာကြွယ်ဝသည့် သူဌေးကြီးဖြစ်လာမည့် ရော့ဘ်မိုးကို ပန်းချီဘက်သို့သွားရန် ကံကြမ္မာက တွန်းပို့မပေးခဲ့ချေ။

တစ်နေ့တွင်မူ အနုပညာပြခန်းတစ်ခု၏ ပိုင်ရှင်က အိမ်ခြံမြေပြပွဲတစ်ခုတက်ရန် ဖိတ်ကြားလာသည်။ရော့ဘ်မိုးက “ကျွန်တော့်မှာ ငွေလည်းမရှိဘူး။ ပြီးတော့ အိမ်ခြံမြေနဲ့ ပတ်သက်ပြီးတော့လည်း ဘာမှမသိပါဘူး” ဟု ပြောကာ ငြင်းလိုက်၏။

ပြခန်းပိုင်ရှင်က ပြောသည်မှာ အောင်မြင်နေသူတိုင်းသည် တစ်ချိန်က ရုန်းကန်ခဲ့ကြရကြောင်း၊ ချမ်းသာကြွယ်ဝသူများစာရင်းတွင် ပါဝင်သူများအနက် အများစုမှာ အိမ်ခြံမြေလောကမှ ဖြစ်ကြကြောင်း ပြောပြခဲ့သည်။

ထိုအကြံဉာဏ်မှာ ရော့ဘ်မိုး၏ ဘဝအတွက် အလွန်အရေးပါခဲ့ပြီး ယင်းပြပွဲတွင် နောင်အခါ စီးပွားဖက်ဖြစ်လာမည့် မာ့ခ် ဟိုးမားနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။မာ့ခ်ဟိုးမားတွင် အတွေ့အကြုံနှင့် ငွေရှိပြီး ရော့ဘ်မိုးတွင် အချိန်၊ ပြင်းပြသည့်စိတ်၊ အပြင်းအထန်ကြိုးစားလိုစိတ်၊ လေ့လာလိုစိတ် တို့ရှိ၏။

၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလတွင် Progressive Property အိမ်ခြံမြေပညာပေးကုမ္ပဏီကို အိပ်ခန်း ၂ ခန်းပါ အခန်းကျဉ်းလေးတစ်ခုတွင် စတင်ခဲ့၏။ ထမင်းစားခန်းမှ စားပွဲသည် ရုံးခန်းစားပွဲဖြစ်ခဲ့၏။ပထမနှစ်အတွင်း မာ့ခ်ဟိုးမား၏ ငွေရင်းဖြင့် အိမ်ခြံမြေ ၂၀ ခန့် ဝယ်ယူခဲ့ကြသည်။ အဆိုပါငွေများ ကုန်သွားချိန်တွင် မာ့ခ်ဟိုးမား၏ မိခင်ထံမှငွေ ၊ ယင်းနောက် သူ၏ပထွေး၊ ထို့နောက် ရော့ဘ်မိုး၏ ဦးလေး၊ မိခင်တို့၏ ငွေများဖြင့် လုပ်ငန်းဆက်ခဲ့ကြ၏။

ဟိုးမားနှင့် ရော့ဘ်မိုးတို့သည် လုပ်ငန်းကို ၅၀/၅၀ အချိုးစီပိုင်ဆိုင်ထားကြပြီး ရရှိလာသည့်အမြတ်အစွန်းများကို ရာခိုင်နှုန်းအလိုက် ပြန်လည်ခွဲဝေပေးခဲ့သည်။ယင်းနောက်တဖန် ရရှိလာသည့်အမြတ်အစွန်းများဖြင့် ပြန်လည်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပြန်၏။လုပ်ငန်းအကြောင်း အတန်ငယ်လေ့လာအပြီးတွင် အိမ်ခြံမြေများ စတင်ဝယ်ယူမှုပြုလုပ်ခဲ့သည်။ ထိုစဉ်ကမူ ဗြိတိန်၏ အကြီးမားဆုံးသော အိမ်ခြံမြေပညာပေးကုမ္ပဏီအဖြစ် ရပ်တည်ရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်။ အိမ်ခြံမြေများ ဝယ်ယူကာ ပြန်လည်အငှားချပြီး ဝင်ငွေရှာရန်သာ စတင်ခဲ့ခြင်း ဖြစ်သည်။

“ပထမနှစ်မှာ ကျွန်တော်တို့ အိမ်ခြံမြေ ၂၀ ဝယ်ခဲ့တယ်၊ ဒုတိယနှစ်မှာ ၃၀ ဝယ်ခဲ့ပါတယ်။ မာ့ခ်ရဲ့ ငွေ၊ မိတ်ဆွေတွေ..မိသားစုဝင်တွေရဲ့ ငွေတွေနဲ့ ဝယ်ယူခဲ့တာပါ။ ကျွန်တော့်ငွေနဲ့ ဝယ်ခဲ့တာ တစ်ခုမှ မရှိပါဘူး။ အကျိုးအမြတ်ကို မာ့ခ်နဲ့ ကျွန်တော် ၅၀၊ ၅၀ ခွဲယူပါတယ်။ တခါတလေမှာ တတိယတစ်ယောက်နဲ့ ထပ်ခွဲပါတယ်။ ဒီလိုနည်းနဲ့ ကျွန်တော်တို့ ကြီးပွားလာခဲ့ကြတယ်”လက်ရှိတွင်ကား ၎င်းတို့ တစ်ဦးချင်း၊ ပူးတွဲပိုင်ဆိုင် ကွပ်ကဲစီမံသည့် အိမ်ခြံမြေပေါင်း ၇၀၀ ကျော်ရှိနေပြီ ဖြစ်သည်။

ရော့ဘ်မိုးသည် အသက် ၃၁ နှစ်ပြည့် မွေးနေ့မတိုင်မီတွင် သန်းကြွယ်သူဌေးတစ်ဦး ဖြစ်လာခဲ့၏။ရော့ဘ်နှင့် မာ့ခ်တို့သည် အိမ်ခြံမြေဆိုင်ရာ စာအုပ်များ ပူးတွဲရေးသားခြင်း၊ ဟောပြောပွဲများပြုလုပ်ခြင်းအားဖြင့်လည်း ဝင်ငွေများစွာ ရရှိခဲ့ပြီး အရောင်းရဆုံးစာအုပ်များအဖြစ် စံချိန်တင်ခဲ့သည်များလည်း ရှိသည်။သူသည် ချမ်းသာကြွယ်ဝသည့် မိဘများထံ မွေးဖွားခဲ့သူမဟုတ်၊ စီးပွားရေးလုပ်ရန်အတွက် ဒေါ်လာသန်းချီ အမွေမရခဲ့။ သို့ရာတွင် ချမ်းသာကြွယ်ဝမှုဆီသို့ ချီတက်ရမည့်နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်ပါက အများစုမှာ အောင်မြင်မှုဆီသို့ ဆိုက်ရောက်နိုင်ကြသည်သာဖြစ်ကြောင်း ရော့ဘ်မိုးက ယုံကြည်သည်။

၎င်းတို့ ၂ ဦး၏ ကုမ္ပဏီမှာ လက်ရှိတွင် အိမ်ခြံမြေပေါင်း ၇၀၀ ခန့်ကို ပိုင်ဆိုင်၊ လည်ပတ်လုပ်ကိုင်လျက်ရှိပြီး ဝန်ထမ်းပေါင်း ၇၀ ခန့် ရှိသည်။အောင်မြင်မှုအားလုံးတွင် စိန်ခေါ်မှုရှိသည်။ နှင်းဆီပန်းအားလုံးတွင် ဆူးများရှိကြသည်ဟု ရော့ဘ်မိုးက ဆိုသည်။အသက် ၃၀ အရွယ်ဖြင့် သန်းကြွယ်သူဌေးဖြစ်အောင် ကြိုးစားခဲ့ရသည့် ရော့ဘ်မိုးက သူကြုံတွေ့ခဲ့ရသည့် တန်ဖိုးရှိသော ဘဝသင်ခန်းစာများကို ပြန်လည်မျှဝေပေးခဲ့ရာ အောက်ပါအတိုင်းဖြစ်သည်။

(၁) အလုပ်စတင်လုပ်ကိုင်ရန် ငွေမလို။ စိတ်အားထက်သန်မှု၊ ပြင်းပြသည့်စိတ်ဓာတ်၊ လေ့လာလိုစိတ်၊ သင်နှင့် လက်တွဲကာ ငွေရင်းစိုက်ထုတ်ပေးမည့်သူ၊ အကျိုးအမြတ်ကို မျှတစွာခွဲဝေယူမည့်သူမျိုးသာ လိုအပ်သည်။

(၂) လုပ်ငန်းစတင်ရန် နောက်ကျသည်ဟု မည်သည့်အခါမျှမရှိ။ သို့ရာတွင် စောင့်နေခြင်းကြောင့်သာ အမြဲနောက်ကျရသည်။ ယခုပင် လေ့လာခြင်း၊ စတင်ရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်ပါ။ နောင်အခါတွင် ပြီးပြည့်စုံမှုများ ရလာပါလိမ့်မည်။

(၃) အိမ်ခြံမြေတန်ဖိုးများသည် ၁၀ နှစ် ကြာမြင့်သွားတိုင်း ဈေး ၂ ဆ တက်လေ့ရှိသည်။ ၁၉၅၂ ခုနှစ်တုန်းက အိမ်ခြံမြေတို့၏ ပျှမ်းမျှတန်ဖိုးမှာ ပေါင် ၂၀၀၀ ပင် မရှိပါ။ ယနေ့ကာလတွင်ကား အိမ်ခြံမြေဈေးကွက်မကောင်းသည့်တိုင် ပေါင် ၂၀၀၀၀၀ ကျော် ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် အိမ်ခြံမြေ ဝယ်ယူရန် စောင့်ဆိုင်းမနေပါနှင့်။ ဝယ်ယူပြီးမှ စောင့်ဆိုင်းပါ။

(၄) ရှင်းလင်းသည့် ဘဏ္ဍာရေး plan တစ်ခုအပြင် ရေတိုငွေဝင်စေမည့်နည်းလမ်းများ ရှိပါစေ။ရလာသည့် ဝင်ငွေ၏ ရာခိုင်နှုန်းမည်မျှကို နေထိုင်မှုစရိတ်အတွက်သုံးမည်၊ မည်မျှကို စုမည်၊ မည်သည့်ငွေကို လုံးဝမထိ၊ မည်မျှကို ရင်းနှီးမြှုပ်နှံမည်၊ မည်မျှကို ပျော်ရွှင်မှုအတွက်သုံးမည် အစရှိသဖြင့် သတ်မှတ်ပိုင်းခြားပါ။ သတ်မှတ်ပြီးသော စည်းမျဉ်းကို မည်သည့်အတွက်မျှ မချိုးဖောက်ပါနှင့်။ အကယ်၍ ဝင်ငွေပိုရလာပါက အသုံးစရိတ်ရာခိုင်နှုန်းကို လျှော့ချပြီး အခြားကဏ္ဍများကို ရာခိုင်နှုန်းတိုးပေးပါ။ ကျွနု်ပ်မူလက အသုံးစရိတ်မှာ ဝင်ငွေ၏ ၁၂၀ ရာခိုင်နှုန်းရှိခဲ့ရာမှ လုပ်ငန်းစတင်လုပ်ကိုင်ချိန်တွင် ၃၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပါသည်။

(၅) မိမိကိုယ်မိမိ ဝမ်းစာဖြည့်မှုများ စဉ်ဆက်မပြတ်ပြုလုပ်ပါ။ အောင်မြင်ရေးဆိုင်ရာ ဗွီဒီယိုဖိုင်များ အင်တာနက်မှ download ရယူကာ နားထောင်ပါ။ စာအုပ်များဖတ်ပါ။ အသံထွက်စာအုပ်များ နားထောင်ပါ။ သင်လျှောက်လှမ်းနေသည့်လမ်းတွင် အောင်မြင်မှုရရှိပြီးဖြစ်သူတို့ထံမှ အကြံဉာဏ်များရအောင်ကြိုးစားပါ။ ဟောပြောပွဲများ၊ သင်တန်းများတက်ပါ။ လေ့လာမှုများလေလေ၊ အောင်မြင်ရန်အခွင့်အလမ်း ပိုမိုများပြားလေလေဖြစ်ပါသည်။

(၆) သင့်တွင် ကြွေးမြီများကင်းရှင်းပြီး ဝင်ငွေအတန်အသင့်ကောင်းလာပြီဆိုပါက အခြားသူများကို မည်သို့အကူအညီပေးရမည်နည်း ဟူသည့်အပေါ်တွင် အာရုံစိုက်ပါ။ ၎င်းတို့အတွက် အထောက်အကူဖြစ်စေမည့် ထုတ်ကုန်များထုတ်ပါ။ ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းပေးပါ။ ဆန်းသစ်တီထွင်နိုင်ရန် ဆက်လက်ကြိုးစားပါ။

(၇) အပေါင်းအသင်းရွေးချယ်မှု မှန်ကန်ရန် အရေးကြီးပါသည်။ သင်၏ကြွယ်ဝမှုကို အဆုံးအဖြတ်ပေးမည်မှာ သင်၏ အပေါင်းအသင်း၊ အသိအကျွမ်း၊ မိတ်ဆွေများပင်ဖြစ်သည်။ (Your network is your net-worth)သင့်အားစိတ်ဓာတ်ခွန်အားပေးမည့်သူ၊ အမြင့်သို့တင်ပေးမည့်သူများကိုသာ ပေါင်းသင်းပါ။ ဆွဲချမည့်သူမျိုးကို ကျောခိုင်းလမ်းခွဲပါ။ သင်အချိန်အပေးဆုံး မိတ်ဆွေ ၅ ဦးက သင်မည်မျှချမ်းသာမည်ကို အဆုံးအဖြတ်ပေးနိုင်ပါသည်။

အိမ်ခြံမြေလုပ်ငန်းကို စတင်လုပ်ကိုင်ချိန်တွင် စီးပွားရေးအကြောင်း လုံးဝသိရှိခြင်းမရှိရာ လုပ်နိုင်လိမ့်မည်မဟုတ်ဟုပင် ထင်ခဲ့ပါသည်။ငွေ၏တန်ဖိုးကို မသိခဲ့ပါ။ “ငါ..စီးပွားရေးသိပ်ဆန်နေလား။ လူတွေအပေါ် နိုင့်ထက်စီးနင်းဖြစ်နေသလား၊ လူတွေက ဒါကိုကြိုက်မှာ မဟုတ်ဘူး” ဟု အမြဲတွေးခဲ့သည်။စင်စစ်ကား အောင်မြင်မှုသို့သွားရာတွင် ထိုသို့သောအတွေးမျိုးမှာ မှားယွင်းပါသည်။သင့်အနေဖြင့် ကျွန်ုပ်၏ အမှားမျိုးမလုပ်မိစေရန် သင်ခန်းစာယူရမည် ဖြစ်၏။

ရော့ဘ်မိုးသည် အိမ်ခြံမြေလုပ်ငန်းရှင်၊ စွန့်ဦးတီထွင်သူ၊ အရောင်းရဆုံးစာရေးဆရာတစ်ဦးဖြစ်၏။

ဗြိတိန်၏ အကြီးမားဆုံး အိမ်ခြံမြေပညာပေးကုမ္ပဏီဖြစ်သော Progressive Property ကို မာ့ခ်ဟိုးမားနှင့်အတူ ၂၀၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ အိမ်ခြံမြေလုပ်ငန်းဖြင့် ကြီးပွားအောင်မြင်ရေးဆိုင်ရာ စာအုပ်ပေါင်းများစွာ ရေးသားခဲ့ပြီး Money: Know More, Make More, Give More စာအုပ်နှင့် Life Leverage စာအုပ်များမှာ အရောင်းရဆုံးစာအုပ်များဖြစ်ခဲ့သည်။

စွန့်ဦးတီထွင်လုပ်ငန်းရှင်ပေါင်း ၁၀၀၀၀၀ ကျော် မွေးထုတ်ခဲ့၊ အကူအညီပေးခဲ့ရာ “အိမ်ခြံမြေသန်းကြွယ်သူဌေးမွေးထုတ်သူ” ဟုလည်း နာမည်ကျော်သည်။ သူ၏ ဆောင်ပုဒ်မှာ “တစ်ခုမှ မစွန့်စားလျှင် အရာရာကို စွန့်စားရမည်” ဟု ဖြစ်သည်။

(အောင်မြင်မှုဇာတ်လမ်းများ VS. ညစ်ပတ်သည့်ဇာတ်လမ်းများ)

(ရော့ဘ်မိုး၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားချက်တစ်ခုမှ ကောက်နှုတ်ထားခြင်းဖြစ်ပါသည်။) ကျွနု်ပ်ကို လူ ၂ ဦးက ပြောဖူးပါသည်။ အောင်မြင်သွားသူများ၏ အဖြစ်အပျက်များ အလွန်များပြားစွာ ဖတ်နေရခြင်းသည် စိတ်ဓာတ်တက်ကြွမှုကို ကျဆင်းစေသည်ဟု ဖြစ်၏။ ထိုစကားကြားရချိန်တွင် ကျွနု်ပ်လည်း များစွာအံ့အားသင့်ခဲ့သည်။ ကျွနု်ပ်၏ ဘဝတစ်လျှောက်တွင် မိမိကိုယ်မိမိ အခြားသူများနှင့် နှိုင်းယှဉ်နေကြသူများကို များစွာတွေ့ခဲ့ရပါသည်။ ထိုအချိန်တိုင်းတွင် ကျွနု်ပ်အမြဲပြောခဲ့သည်မှာ “မိမိကိုယ်ကိုသာ ယှဉ်ပြိုင်ပါ။ အခြားသူတို့ကို စိတ်ဓာတ်ခွန်အားရရန်အတွက်ပဲ အာရုံထားပါ” ဟု ပြောခဲ့ပါ၏။

ထို့အပြင်

၁။ မိမိကိုယ်မိမိ အပြစ်မဖို့ရန် ၂။ အောင်မြင်သူများနှင့် နှိုင်းယှဉ်ကာ စိတ်မပျက်ပါနှင့် ၃။ သင့်ကိုယ်သင် မေးခွန်းများစထုတ်ပါ

ကျွနု်ပ်၏ ဘဝအတွေ့အကြုံအရ အောက်တွင် ဖော်ပြထားသည့် အချက်အလက်များမှာ သင်တို့ ရည်မှန်းထားသည့် ဘဝပန်းတိုင်အသီးသီးသို့ ချီတက်ရာတွင် အထောက်အကူပေးမည့်အချက်များ ဖြစ်ပါသည်။

၁။ အခြားသူများက ၎င်းတို့၏ အောင်မြင်မှုများကို မျှဝေရာတွင် အချက်အလက်များစွာ ရောပြွမ်းနေနိုင်သည်။

(အောင်မြင်မှုအစစ်အမှန်များ၊ အတ္တထောင်ချောက်တွင်မိနေသည့် ကြွားလုံးများ၊ ဘဝဇာတ်ကြောင်း အပြည့်အစုံမဟုတ်ခြင်း၊ အမှန်တကယ် အကူအညီပေးလိုသူများ၊ အောင်မြင်မှုကိုသာ ချပြပြီး အရှက်ရစေမည့်ကြမ်းတမ်းသည့်ဖြတ်ကျော်မှုများ မပါဝင်ခြင်း၊ အောင်မြင်မှုဇာတ်လမ်းများ များစွာချပြပြီး အာရုံစိုက်ခံလိုခြင်း…အစရှိသည်များ ရောယှက်နေနိုင်သည်။)

၂။ အခြားသူ ဘာလုပ်နေလဲဆိုသည်မှာ အာရုံစိုက်ရမည့်အချက်မဟုတ်ပါ။ စိတ်ဓာတ်ခွန်အားရရန်နှင့် လေ့လာရန်အတွက်သာ အသုံးချပါ။

၃။ ဇာတ်လမ်းအပြည့်အစုံကို မည်သည့်အခါမှ ၎င်းတို့က ပေးလိမ့်မည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုလျှင် မည်သူမျှ မလုပ်နိုင်သည့်အချက်ဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။ အချက်အလက်အမှန်၊ အပြည့်အစုံသိလိုပါက အောင်မြင်မှုရရှိနေသူများနှင့် တိုက်ရိုက်ဆက်သွယ်ကာ မေးမြန်းသင်ယူလေ့လာပါ။

၄။ အောင်မြင်မှုတိုင်းတွင် စိန်ခေါ်မှုများ ရှိပါသည်။ နှင်းဆီပန်းအားလုံးတွင် ဆူးများရှိကြသည်။

“ကျွန်တော့်ရဲ့ ဘဝလမ်းကြောင်းကတော့ လုံးဝပြောင်းလဲသွားတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ အရင်လူ တစ်ယောက်တည်းပဲလို့ ခံစားရတယ်။ အခုထိ ပန်းချီကို ရူးသွပ်မြတ်နိုးနေတုန်းပဲ။ ဒါပေမယ့် အိမ်ခြံမြေနဲ့ စီးပွားရေးဘက်မှာ ကျွန်တော့်ရဲ့ အသိပညာက ပိုမိုများပြားသွားတယ်”

အိမ်ခြံမြေသူဌေးကြီး ရော့ဘ်မိုးကို အင်္ဂလန်နိုင်ငံအရှေ့ပိုင်း ကိန်းဘရစ်ရှိုင်းယားအရပ်ရှိ ပီတာဘိုရော့ချ်အရပ်တွင် မွေးဖွားပြီး ပန်းချီပညာဘက်တွင် အထူးစိတ်ဝင်စားခဲ့သောကြောင့် ဟတ်ဒါးစ်ဖီးတက္ကသိုလ်တွင် ဗိသုကာပညာ သင်ယူခဲ့သည်။

၂၀၀၆ ခုနှစ်တွင် အိမ်ခြံမြေလောကကို စတင်စိတ်ဝင်စားလာခဲ့ပြီး အိမ်ခြံမြေများ ဝယ်ယူခြင်း ၊ ပြန်လည်ပြုပြင်မွမ်းမံရောင်းချခြင်းများ ပြုလုပ်ခဲ့သည်။ ယင်းနောက် အိမ်ခြံမြေကုမ္ပဏီတစ်ခုတွင် ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် Progressive Property ကုမ္ပဏီကို တည်ထောင်သည်။

အိမ်ခြံမြေဆောင်းပါးများ၊ သတင်းများ၊ ဗွီဒီယိုများ၊ သတင်းထုတ်ပြန်ချက်များ အစရှိသည့် အိမ်ခြံမြေကဏ္ဍရေးရာများ လုပ်ကိုင်သည့် ကုမ္ပဏီဖြစ်ပြီး အိမ်ခြံမြေနယ်ပယ်သို့ ဝင်ရောက်အခြေချမည့်သူများကို ပညာပေးရန် အဓိကရည်ရွယ်သည်။

“လူတွေက ပြောကြတယ်…ပိုက်ဆံက လူကိုပျော်ရွှင်အောင်လုပ်မပေးနိုင်ဘူးလို့ ပြောကြတယ်။ ကျွန်တော်ကတော့ ပျော်အောင်လုပ်ပေးနိုင်တယ်လို့ ပြောချင်ပါတယ်။ ဆင်းရဲ၊ ချမ်းသာ ဘဝနှစ်ခုလုံးကို ကျွန်တော့်ဘဝမှာ တွေ့ကြုံခဲ့ပြီးပါပြီ။ ဒါကြောင့် ဘယ်အရာက ဘယ်လိုခံစားရတယ်ဆိုတာ ကျွန်တော်လက်တွေ့သိခဲ့ပြီးပါပြီ” ဟု ရော့ဘ်မိုးက ဆိုသည်။

“အောင်မြင်မှုရလာတဲ့ အခုချိန်မှာ မိသားစုနဲ့ လူ့အသိုက်အဝန်းကို ကူညီခွင့်ရပြီဖြစ်တဲ့အတွက် ဝမ်းမြောက်ရပါတယ်။ အိမ်ခြံမြေဟာ သိပ်ကောင်းတဲ့ လုပ်ငန်းတစ်ခုပါ။ ဘဝကို ပြန်စခွင့်သာရခဲ့မယ်ဆိုရင် ဒီလောကကို ကျွန်တော် စောစောဝင်ချင်ပါတယ်”

မှတ်ချက်။ ။ မိတ်ဆွေသည်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၀၀၀ ) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် လူဦးရေ ( ၁ ) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ သင်၏ အကျိုးဆောင်လုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

အရက္ဆိုင္ဝန္ထမ္း ဘဝမွ သန္းေပါင္းမ်ားစြာခ်မ္းသာလာသည့္ အိမ္ျခံေျမသူေဌးၾကီး (ေအာင္ျမင္မႈသို႔ ေဆာင္ၾကဥ္းေပးမည့္ နည္းလမ္းမ်ား ပါဝင္သည္) - Property Knowledge in Myanmar from iMyanmarHouse.com
အရက္ဆိုင္ဝန္ထမ္း ဘဝမွ သန္းေပါင္းမ်ားစြာခ်မ္းသာလာသည့္ အိမ္ျခံေျမသူေဌးၾကီး (ေအာင္ျမင္မႈသို႔ ေဆာင္ၾကဥ္းေပးမည့္ နည္းလမ္းမ်ား ပါဝင္သည္) - Property Knowledge in Myanmar from iMyanmarHouse.com
အရက္ဆိုင္ဝန္ထမ္း ဘဝမွ သန္းေပါင္းမ်ားစြာခ်မ္းသာလာသည့္ အိမ္ျခံေျမသူေဌးၾကီး (ေအာင္ျမင္မႈသို႔ ေဆာင္ၾကဥ္းေပးမည့္ နည္းလမ္းမ်ား ပါဝင္သည္) - Property Knowledge in Myanmar from iMyanmarHouse.com
အရက္ဆိုင္ဝန္ထမ္း ဘဝမွ သန္းေပါင္းမ်ားစြာခ်မ္းသာလာသည့္ အိမ္ျခံေျမသူေဌးၾကီး (ေအာင္ျမင္မႈသို႔ ေဆာင္ၾကဥ္းေပးမည့္ နည္းလမ္းမ်ား ပါဝင္သည္) - Property Knowledge in Myanmar from iMyanmarHouse.com
အရက္ဆိုင္ဝန္ထမ္း ဘဝမွ သန္းေပါင္းမ်ားစြာခ်မ္းသာလာသည့္ အိမ္ျခံေျမသူေဌးၾကီး (ေအာင္ျမင္မႈသို႔ ေဆာင္ၾကဥ္းေပးမည့္ နည္းလမ္းမ်ား ပါဝင္သည္) - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ခေါင်းကိုက်စရာ မိုးရာသီတွင်းပြဿနာ အဝတ်တွေအမြန်ခြောက်ဖို့ရာ
ခေါင်းကိုက်စရာ မိုးရာသီတွင်းပြဿနာ အဝတ်တွေအမြန်ခြောက်ဖို့ရာ
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...
တရားမမှုစတင် တရားစွဲဆိုသည့်အခါ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရားမမှုစတင် တရားစွဲဆိုသည့်အခါ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နှစ်ရဲ့ နှစ်ဝက်စာအချိန်တွေမှာ ရေအတိဖုံးလွှမ်းလျက် တွေ့မြင်ရတဲ့ ဩစတေးယျနိုင်ငံမှ ထူးဆန်းရေအိုင်ငယ်...
တစ်နှစ်ရဲ့ နှစ်ဝက်စာအချိန်တွေမှာ ရေအတိဖုံးလွှမ်းလျက် တွေ့မြင်ရတဲ့ ဩစတေးယျနိုင်ငံမှ ထူးဆန်းရေအိုင်ငယ်...
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
(၃)ထပ်နှင့်အောက် အဆောက်အအုံများဆောက်လုပ်ခွင့်ပါမစ်တင်ပါက သိရှိလိုက်နာရမည့် အချက်များ
(၃)ထပ်နှင့်အောက် အဆောက်အအုံများဆောက်လုပ်ခွင့်ပါမစ်တင်ပါက သိရှိလိုက်နာရမည့် အချက်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

yatanar-mall
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service