စုပေါင်းပိုင်အဆောက်အအုံ မှတ်ပုံတင်မည်ဆိုလျှင် သိထားသင့်သော အချက်များ

စုပေါင်းပိုင်အဆောက်အအုံ မှတ်ပုံတင်မည်ဆိုလျှင် သိထားသင့်သော အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
31 May 2018 10:50 am တွင် တင်ခဲ့သည်
2852 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

တည်ထောင်သူသည် စုပေါင်းပိုင်အဆောက်အအုံ ဆောက်လုပ်ပြီးစီး ၍တည်ဆဲဥပဒေနှင့်အညီ နေထိုင်ခွင့်ရရှိပါက စုပေါင်းပိုင်အဆောက်အအုံတည်ထောင်သည့် စာချုပ်စာတမ်းနှင့် စာတမ်းအမှတ်အသားများကို မှတ်ပုံတင် အရာရှိထံတွင် မှတ်ပုံတင်ရမည်ဖြစ်သည်။

မှတ်ပုံတင်အရာရှိသည် စုပေါင်းပိုင်အဆောက်အအုံတည်ထောင်သည့် စာချုပ်စာတမ်း နှင့် စာတမ်း အမှတ်အသားများကိုလည်းကောင်း၊စုပေါင်းပိုင်အဆောက်အအုံရှိ အိမ်ခန်းများကိုလည်းကောင်း၊သတ်မှတ်ချက်များနှင့် အညီမှတ်ပုံတင်၍ အိမ်ခန်းအလိုက် အိမ်ခန်းမှတ်ပုံတင်လက်မှတ်များကို တည်ထောင်သူအား ထုတ်ပေးပြီး အိမ်ခန်းမှတ်ပုံတင် လက်မှတ်မိတ္တူ ကို ထိန်းသိမ်းထားရမည်။

တည်ထောင်သူသည် ယင်းအိမ်ခန်းများကို ပုဒ်မ ၂ဝ အရလွှဲပြောင်းသည့်အခါ အိမ်ခန်းလက်ခံရရှိသူသို့ သက်ဆိုင်ရာအိမ်ခန်းမှတ်ပုံတင် လက်မှတ်အား လွှဲပြောင်းပေးရမည်။

မှတ်ပုံတင်ထားသော အိမ်ခန်းများကို အောက်ပါ နည်းလမ်းတစ်ရပ်ရပ်ဖြင့်ဆောင်ရွက်သည့်အခါ လွှဲပြောင်းပေးသူနှင့် လွှဲပြောင်း သည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်းသက်ဆိုင်ရာ မှတ်ပုံတင်အရာရှိထံတွင်လွှဲပြောင်းသည့်စာချုပ်စာတမ်းကို သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ရမည်-

(က)ပေးကမ်း၊စွန့်လွှတ်ခြင်း နှင့် လဲလှယ်ခြင်း

(ခ)ရောင်းချခြင်း

(ဂ)နောက်ဆုံးအတည်ဖြစ်သည့် တရားရုံး၏ အမိန့် သို့မဟုတ် ဒီကရီ အရ ပိုင်ဆိုင်ခွင့် လွှဲပြောင်းခြင်း နှင့် လွှဲအပ်ခြင်းတည်ထောင်သူသည် သက်ဆိုင်ရာစာချုပ်စာတမ်း မှတ်ပုံတင် ရုံးတွင် မှတ်ပုံတင်သည့် စုပေါင်းပိုင်မြေနှင့် စုပေါင်းပိုင်အဆောက်အအုံအဖြစ် သက်ဆိုင်ရာမှတ်ပုံတင်အရာရှိထံတွင် မှတ်ပုံတင်သည့်
စာချုပ်စာတမ်းအတွက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေအရ သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။

ပုဒ်မ ၂ဝပါ လွှဲပြောင်းခြင်းတစ်ရပ်ရပ်ဖြင့် အိမ်ခန်းကို လွှဲပြောင်းလက်ခံရရှိသူသည် လွှဲပြောင်းသည့် စာချုပ်စာတမ်းအတွက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေအရ သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည်။

ပုဒ်မ ၂ဝ ပါ လွှဲပြောင်းခြင်း တစ်ရပ်ရပ်ဖြင့် လွှဲပြောင်းသည့် စာချုပ်စာတမ်းများကို မှတ်ပုံတင်သည့်အခါ-

(က)လွှဲပြောင်းလက်ခံရရှိသော စုပေါင်းပိုင်သူသည် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ခအား ပေးဆောင်ရမည်။

(ခ)မှတ်ပုံတင်အရာရှိသည် အိမ်ခန်းလွှဲပြောင်းသည့် စာချုပ်စာတမ်းများကို သီးခြားမှတ်ပုံတင်စာအုပ်ဖွင့်လှစ်ပြီး သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်၍ အိမ်ခန်းမှတ်ပုံတင်လက်မှတ်ထုတ်ပေးရမည်။

စုပေါင်းပိုင်သူသည်မိမိပိုင် အိမ်ခန်းကို ပုဒ်မ ၂ဝပါ လွှဲပြောင်းခြင်းတစ်ရပ်ရပ်ဖြင့် လွှဲပြောင်းပြီးနောက် လွှဲပြောင်းသည့် စာချုပ်စာတမ်းကို သတ်မှတ်သည့် ကာလထက်ကျော်လွန်ပြီးမှ မှတ်ပုံတင်လျှင်မှတ်ပုံတင်လ အပြင် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ မှ သတ်မှတ်သော ဒဏ်ကြေးကိုလည်း ပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

Credit: Myanmar Builders Guide

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service