ရခိုင်ပြည်နယ်တွင် ကျေးလက်တန်ဖိုးနည်းအိမ်ရာ အလုံး၂ဝဝ ကိုပြန်လည်ထူထောင်မည်

ရခိုင်ပြည်နယ်တွင် ကျေးလက်တန်ဖိုးနည်းအိမ်ရာ အလုံး၂ဝဝ ကိုပြန်လည်ထူထောင်မည် - Property News in Myanmar from iMyanmarHouse.com
20 Nov 2017 11:01 am တွင် တင်ခဲ့သည်
4720 ကြိမ် ကြည့်ရှု့ပြီး
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကျေးလက်တန်ဖိုးနည်းအိမ်ရာအလုံး ၂ဝဝ ကို စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် ဘတ်ဂျက်မှ ထောက်ပံ့တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးထံမှ
သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရနှင့် ပူးပေါင်း၍ ကျေးလက်တန်ဖိုးနည်းအိမ်ရာအလုံး ၂ဝဝကိုတည်ဆောက်ပေးသွားမည်ဖြစ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဘတ်ဂျက်မှ အိမ်တစ်လုံးလျှင် ငွေကျပ် သိန်း၇ဝနှုန်ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျေးလက်တန်ဖိုးနည်းအိမ်ရာအလုံး ၂ဝဝ အတွက် ဌာနဘတ်ဂျက်ထဲမှ ငွေကြေး ထောက်ပံ့ပေးပြီး ဆောက်လုပ်မှုအပိုင်းနှင့် နေရာရွေးချယ်သည့် အပိုင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် ပြည်နယ်အစိုးရအဖွဲ့အနေနှင့် ဆောက်လုပ်ရန်နေရာရွေးချယ်နေသည် ဟုသိရသည်။အိမ်ရာများကို အလကားပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးမှ ပြောကြားကြောင်း သိရသည်။

ယင်းကျေးလက်တန်ဖိုးနည်း အိမ်ရာများကို ပျဉ်ထောင်၊သွပ်မိုး၊ကွန်ကရစ်ခင်းအမျိုးအစားဖြင့် တည်ဆောက်ပေးသွားမည်ဖြစ်ပြီး နှစ်စဉ်သဘာဝဘေးပြန်လည်ထူထောင်ရေရးအတွက် လျာထားသည့် ဘတ်ဂျက်ထဲမှ ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးအတွက် ရေတွင်း၊ရေကန်တူးဖော်ပေးခြင်း၊ဆားငန်ရေတားတာများဆောင်ရွက်ပေးခြင်း၊ငါးမျိုးစိတ်များစိုက်ထည့်ပေးခြင်းနှင့် စပါးများရိတ်သိန်းခြွေလှေ့ပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အတူ နယ်စပ်ရေးရာဝန်ကြီးဌာနမှ လည်း ရခိုင်ပြည်နယ်၊ကိုင်းကြီး(မြို)ကျေးရွာတွင် စုစည်းကျေးရွာအဖြစ် တန်ဖိုးနည်းအိမ်ရာ အလုံး၅ဝ နှင့်နံ့သာတောင်ကျေးရွာတွင်လည်း စုစည်းကျေးရွာအဖြစ် တန်ဖိုးနည်း အိမ်ရာအလုံး ၅ဝကိုတည်ဆောက်ပေးရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

Credit :Myawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service