လုပ်ငန်းလုပ်ခွင့်ရလယ်ယာမြေ ခြောက်လအတွင်း အသုံးမပြုလျှင် ပြန်သိမ်းယူနိုင်ကြောင်း ဝန်ကြီးပြော

လုပ်ငန်းလုပ်ခွင့်ရလယ်ယာမြေ ခြောက်လအတွင်း အသုံးမပြုလျှင် ပြန်သိမ်းယူနိုင်ကြောင်း ဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
23 Oct 2017 9:47 am တွင် တင်ခဲ့သည်
4984 ကြိမ် ကြည့်ရှု့ပြီး
လုပ်ကိုင်ခွင့်ရသည့် လယ်ယာမြေများကို ခြောက်လ အတွင်း အသုံးမပြုပါက ဗဟို လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့က ပြန်လည်သိမ်းယူနိုင်ကြောင်း ရန် ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြော ကြားသည်။

လယ်ယာမြေဥပဒေ ပုဒ်မ ၃၁ အရ အခြားနည်းအသုံးပြုရန် ခွင့်ပြုချက်ရရှိပြီးနောက် ခွင့်ပြု သည့်နေ့ရက်မှ ခြောက်လအတွင်း လယ်ယာမြေကို သတ်မှတ်သည့် နည်းလမ်းအတိုင်း စတင်အသုံးမပြုလျှင်သော်လည်းကောင်း၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးခြင်းမရှိလျှင်သော်လည်း ကောင်း ဗဟိုလယ်ယာမြေစီမံခန့် ခွဲမှုအဖွဲ့သည် ယင်းလယ်ယာမြေ ကို ပြန်လည်သိမ်းယူနိုင်ကြောင်း ဝန်ကြီးကပြောသည်။

‘‘ရန်ကုန်တိုင်းအတွင်းမှာ လယ်ယာမြေတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်များက တခြားနည်း တွေနဲ့ အသုံးပြုခွင့်လျှောက်ထား ကြရာမှာ လယ်သမားတွေဆီက လယ်မြေတွေဝယ်ယူပြီး လုပ်ငန်း အမျိုးမျိုးကို လျှောက်ထားလာကြတယ်။ အဲဒီလို လျှောက်ထားမှု ကြောင့် မြေယာတွေ စိုက်ပျိုးနိုင် ခြင်းမရှိဘဲ ဆုံးရှုံးနေရပါတယ်’’ဟု ဦးဟံထွန်းကဆိုသည်။

မှော်ဘီမြို့နယ် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက တစ်နိုင်တစ်ပိုင် အသေးစား၊ အလတ်စားလုပ် ငန်းများ ဆောင်ရွက်မည့် ပြည် သူများ၏ လျှောက်ထားမှုကို စနစ် တကျစိစစ်၍ ခွင့်ပြုပေးရန်နှင့် အမှန်တကယ် စိုက်ပျိုး၍ ရနိုင် သော လယ်ယာမြေကို အခြားသုံး စွဲခွင့်ရရှိထားသော်လည်း လုပ်ငန်း ဖော်ဆောင်မှုမရှိသည့် မြေများကို စည်းကမ်းဥပဒေနှင့်အညီ အ ရေးယူဆောင်ရွက်ရန် အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ မေးမြန်းရာ ဝန်ကြီးက ဖြေကြားသည်။

မြို့နယ်လယ်ယာမြေစီမံခန့် ခွဲမှုအဖွဲ့အနေဖြင့် လယ်ယာမြေ ကို အခြားသုံးစွဲခွင့်ရှိသည့် လုပ် ငန်းဆောင်ရွက်မှု အခြေအနေ များကို စိစစ်ပြီး ခရိုင်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ထံ ခြောက်လ တစ်ကြိမ် စိစစ်တင်ပြနေကြောင်း ဝန်ကြီးကပြောသည်။ ခြောက်လ အတွင်း အကောင်အထည်ဖော် ခြင်းမရှိသော လယ်ယာမြေနှင့် အခြားသုံးစွဲခွင့် ရရှိထားသော လယ်ယာမြေများသည် ဗဟိုလယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အရေး ယူဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ် ကြောင်း ဦးဟံထွန်းက ပြော ကြားသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက တစ်နိုင်တစ်ပိုင် အသေးစား၊ အလတ်စားလုပ် ငန်းများ လုပ်ဆောင်လိုသော ပြည်သူများ၏ လယ်ယာမြေ အခြားသုံးစွဲခွင့် လျှောက်ထားမှုကို စနစ် တကျ စိစစ်ခွင့်ပြုနိုင်ရန်လည်း မေးမြန်းခဲ့သည်။

‘‘တခြားသုံးစွဲခွင့်ရရှိထားတဲ့ မြေတွေကို သတ်မှတ်စည်းမျဉ်း စည်းကမ်းနဲ့အညီ လုပ်ငန်းဖော် ဆောင်ခြင်းမရှိဘဲ မြေဈေးကွက် အဆမတန်တက်အောင် လုပ် ဆောင်နေတာတွေလည်း ရှိပါ တယ်။ အဲဒီကိစ္စတွေရဲ့ နောက် ကွယ်မှာ ဌာနတချို့ရဲ့ အဂတိ လိုက်စားမှုတွေ ရှိနေတယ်လို့ ကြားသိရပါတယ်’’ဟု ၎င်းက လွှတ်တော်တွင် ပြောသည်။

ထို့အပြင် လယ်ယာမြေ အ ခြားနည်းသုံးပြုခွင့်ရန် လျှောက် ထားဆဲကာလတွင် တရားမဝင် အဆောက်အအုံ ဆောက်လုပ်မှု၊ လယ်ယာမြေဥပဒေပုဒ်မအရ ခွင့် ပြုချက်မရဘဲ လုပ်ငန်းလည်ပတ် နေသော လုပ်ငန်းရှင်များကို ဆောက်လုပ်ထားသော အ ဆောက်အအုံများကို ဖယ်ရှားရန် ဝန်ကြီးဌာနက ခန့်အပ်သည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အမိန့် ချမှတ်ရမည်ဟုပါရှိသည်။ ချမှတ် သည့်အမိန့်ကို လိုက်နာခြင်းမရှိ လျှင် အဆိုပါအဖွဲ့က သက်ဆိုင် ရာ တရားရုံးသို့ ဦးတိုက်လျှောက် ထားကာ တရားစွဲဆိုရန် စီစဉ် ဆောင်ရွက်ရမည်ဟု ဦးဟံထွန်း က ပြောသည်။

လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်လျှောက်ထားရာတွင် အကျင့်ပျက်ခြစားမှု ကျူးလွန်နေ သော ဝန်ထမ်းများအား လယ်ယာ မြေဥပဒေအရ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သော လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို အရေးယူဆောင်ရွက်၍ မရပါကြောင်းနှင့် ပြစ်မှုထင်ရှားပါက သက်ဆိုင်ရာဝန် ကြီးဌာနအလိုက် ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးပြီး နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်နိုင် ကြောင်း ၎င်းကဆိုသည်။

လယ်ဆည်ဝန်ကြီး အပါအ ဝင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများပါဝင်သည့် ဗဟိုလယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို ယခင် အစိုးရလက်ထက်ကတည်းက ဖွဲ့စည်းခဲ့ပြီး ရပ်ကျေး၊ မြို့နယ်၊ တိုင်းနှင့် ခရိုင်အလိုက် အဆင့်ဆင့် ဖွဲ့စည်းထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service