အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီကြီးတစ်ခု၏ သူဌေးက သူ၏ ဝန်ထမ်းကို …
“လာမယ့်စနေနေ့ အလုပ်လာနိုင်မလား။ မင်းရဲ့ ပိတ်ရက်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် လိုအပ်နေလို့” ဟု မေး၏။
ဝန်ထမ်းက…
“ဟုတ်ကဲ့ဘော့။ ကိစ္စမရှိပါဘူး။ ရုံးပိတ်ရက်တွေမှာ ကားတွေစီးရတာ အဆင်မပြေတော့ ရုံးကိုရောက်တာတော့ နောက်ကျနိုင်ပါတယ်” ဟု ပြန်လည်ဖြေကြား၏။
ထိုအခါ သူဌေးက “အိုကေ၊ ဒါဆို မင်း ဘယ်အချိန်လောက် ရောက်မယ်ထင်လဲ” ဟု မေးရာ ဝန်ထမ်းပြန်လည်ဖြေကြားလိုက်ပုံကား..
“တနင်္လာနေ့လောက်တော့ ရောက်မယ်ထင်တယ် ဘော့စ်” ဟူသတည်း။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)