စုပေါင်းပိုင်အဆောက်အအုံ မှတ်ပုံတင်မည်ဆိုလျှင် သိထားသင့်သော အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
2853 Views

စုပေါင်းပိုင်အဆောက်အအုံ မှတ်ပုံတင်မည်ဆိုလျှင် သိထားသင့်သော အချက်များ

Knowledge | Posted by Shwe Zin Win

တည်ထောင်သူသည် စုပေါင်းပိုင်အဆောက်အအုံ ဆောက်လုပ်ပြီးစီး ၍တည်ဆဲဥပဒေနှင့်အညီ နေထိုင်ခွင့်ရရှိပါက စုပေါင်းပိုင်အဆောက်အအုံတည်ထောင်သည့် စာချုပ်စာတမ်းနှင့် စာတမ်းအမှတ်အသားများကို မှတ်ပုံတင် အရာရှိထံတွင် မှတ်ပုံတင်ရမည်ဖြစ်သည်။

မှတ်ပုံတင်အရာရှိသည် စုပေါင်းပိုင်အဆောက်အအုံတည်ထောင်သည့် စာချုပ်စာတမ်း နှင့် စာတမ်း အမှတ်အသားများကိုလည်းကောင်း၊စုပေါင်းပိုင်အဆောက်အအုံရှိ အိမ်ခန်းများကိုလည်းကောင်း၊သတ်မှတ်ချက်များနှင့် အညီမှတ်ပုံတင်၍ အိမ်ခန်းအလိုက် အိမ်ခန်းမှတ်ပုံတင်လက်မှတ်များကို တည်ထောင်သူအား ထုတ်ပေးပြီး အိမ်ခန်းမှတ်ပုံတင် လက်မှတ်မိတ္တူ ကို ထိန်းသိမ်းထားရမည်။

တည်ထောင်သူသည် ယင်းအိမ်ခန်းများကို ပုဒ်မ ၂ဝ အရလွှဲပြောင်းသည့်အခါ အိမ်ခန်းလက်ခံရရှိသူသို့ သက်ဆိုင်ရာအိမ်ခန်းမှတ်ပုံတင် လက်မှတ်အား လွှဲပြောင်းပေးရမည်။

မှတ်ပုံတင်ထားသော အိမ်ခန်းများကို အောက်ပါ နည်းလမ်းတစ်ရပ်ရပ်ဖြင့်ဆောင်ရွက်သည့်အခါ လွှဲပြောင်းပေးသူနှင့် လွှဲပြောင်း သည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်းသက်ဆိုင်ရာ မှတ်ပုံတင်အရာရှိထံတွင်လွှဲပြောင်းသည့်စာချုပ်စာတမ်းကို သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ရမည်-

(က)ပေးကမ်း၊စွန့်လွှတ်ခြင်း နှင့် လဲလှယ်ခြင်း

(ခ)ရောင်းချခြင်း

(ဂ)နောက်ဆုံးအတည်ဖြစ်သည့် တရားရုံး၏ အမိန့် သို့မဟုတ် ဒီကရီ အရ ပိုင်ဆိုင်ခွင့် လွှဲပြောင်းခြင်း နှင့် လွှဲအပ်ခြင်းတည်ထောင်သူသည် သက်ဆိုင်ရာစာချုပ်စာတမ်း မှတ်ပုံတင် ရုံးတွင် မှတ်ပုံတင်သည့် စုပေါင်းပိုင်မြေနှင့် စုပေါင်းပိုင်အဆောက်အအုံအဖြစ် သက်ဆိုင်ရာမှတ်ပုံတင်အရာရှိထံတွင် မှတ်ပုံတင်သည့်
စာချုပ်စာတမ်းအတွက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေအရ သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။

ပုဒ်မ ၂ဝပါ လွှဲပြောင်းခြင်းတစ်ရပ်ရပ်ဖြင့် အိမ်ခန်းကို လွှဲပြောင်းလက်ခံရရှိသူသည် လွှဲပြောင်းသည့် စာချုပ်စာတမ်းအတွက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေအရ သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည်။

ပုဒ်မ ၂ဝ ပါ လွှဲပြောင်းခြင်း တစ်ရပ်ရပ်ဖြင့် လွှဲပြောင်းသည့် စာချုပ်စာတမ်းများကို မှတ်ပုံတင်သည့်အခါ-

(က)လွှဲပြောင်းလက်ခံရရှိသော စုပေါင်းပိုင်သူသည် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ခအား ပေးဆောင်ရမည်။

(ခ)မှတ်ပုံတင်အရာရှိသည် အိမ်ခန်းလွှဲပြောင်းသည့် စာချုပ်စာတမ်းများကို သီးခြားမှတ်ပုံတင်စာအုပ်ဖွင့်လှစ်ပြီး သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်၍ အိမ်ခန်းမှတ်ပုံတင်လက်မှတ်ထုတ်ပေးရမည်။

စုပေါင်းပိုင်သူသည်မိမိပိုင် အိမ်ခန်းကို ပုဒ်မ ၂ဝပါ လွှဲပြောင်းခြင်းတစ်ရပ်ရပ်ဖြင့် လွှဲပြောင်းပြီးနောက် လွှဲပြောင်းသည့် စာချုပ်စာတမ်းကို သတ်မှတ်သည့် ကာလထက်ကျော်လွန်ပြီးမှ မှတ်ပုံတင်လျှင်မှတ်ပုံတင်လ အပြင် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ မှ သတ်မှတ်သော ဒဏ်ကြေးကိုလည်း ပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

Credit: Myanmar Builders Guide

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service