ဗီယက်နမ်တွင် အများပြည်သူများအတွက် ပန်းဥယျာဉ်ကြီးတစ်ခုကို ဗီယက်နမ်ငွေ ၄၄၄ ဘီလီယံသုံးစွဲကာ ဆောက်လုပ်လျက်ရှိရာ ယခုအခါ ဒုတိယဆင့်သို့ ရောက်ရှိ

ဗီယက်နမ်တွင် အများပြည်သူများအတွက် ပန်းဥယျာဉ်ကြီးတစ်ခုကို ဗီယက်နမ်ငွေ ၄၄၄ ဘီလီယံသုံးစွဲကာ ဆောက်လုပ်လျက်ရှိရာ ယခုအခါ ဒုတိယဆင့်သို့ ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
2 Aug 2018 11:56 am တွင် တင်ခဲ့သည်
1884 ကြိမ် ကြည့်ရှု့ပြီး
ဗီယက်နမ်တောင်ပိုင်းရှိ Vung Tau ပြည်နယ်၊ ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော Ba Ria တွင် ဗီယက်နမ်ငွေ ၄၄၄ ဘီလီယံအထိ သုံးစွဲကာ ဆောက်လုပ်လျက်ရှိသော အများပြည်သူပန်းဥယျာဉ်ကြီးဖြစ်သည့် Ba Ria Park ၏ အဆင့် ၂ ဆောက်လုပ်ရေး ဒီဇိုင်းပုံစံကို ဒေသတွင်း ပြည်သူ့ကော်မတီက အတည်ပြုလိုက်ကြောင်း ဟိုချီမင်းမြို့တော်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဒုတိယဆင့် ဆောက်လုပ်ရန်အတွက် စုစုပေါင်းကုန်ကျစရိတ်မှာ ဗီယက်နမ် ဒေါင်ငွေ ၂၂၅ ဘီလီယံခန့်ရှိမည်ဖြစ်ပြီး ပထမအဆင့်တွင် ဒေါင်ငွေ ၂၁၈ ဘီလီယံခန့် ကုန်ကျခဲ့သည်ဟု ဆိုသည်။

စီမံကိန်းကို စတင်အတည်ပြုခဲ့သည်မှာ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင်ဖြစ်ပြီး Ba Ria အုပ်ချုပ်ရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ပန်းဥယျာဉ်ကို စီမံကိန်းအဆင့် ၂ ရပ်ခွဲကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မြေအကျယ်အဝန်း ၄၄ ဒသမ ၆ ဟက်တာပေါ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ပန်းခြံအတွင်းတွင် စတုရန်းဟက်တာ ၇ ဒသမ ၂ အကျယ်အဝန်းတွင် ရင်ပြင်၊ စတိတ်စင်၊ ကားရပ်နားရန်နေရာ၊ မြက်ခင်းပြင်တို့ ပါဝင်ပြီး ၂၈ ဒသမ ၆၉ ဟက်တာကျယ်ဝန်းသော သစ်တောဥယျာဉ်တွင် မြက်ခင်းဧရိယာ၊ ရေကန်၊ တောင်ကုန်းတု၊ ကွပ်ကဲမှုနေရာ၊ ကားရပ်နားရန်နေရာစသည်တို့အပြင် လမ်းများနှင့် နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံ အစရှိသည်တို့ ပါဝင်သည်။

ဆောက်လုပ်ရေးစီမံကိန်းပြီးစီးပါက ပန်းဥယျာဉ်အတွင်းရှိ ရင်ပြင်မှာ လူပေါင်း ၂၀၀၀၀ ခန့်ဝင်ဆန့်မည်ဖြစ်ပြီး စတုရန်းမီတာ ၁၃၆၇ ရှိ နှစ်ထပ်အဆောက်အအုံမှာလည်း ကွန်ဖရင့်ခန်းမများ၊ အသံနှင့်အလင်းပေးစနစ်ပါ ခန်းမများ၊ သိုလှောင်ခန်းများ၊ ဗဟို lounge area နှင့် lobby ခန်းတို့ ပါဝင်မည် ဖြစ်သည်။

စီမံကိန်းဒုတိယဆင့်တွင် ကွပ်ကဲမှုနေရာ၊ တဲ ၆ လုံး၊ ကမ်းခြေများ၊ ပန်းခြံဝင်ပေါက် ၅ ခု၊ အစောင့်ဂိတ်၊ခြံစည်းရိုး၊ အိမ်သာ ၄ ခု၊ လမ်းမများ၊ ပန်းစိုက်ပျိုးရာ ဘောင်နေရာများ၊ ပန်းမျှော်စင်၊ ရေတံခွန် ၆ ခု၊ စိမ်းလန်းသော သစ်ပင်များ၊ အလင်းစနစ်၊ ရေထောက်ပံ့မှုတို့ ပါဝင်မည် ဖြစ်သည်။

Ba Ria မြို့တွင် ပန်းခြံငယ်နှင့် အလတ်စားများ များစွာရှိပြီးဖြစ်သည်။ သို့ရာတွင် ယခုဆောက်လုပ်လျက်ရှိသည့် Ba Ria Park ကိုမူ ပြည်သူများ အပန်းဖြေရန်၊ အားကစားလုပ်ရန် လိုအပ်ချက်များကို ပိုမိုဖြည့်တင်းပေးနိုင်ရန်အပြင် Ba Ria နှင့် ဟိုချီမင်းမြို့တော်ဆိုင်ရာ ပွဲလမ်းကြီးများ ကျင်းပနိုင်မည့် ရင်ပြင်ကြီးဆောက်လုပ်ရန်လည်း ရည်ရွယ်ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဗီယက်နမ်တွင် အများပြည်သူများအတွက် ပန်းဥယျာဉ်ကြီးတစ်ခုကို ဗီယက်နမ်ငွေ ၄၄၄ ဘီလီယံသုံးစွဲကာ ဆောက်လုပ်လျက်ရှိရာ ယခုအခါ ဒုတိယဆင့်သို့ ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဗီယက်နမ်တွင် အများပြည်သူများအတွက် ပန်းဥယျာဉ်ကြီးတစ်ခုကို ဗီယက်နမ်ငွေ ၄၄၄ ဘီလီယံသုံးစွဲကာ ဆောက်လုပ်လျက်ရှိရာ ယခုအခါ ဒုတိယဆင့်သို့ ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဗီယက်နမ်တွင် အများပြည်သူများအတွက် ပန်းဥယျာဉ်ကြီးတစ်ခုကို ဗီယက်နမ်ငွေ ၄၄၄ ဘီလီယံသုံးစွဲကာ ဆောက်လုပ်လျက်ရှိရာ ယခုအခါ ဒုတိယဆင့်သို့ ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လာခဲ့ပြီး Elon Musk ထက်ပင် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားသည့် ဖြစ်ပုံ...

အမေရိကန်ပြည်တွင် စမတ်ဖုန်းနှင့် ဝိုင်ဖိုုင်အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော မြို့ငယ်လေးအကြောင်း...

စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း...

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဝေဖန်မှု မြင့်တက်လျက်ရှိ၊ သို့သော် လျှောက်ထားသူ ၁၉၀၀ ကျော်ရှိနေ...

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

သြစတေးလျမှ Virgin လေကြောင်းလိုင်း၏ စီအီးအိုဖြစ် ဆောင်ရွက်ခဲ့သော အမျိုးသမီးက ဒေါ်လာ ၁၇ သန်းဖြင့် ဝယ်ယူထားသည်မှာ လပိုင်းသာရှိသေးသည့် စံအိမ်ကြီးကို ဖြိုချရန် စီစဉ်...

စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

The Rich Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service