သန့်ရှင်းတဲ့အစိုးရဖြစ်ဖို့ အခွန်နှုန်းထားတွေပြင်ကြစို့

သန့်ရှင်းတဲ့အစိုးရဖြစ်ဖို့ အခွန်နှုန်းထားတွေပြင်ကြစို့ - Property News in Myanmar from iMyanmarHouse.com
17 Oct 2017 11:15 am တွင် တင်ခဲ့သည်
5506 ကြိမ် ကြည့်ရှု့ပြီး
မြေခွန်ဆိုတာ “မြေကို အသုံးပြုခွင့်ရသည့်အတွက် အစိုးရအားထမ်းဆောင်ရသည့်ငွေ” လို့ဆိုပါတယ်။ မြေကို နိုင်ငံတော်မှ ပိုင်ဆိုင်တယ်။ ဒါကြောင့် နိုင်ငံသားများအနေနဲ့ မြေနဲ့ ပတ်သတ်လို့ အကျိုးအမြတ်တစ်စုံတစရာ အကျိုးခံစားခွင့်ရတယ်ဆိုရင် အစိုးရအားအခွန်ပေးဆောင်သင့်ပါတယ်။

မင်းတုန်းမင်းလက်ထက်မှာလည်းမြေခွန်ကောက်

မြေခွန်နဲ့ပတ်သက်လို့ မြန်မာဘုရင်များလက်ထက်ကပင် မြေခွန်များကောက်ခံခဲ့တဲ့ မှတ်တမ်းများရှိပါတ်ယ။ ၁၉၂၃ - ၂၆ ခုနှစ်ကသာခရိုင်ကြောတိုင်အစီရင်ခံစာ မှာကြည့်ရင် “မင်းတုန်းမင်းလက်ထက်မှာ” “မြတောင်ဝန်” “မန်လည်ဝန်” တို့က သီးနှံများကို လှေများနဲ့ သယ်လာပြီး မန္တလေး အရှေ့ ကျီတော်ကုန်း ကိုပို့ကြတယ်လို့သိရပါတယ်။

မင်းအဆက်ဆက်မြေခွန်ကောက်ခံ

သီပေါမင်းလက်ထက်ကျတော့ သီးနှံများအစား သီးနှံရောင်းချငွေတွေကို တန်ဖိုးသတ်မှတ်ပြီး ဆက်သရတာကို တွေ့ရှိရပါတယ်။ ထိုအတူဘဲ အင်္ဂလိပ်အစိုးရလက်ထက်နဲ့ မြန်မာအစိုးရ အစဉ်အဆက်မှာလည်း မြေခွန်ကို ကောက်ခံခဲ့ကြတဲ့ အတွက် မြေခွန်ထမ်းဆောင်ကြတာကို တွေ့ရပါတယ်။

မြေခွန်ကောက်ခံရတဲ့ အချက် (၄) ချက်

မြေခွန်ကောက်ခံထိုက်တဲ့ အချက် (၄) ချက်ရှိတာကို တွေ့ရပြန်တယ်
(က) မြေသည် လူတို့၏၀င်ငွေနှင့်ကြွယ်ဝမှုရဲ့ အရင်းအမြစ်ဖြစ်နေခြင်း
(ခ) မြေသည် ရွှေ့ပြောင်း၍မရလွယ်ကူစွာမြင်တွေ့နိုင်မှုမရှိခြင်း
(ဂ) မြေကို ပိုင်ဆိုင်ခြင်းသည် ဂုဏ်ဒြပ်အဖြစ်တည်ရှိနေခြင်း
(ဃ) မြေခွန်ကို ကောက်ခံရာမှာ အုပ်ချုပ်မှုရှုထောင့်မှ လွယ်ကူနေခြင်း တို့ကြောင့်ဖြစ်ပါတယ်။

အစိုးရဲ့အသုံးစရိတ်မြေခွန်မှလည်းရရှိ

အစိုးရရဲ့လုံလောက်တဲ့ရန်ပုံငွေရရှိရန်မှာ မြေခွန်ဟာမရှိမဖြစ်အရေးကြီးသော နေရာမှာရှိပါတယ်။ တရားမျှတတဲ့ မြေခွန်စနစ်ပေါ်လာရင် နိုင်ငံတော်အတွက် လိုအပ်တဲ့ရန်ပုံငွေရရှိရုံမျှမက အစိုးရ၀န်ထမ်းနဲ့ ပြည်သူလူထုအတွက် ပါနိုင်ငံတော်က လုပ်ပေးသင့်တာများကို တာဝန်ကျေပွန်စွာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

အခေါ်အဝေါ်ပြောင်းသွားတဲ့မြေအမျိုးအစားများ

မြေငှားခကောက်ခံရာမှာ မြေဆီလွှာအနေအထားအရ ပထမ၊ ဒုတိယ၊ တတိယ၊ အတန်းအစားခွဲခြား (Soil Class) သတ်မှတ်ဆောင်ရွက်ရပါတယ်။
(က) ပထမနည်းလမ်းကတော့ စိုက်ပျိုးသော နည်းစနစ်အရ ခွဲခြားခြင်းဖြစ်ပါတယ်။ “အစိုစိုက်လယ်” “အခြောက်စိုက်” ဆိုလျှင် “ယာ” ဟူ၍ သတ်မှတ်ပါသည်။

(ခ) ဒုတိယနည်းကတော့ စိုက်ပျိုးတဲ့ဒေသအရခွဲခြားခြင်းဖြစ်ပါတယ်။ တောင်ပေါ်ဒေသမှာ စိုက်တယ်ဆိုရင် “တောင်ယာ” မြစ်ကမ်းဘေးဒေသမှာစိုက်ရင် “ကိုင်းကျွန်း” ဟုခေါ်ပါတယ်။

(ဂ) တတိယနည်းကတော့ “စိုက်ပျိုးသောသီးနှံကိုကြည့်ပြီးခွဲခြားတာပါ” နှစ်ရှည်သီးနှံဆိုရင် “ဥယျာဉ်” “ဓနိပင်” စိုက်ရင် “ဓနိ” လို့ခေါ်ပါတယ်။

ယနေ့အထိကောက်ခံနေတဲ့ မြေခွန်နှုန်းထားများ
အဓိကအားဖြင့်တော့ မြေမျိုးကြီး (၆) မျိုးခွဲခြားလိုက်ရင် လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်၊ ဓနိ၊ တောင်ယာ စသည်တို့ကို တွေ့ရပါတယ်။ ယနေ့အချိန်ထိကောက်ခံနေဆဲ မြေခွန်နှုန်းတွေကို ကြည့်မယ်ဆိုရင် အခုလိုတွေ့ရပါတယ်။

မြေအမျိုးအစား

(မြေအမျိုးအစားများကို အောက်ပါဇယာတွင် ကြည့်ရှုနိုင်ပါသည် )

လက်ဖက်ရည်တစ်ခွက်ဖိုးပင်မရှိတဲ့ မြေခွန်ကောက်ခံနှုန်း

အခုဖော်ပြတဲ့ မြေခွန်နှုန်းထားတွေဟာ အင်္ဂလိပ် အစိုးရလက်ထက်ကတည်းက သတ်မှတ် ထားချက်တွေဖြစ်တယ်။ အဲဒီမြေခွန်နှုန်းထားအတိုင်း ယနေ့အထိကောက်ခံနေဆဲပါဘဲ အင်္ဂလိပ်ခေတ်တုန်းက တရားမျှတတဲ့ ကောက်ခံမှုလို့ ဆိုနိုင်ပေမယ့် ဒီကနေ့ နိုင်ငံတော်အစိုးရအတွက် ဆိုရင် ခေတ်စနစ်နဲ့ အံဝင်ဂွင်ကျမဖြစ်တော့ဘဲ သတ်မှတ်နှုန်းအလွန်နည်းလှတဲ့အတွက် ဆင်ပါးစပ်နှမ်းပက်သလို အခြေအနေမျိုးဖြစ်နေပါတ်ယ။ မြေခွန်နှုန်းထားတွေကြည့်လိုက်တာနဲ့ ကွမ်းတစ်ရာနဲ့ လက်ဖက်ရည်တစ်ခွက်ဖိုးပင်မရှိတာကိုတွေ့ရပါတ်ယ။

မြေခွန်နှုန်းထားတွေပြင်ဆင်သင့်နေပါပြီ

ဒီမြေခွန်နှုန်းထားတွေအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်တော့ အရင်အစိုးရလက်ထက် သမ္မတကြီး ဦးသိန်းစိန် လမ်းညွှန်ခဲ့သလို (Clean Goverment) “သန့်ရှင်းတဲ့အစိုးရ” ဖြစ်ပေါ်ရေးကတော့ အလှမ်းဝေးနေဦးမှာပါ ဒါကြောင့် မြေခွန်နှုန်းထားတွေကို ပြင်ဆင်သင့်တဲ့အချိန်ရောက်နေပြီဖြစ်ပါတ်ယ။

အချင်းချင်းညှိနှိုင်းဆွေးနွေးအတည်ပြုချက်ယူဖို့အချိန်ရောက်ပါပြီ

ဒါကြောင့် တရားမျှတသော မြေခွန်တော်တစ်ရပ်ပေါ်ပေါက်လာရန်ထည့်သွင်းစဉ်စားရမဲ့အချက်များရှိသလို ဗဟိုအဆင့်ရဲ့ မြေခွန်နှုန်းထားမူလလျာထားချက်တွေကို ရှာဖွေဖို့လည်း လိုအပ်ပါတယ်။ ဒါအပြင် ပြည်နယ်၊ တိုင်းဒေသကြီး များထံမှ ပြန်လည်အဆိုပြုမြေခွန်နှုန်းများရယူခြင်း၊ အပြန်အလှန် ဆွေးနွေးညှိနှိုင်းခြင်း နောက်ဆုံးအဆင့်အတည်ပြုချက်ရယူခြင်းများပြုလုပ်ကြရပါမယ်။

တရားမျှတတဲ့ မြေခွန်တော်တစ်ရပ်လိုအပ်နေပြီ

ဒါပေမယ့်လည်း မြေခွန်တော်စနစ်နဲ့ ပတ်သတ်လာရင် အလွန်ရှုပ်ထွေးနက်နဲပြီး ကျယ်ပြန့်လွန်းပါတ်ယ။ မိမိလက်လှမ်းမမီနိုင်ဘဲ အခြားအမြင်များ လည်းရှိနိုင်ပါတယ်။ ယခုတင်ပြခြင်းများဟာ လက်ရှိကြုံတွေ့နေရသော အခက်အခဲများမှ ရှောင်လွှဲနိုင်ရန် တင်ပြခြင်းသာ ဖြစ်ပါတယ်လို့ ဦးမိုးငယ် (လယ်ဝန်) ကသူ့ရဲ့ဆောင်ပါးမှာ ဆိုထားပါတယ်။ ဆက်လက်လုပ်ဆောင်သင့်တဲ့ အချက်တွေကတော့ လုပ်ငန်းလွယ်ကူရန် ရှင်းလင်းတင်ပြခြင်း အပြန်အလှန်ညှိနှိုင်းတိုင်ပင်မှုများလိုအပ်ခြင်း၊ မီဒီယာများနှင့် ပညာရှင်များ၏ အကြံဥာဏ်များဖိတ်ခေါ်ဆွေးနွေးခြင်း စသည်ဖြင့် ဆောင်ရွက်မည်ဆိုပါက ပိုမိုကောင်းမွန်ပြည့်စုံသော တရားမျှတသည့် မြေခွန်တော်တစ်ရပ်ပေါ်ပေါက်လာမည်ဟု လည်းယုံကြည်
မိပါတယ် ။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်ပါစေ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
သန့်ရှင်းတဲ့အစိုးရဖြစ်ဖို့ အခွန်နှုန်းထားတွေပြင်ကြစို့ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service