နာဂစ်ရဲ့ အာဃာတ အမုန်း မြေဂရန် ပျောက်သွားလို့ လိုက်မဆုံး

နာဂစ်ရဲ့ အာဃာတ အမုန်း မြေဂရန် ပျောက်သွားလို့ လိုက်မဆုံး - Property News in Myanmar from iMyanmarHouse.com
6 Sep 2017 10:10 am တွင် တင်ခဲ့သည်
1493 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေများ ၀ယ်ယူကြရာတွင် ဂရန်မြေက ခိုင်မာမှုရှိသည်မှာမှန်သည်။ သို့သော် ဂရန်အမည်ပေါက် ထံမှ ၀ယ်ယူစဉ်က မှတ်ပုံတင်အရောင်းအ၀ယ် စာချုပ်ဖြင့် ၀ယ်ယူခြင်း၊ နာမည်ပြောင်းခြင်း မပြုလုပ်ခဲ့ ဘဲ၊ အရပ်ကတိ အိမ် ခြံမြေအရောင်းအ၀ယ်စာချုပ်ဖြင့်သာ ၀ယ်ထားခဲ့ပြီး ဂရန်မူရင်းကိုင်ထားခဲ့သူ တစ် ယောက်မှာ ဂရန်မူရင်းနှင့် စာရွက်စာတမ်းများ ရန်သူမျိုးငါးပါးကြောင်ေ ပျာက်ဆုံးသွားသည့်အခါ မိမိအ မည်ပေါက်ဂရန် ပြန်ရဖို့အရေး ရတက် မအေးနိုင်ဘဲ အဆင့်ဆင့်ဆောင်ရွက်နေရပုံ သာဓကတစ်ခုကို တင်ပြလိုက် ပါသည်။

ဒဂုံမြောက်က ကန့်ကွက်နိုင်ကြောင်းကြော်ငြာထူးဆန်းနေ၍ ဖတ်ကြည့်ရာ

ဒဂုံမြောက်ပိုင်းမြို့နယ်၊ မြေတိုင်ရပ်ကွက် အမှတ် (၄၀)၊ မြေကွက်အမှတ် (၁၂၁၉) မြေကွက်တည်နေ ရာအမှတ် (၁၂၁၉) အောင်ဆုပန်လမ်း (၄၀) ရပ်ကွက် ဒဂုံမြောက်မြေကွက်သည် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ "ဦးကိုနိုင်" အမည်ဖြင့် ထုတ်ပေးထားသော အနှစ် (၆၀) ဂရန်မြေကွက်ဖြစ် သည်။

နာဂစ်မှာပါသွားသည့် ဂရန်အစားထိုးထုတ်ပေးပါရန်

ယင်းမြေကွက်ကို မူလအမည်ပေါက် "ဦးကိုကိုနိုင်" ထံမှ ဒေါ်စန်းစန်အေး (၁၂/ဥကတ(နိုင်) ၁၂၇၇၉၇) မှ အရပ်ကတိ အရောင်းအ၀ယ်စာချုပ်ဖြင့် ၀ယ်ယူပိုင်ဆိုင်ထားခဲ့ပါသည်။

သို့သော် ထိုဂရန်မူရင်းနှင့် စာချုပ်အဆက်များမှာ နာဂစ်မုန်တိုင်းတွင် ပျက်စီး သွားခဲ့သဖြင့် အစားထိုး ထုတ်ပေးပါရန်၊ ရန်ကုန်မြို့တော် စည်ပင်သာယာေ ရးကော်မတီ၊ မြို့ပြစီးမံကိန်းနှင့်မြေစီမံခန့်ခွဲမှု ဌာနသို့ လျှောက်ထားခဲ့သည်ကို
တွေ့ရသည်။

မြို့မြေစာရင်းမပါလာ မြို့ပြအိမ်ရာမှာမေးကြည့်ရာ

သို့ရာတွင် အထက်ပါလျှောက်ထားသော မြေကွက်သည် မြို့မြေစာရင်း (TRL) နှင့်အခွန်ခွဲဝေစည်း ကြပ်မှု မှတ်ပုံတင်စာရင်း (Assessment Roll) တွင် မြေကွက်အမှတ်၊ မြေအမည်ပေါက် မှတ်သားထား ခြင်းမရှိသဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးဌာနသို့ မေးမြန်းခဲ့ရာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ၊ ယင်းမြေငှားဂရန်စာချုပ်သည် မြန်မာ့မီးရထားမှ တာဝန်ယူေ ဆာင်ရွက်ပေးခဲ့ခြင်းဖြစ်၍ မြန်မာ့မီးရထား သို့ အတည်ပြုချက်တောင်းခံခဲ့ ရပြန်သည်။ မြန်မာ့မီးရထားမှ တာဝန်ယူထုတ်းပေသည့် ဂရန်မှန်ကန်ပါ သည်ဟု အကြောင်းပြန်

မြန်မာ့မီးရထားမှ ယင်းစာချုပ်တွင် အသိသက်သေလက်မှတ်များ ရေးထိုး ထားသော နေရာနှင့် မြန်မာ့မီး ရထားတံဆိပ်များ မှာ မှန်ကန်ပါသည်ဟု မြန် မာ့မီးရထား၏ ၂၇.၆.၂၀၁၆ ရက်စွဲပါပြန်ကြားစာပူးတွဲ လျက်မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ မြို့တော်စည်ပင်သို့ အကြောင်းပြန်ကြားလာသည်ဟု သိရ သည်။

ထို့ပြင်မြန်မာ့မီးရထားမှ "ဦးတင်ဝင်း" အင်ဂျင်နီယာမှူး (မြို့ပြ) တိုင်း (၇) မှ လည်း မှန်ကန်ကြောင်းနှင့် မြေဂရန်လျှောက်ထားမှုအပေါ် ကန့်ကွက်ရန် မ ရှိကြောင်းပြန်ကြားလာပါသည်။

ဂရန်အမည်ပေါက်အားတရားစွဲဆို အနိုင် ဒီကရီ ရမှ လာခဲ့ပါ

သို့ရာတွင် ဂရန်အစားထိုးလျှောက်ထားသူ "ဒေါ်စန်းစန်းအေး" ထံတွင် "ဂရန် မူရင်း တင်ပြနိုင်မှုမရှိဟု သိရပါသည်။" ဂရန်အမည်ပေါက်သူ မဟုတ်သည့် အပြင် ဂရန်အမည်ပေါက် "ဦးကိုကိုနိုင်" ထံမှ မှတ်ပုံ တင်အရောင်းအ၀ယ် စာချုပ်ဖြင့် ၀ယ်ယူရရှိထားသူမဟုတ်ခြင်းတို့ကြောင့် အမည်ပေါက် "ဦးကိုကိုနို င်" အားတရားစွဲဆိုထားသော အနိုင်ဒီကရီတင်ပြရန် မြို့တော်စည်ပင်မှ အကြောင်းကြားခဲ့သည်ဟိုရသည်။

ဝယ်ယူပိုင်ဆိုင်ကြောင်းမြွက်ဟကြေငြာပေးစေလိုမှု "အမိန့်တင်ပြ"

ထို့ကြောင့် ဒေါ်စန်းစန်းအေးက အမည်ပေါက် ဦးကိုကိုနိုင်အား တရားမကြီးမှု အမှုအမှတ် (၁/၂၀၁၇) ဖြင့် "၀ယ်ယူပိုင်ဆိုကြောင်း မြေကွက်ကြေငြာပေးေ စလိုမှု" တရားဆွဲဆိုခဲ့ရာ ၉.၂.၂၀၁၇ နေ့တွင် တရား ရုံးမှ အမိန့်ချမှတ်ပေး ခဲ့ပြီး ယင်းချမှတ်သော "စီရင်ချက်ဒီကရီ တာဝန်ခံမိတ္တူမှန်ကို တင်ပြပြီး ပြော ရန် လျှောက်ထားလာသည်ကို တွေ့ရသည်။

ရန်ကုန်မြို့တော် စီမံခန့်ခွဲခွင့်ရှိသောမြေ ဟုရုံးမိန့်ထုတ်ပြန်ပေး

ယင်းသို့ ဒေါ်စန်းစန်းအေးမှ တရားရုံးဒီကရီတင်ပြလာသော်လည်း အဆိုပါ မြေကွက်သည် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ရန်ကုန်မြို့ေ တ်ာစည်ပင်သာယာရေးကော်မတီ " မြေစာရင်း " တွင် အ မည်ပေါက်ပါဝင်မှု မရှိခြင်းတို့ကြောင့် မြို့မြေစာရင်းတွင် မြေအမျိုးအစား ရန်ကုန်မြို့တော် စည် ပင်သာ ယာရေးကော်မတီမှ စီမံခန့်ခွဲခွင့်ရှိသောမြေ အမည်ပေါက် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော် မတီ" ဟုရုံးမိန့်ထုတ်ပြန် မှတ်သားပေးခဲ့ သည်ဟု သိရသည်။

အထူးဂရန်ရသော်လည်းနောင်တစ်ချိန်ဂရန်မူရင်းပိုင်ရှင်ပေါ်လာသော် ပယ် ဖျက်ပေးဖို့ ၀န်ခံချက်လည်း ထိုးရ

ဒေါ်စန်းစန်းအေးမှ အထူးနှုန်းထားဖြင့် မြေဂရန်လျှောက်ထားရယူခြင်းနှင့် ပတ်သက်၍ နောင်တစ်ချိန် တွင် ဂရန်မူရင်းပိုင်ရှင်ပေါ်ပေါက်ခဲ့ပါက ယခုရရှိ မည့် ဂရန်အား ပယ်ဖျက်ခြင်းကိုလက်ခံမည်ဖြစ်ပြီး ဌာန ၏ လုပ်ထုံးလုပ် နည်းနှင့်အညီစီမံဆောင်ရွက်သည်ကို လိုက်နာမည်ဖြစ်ပါကြောင်းနှင့် သွင်းေ ငွများကို အဆုံးရှုံးခံမည်ဖြစ်ကြောင်း ၂၂.၅.၂၀၁၇ ရက်စွဲပါစာဖြင့် ၀န်ခံက တိပြုခဲ့ရပြန်ပါသည်။

ကန့်ကွက်သူများလာဦးမလား (၇) ရက်စောင့်ပါဦးတဲ့ဗျာ

ထို့နောက် ၂.၆.၂၀၁၇ ရက်စွဲပါစာဖြင့် အထူးဝန်ဆောင်ခနှုန်းထားဖြင့် ပြော ရန်ထုတ်ယူခွင့်ပြုပါရန် လျှောက်ထားနေသည်ဟုသိရသည်။ ကန့်ကွက်လို သူများရှိပါက တရားဝင်ခိုင်လုံသော အထောက် အထားများဖြင့် ဤကြော်ငြာ ပါသည့်နေ့မှစ၍ (၇) ရက်အတွင်းကန့်ကွက်နိုင်သည်ဟုဆိုသည်။

ကန့်ကွက်ချက်ရှင်းမှ ဂရန်ထုတ်လို့ရတော့မည်

အကယ်၍ကန့်ကွက်သူမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီမြို့ပြစီမံကိန်းနှင့်မြေစီမံကိန်း ခန့်ခွဲမှုဌာန ဌာနမှူးမှဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု အသိပေးကြော်ငြာ ချက်ကို (၈.၈.၂၀၁၇) နေ့ထုတ် ကြေးမံသတင်းစာကြော်ငြာ ကဏ္ဍတွင် တွေ့ ရပါ သည်။

အော် . . အမည်ပေါက် ဂရန်မြေကွက်အား အရပ်ကတိစာချုပ်ဖြင့် ၀ယ်မိ သည့် အမှား နာဂစ်မုန်တိုင်း ကြောင့် ဂရန်မူရင်းနှင့် စာရွက်စာတမ်းများ ရေ ထဲမျှော်ပါသွားသည့်အတွက်ကြောင့် မိမိအမည်ပေါက် ပြန်ရရန်ဆောင်ရွက်ရ သည့် တာဝန်မှာ အလွန်ကြီးမားပါလားဟု အထူးဂရန်လျှောက်ထားနေ သူ ဒေါ်စန်းစန်းအေးကိုယ်စား ရင်မောနေမိပါတော့သည်။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service