အမြန်လမ်းမကြီး၏ မိုင် ၄၀ ခန့်ကို နိုင်ငံတကာအဆင့်မီလမ်းအဖြစ် စတင်အဆင့်မြှင့်မည်ဟုဆို

အမြန်လမ်းမကြီး၏ မိုင် ၄၀ ခန့်ကို နိုင်ငံတကာအဆင့်မီလမ်းအဖြစ် စတင်အဆင့်မြှင့်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
15 Feb 2018 11:03 am တွင် တင်ခဲ့သည်
4701 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်-မန္တလေး အမြန်လမ်းကို နိုင်ငံတကာအဆင့်မီဆောင်ရွက်မည်ဖြစ်ပြီး ပထမ ဆုံး မိုင် ၄၀ ခန့်ကို အဆင့်မြှင့်တင် မည်ဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော် လင်းက ပြောကြားသည်။

ယမန်နေ့ကကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် မောက်မယ်အမတ်ဦးစိုင်း ငေါင်းဆိုင်ဟိန်း၏ ‘ ရန်ကုန်-နေ ပြည်တော်-မန္တလေးအမြန်လမ်း မကြီးကို ခေတ်မီသောလေးလမ်းသွားအဖြစ် အဆင့်တိုးမြှင့်ဆောင် ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိ ’မေးခွန်းအပေါ် ဆောက်လုပ်ရေးဒုဝန် ကြီးက ယင်းသို့ထည့်သွင်းဖြေ ကြားသည်။

အာရှဖွံ့ဖြိုးမှုဘဏ်(ADB) ချေးငွေဖြင့် မိုင် ၄၀ ခန့် အဆင့် မြှင့်တင်ရန် ပြည်ထောင်စုအစိုးရ ကခွင့်ပြုပြီးဖြစ်ကြောင်း ဒုဝန်ကြီး ဦးကျော်လင်းက လွှတ်တော်သို့ ပြောသည်။

အသွားအပြန် ၇၃၂ မိုင်ရှိ သည့် အမြန်လမ်းမကြီးတစ်ခုလုံး နိုင်ငံတကာ အဆင့်မီရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးတစ်လျှောက်ဖြစ်ပေါ် နေသော ယာဉ်မတော်တဆဖြစ် စဉ်များ လျော့နည်းပပျောက်ရန် ကြပ်မတ်ဆောင်ရွက်ခြင်း၊ ခေတ် မီလေးလမ်းသွားအဆင့်မြှင့်တင် တည်ဆောက်ခြင်းနှင့် လုံခြုံရေး အထောက်အကူပြုပစ္စည်းများ တပ်ဆင်ခြင်းတို့အပြင် ခရီးသည် နှင့် ယာဉ်မောင်းများစည်းမျဉ်း စည်းကမ်းလိုက်နာရန် ၀န်ကြီး ဌာနက ဆက်လက်ဆောင်ရွက် မည်ဟု ဒုဝန်ကြီးကဆိုသည်။

ထို့အပြင် ခေတ်မီလေးလမ်းသွားစနစ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိချိန်တွင် လက်ရှိလုပ်ဆောင် နေသော ကတ္တရာထပ်ပိုးလွှာခင်း ခြင်းလုပ်ငန်းစဉ်ပြီးစီးနိုင်မည့်အ ခြေအနေကို မောက်မယ်အမတ် ဦးစိုင်းငေါင်းဆိုင်ဟိန်းက ဆက်စပ်မေးခွန်းမေးမြန်းသည်။

ယင်းမေးခွန်းအပေါ် ဆောက်လုပ်ရေး ဒုဝန်ကြီးဦးကျော်လင်းက ၎င်းတို့ပြုလုပ်ထားသော သုတေသနအရ ကတ္တရာလမ်းပေါ်တွင် ယာဉ်အန္တရာယ်ဖြစ်မှုကိုလျော့နည်းစေသဖြင့် တစ်နှစ်လျှင် အနည်းဆုံးမိုင် ၂၀ ကတ္တရာလမ်းခင်းရန် စီစဉ်ထားကြောင်း ပြန်လည်ဖြေကြားသည်။

အမြန်လမ်းမကြီးကို ယင်း သို့နိုင်ငံတကာ အဆင့်မြှင့်တင် ခြင်းလုပ်ငန်းစဉ်စတင်မည့်အချိန်ကို ဒုဝန်ကြီးကလွှတ်တော်၌ထည့် သွင်းပြောကြားခြင်း မရှိသော် လည်း ပထမဆုံးအနေဖြင့် လုပ် ဆောင်မည့်မိုင် ၄၀ ခန့်နှင့် ပတ် သက်သော ADB မှချေးယူမည့်အကြောင်းကို မကြာမီ ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ် လွှာပေးပို့တင်ပြမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးကို ၂၀၀၉ တွင်စတင် ဖွင့်လှစ်ခဲ့ပြီး နှစ်စဉ်ထိန်းသိမ်းမှု နှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များ ဆောင်ရွက်ခဲ့ကြောင်းနှင့် လက်ရှိအချိန်ထိ လမ်းအရှည် ၁၆၄ မိုင်ကို ကတ္တရာလမ်းထပ်ပိုး လွှာခင်းထားပြီးဖြစ်သည်ဟု ဆို သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service