အိမ်ခြံမြေ စာရွက်စာတမ်းမိတ္တူ အလွယ်တကူ မပေးပါနဲ့

အိမ်ခြံမြေ စာရွက်စာတမ်းမိတ္တူ အလွယ်တကူ မပေးပါနဲ့ - Property Knowledge in Myanmar from iMyanmarHouse.com
4 Sep 2017 11:57 am တွင် တင်ခဲ့သည်
3191 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အိမ်ခြံမြေနဲ့ ပတ်သတ်ပြီး စာရွက်စာတမ်း လိမ်လည်မှုတွေ၊ အတုပြုလုပ် တာတွေ မခံရအောင် ကိုယ်ပိုင်ဆိုင်တဲ့ စာရွက်စာတမ်းက မိတ္တူကအစ တခြားသူကို အလွယ်တကူ မပေးသင့်ပါဘူး။

ဈေးကွက်ထဲမှာ အရောင်းအဝယ်အတွက် စာရွက်စာတမ်းစစ်ဖို့၊ ဝယ်မယ့် သူကို ပြဖို့၊အမည်ပြောင်းလဲဖို့ စတဲ့ အကြောင်းအမျိုးမျိုးတွေနဲ့ ပိုင်ဆိုင်မှု စာ ရွက်စာတမ်းတွေကို မိတ္တူပေးပြီး အလွယ်တကူယုံကြည်မှုနဲ့ ပြုလုပ်ကြ တယ်။လုပ်ရိုးလုပ်စဉ်ဆိုပေမဲ့ တချို့က ယုံကြည်မှုကို အလွဲသုံးစားပြုလုပ်ပြီး လိမ်လည်ရောင်းစားခံရတာတွေ ဖြစ်ပွားကြတာပါ။

လိမ်လည်သူတွေရှိတာကြောင့် မှန်မှန်ကန်ကန်လုပ်ဆောင် နေတဲ့ အကျိုးေ ဆာင်တွေကိုပါမယုံကြည်မှုတွေကြုံတွေ့ရတယ်လို့ အကျိုးဆောင်တချို့ က ပြောပါတယ်။

ခြံဝယ်ဖို့ လာစုံစမ်းတဲ့သူကို ရောင်းချင်စိတ်များပြီးစာရွက်စာတမ်း မိတ္တူေ တွ ပေးလိုက်မိရာက ရောင်းစားခံလိုက်ရတဲ့ဦးတင် (အမည်လွှဲ)က “မြို့စွန်က ခြံကိုဝယ်ဖို့စုံစမ်းတာဆိုပြီးအမျိုးသမီးနှစ်ဦးလာတယ်၊ ဝယ်ဖို့သေချာတယ်၊ အစ်ကိုက ပြည်ပရောက်နေလို့ စာရွက်စာတမ်းပြချင်တာကြောင့် မိတ္တူလေး ပဲဖြစ်ဖြစ် ပေး လိုက်ပါ၊ ဝယ်မှာ သေချာပါတယ်၊ သူပြန်ရောက်တာနဲ့ ငွေ လာချေမှာပါ၊ သူတို့က ပွဲစားလဲမဟုတ်တော့ပွဲခမကုန်ဘူးဆိုတော့ ပွဲခပါေ လျှာ့ပေးပါ၊ အတိအကျအသေအချာပြောနေတာကြောင့် မိတ္တူကူးပေးလိုက် တာ ရောင်းစားခံလိုက်ရတယ်” လို့ သူကြုံခဲ့ရတာကို ပြောပြပါတယ်။

မြို့စွန်ကခြံကို ဝယ်ထားတာကြာပေမဲ့တစ်လတစ်ခါလောက်ပဲ ကြည့်ဖြစ်ခဲ့ တယ်။အသုံးလိုလို့ ပြန်ရောင်းချင်တာကြောင့် အမြန်ရောင်းမည် ဆိုပြီး ဖုန်းနံ ပါတ်နဲ့ ဆိုင်းဘုတ်ရေးခဲ့တာပါ။

ဖုန်းနဲ့ဆက်သွယ်ပြီးအမျိုးသမီးနှစ်ဦး ရောက်လာတာဖြစ်ပါတယ်။အမျိုးသမီးတွေက နောက်တစ်လကြာရင်သူတို့ဝယ်မယ့်အစ်ကိုနဲ့ လာမှာဖြစ်တာကြောင့် တခြားသူတွေပါမရောင်းဖို့၊ ဆိုင်းဘုတ်ရော မချိတ်ဖို့၊ စောင့်ပေးဖို့ ပြောကြ တယ်။


နှစ်လကျော်တဲ့အထိ မလာတာကြောင့် ဦးတင်က သူ့ခြံကို အရောင်းပြန်ချိတ် ဖို့သွားကြည့်ရာကခြံထဲမှာ သူစိမ်းတွေ ရောက်နေတာေ တွ့ခဲ့တယ်။သူ့ခြံ ကို ရောင်းစားခံလိုက်ရမှန်း သိခဲ့ရပြီး ရှေ့နေတွေနဲ့ တိုင်ပင်ပြီး အနိုင်ဒီကရီနဲ့ ပိုက်ဆံကုန် လူပင်ပန်းပြီး ပြန်ရအောင် ယူခဲ့ရတယ်လို့ အဖြစ်အပျက် ကို ပြောပြပါတယ်။

ဈေးကွက်ထဲမှာစာရွက်စာတမ်းအတုလုပ်ရောင်းချတာတွေကပုံစံအမျိုးမျိုးနဲ့ရှိကြတာပါ။ကိုယ့်ရဲ့ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကို မိတ္တူပါ အလွယ်တကူ မပေးသင့်တော့ဘူးလို့ အကျိုးဆောင်တချို့နဲ့ ရှေ့နေတချို့က ပြောပါတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က “အပြင်သူတွေတင် အလိမ်ခံရတာ မဟုတ်ဘူး၊ အကျိုးဆောင်တွေပါ တစ်ခါတစ်လေ အလိမ်ခံရ တာတွေ ရှိ တယ်၊ ဈေးကွက်ထဲကို စာရွက်စာတမ်းအတုတွေ ယူလာပြီး ရောင်းကြတာေ တွ၊ အကျိုးဆောင်အချင်းချင်းတောင် ရင်းနှီးတဲ့ သူတွေကလွဲပြီး သိပ်ယုံကြည် လို့ မရဘူး” လို့ ပြောပါတယ်။

အရောင်းအဝယ် လုပ်တဲ့အခါမှာ စရံငွေမရသေးဘဲ စာရွက်စာတမ်း မိတ္တူပေး စရာမလိုတာ၊ ကိုယ်ပေးမယ့်သူနဲ့ ကိုယ်နဲ့ကြားမှာ ပေးရလောက်တဲ့ ယုံ ကြည်လို့ရတဲ့အကြောင်းရင်းနဲ့ခိုင်မာမှုမရှိဘဲအလွယ်တကူမပေးသင့်ဘူးလို့ သိရပါတယ်။

စရန်ငွေနဲ့ ဈေးကွက်လှည့်ပြီးအရောင်းအဝယ်လုပ်ကြတဲ့ ဈေးကွက်ကောင်းနေချိန်တုန်းကလည်းမိတ္တူမှန်နဲ့မိတ္တူအတုတွေကြောင့် ဈေးကွက်ပျက်ခဲ့ရတာမျိုးတွေရှိခဲ့တယ်လို့ အကျိုးဆောင်တချို့ဆီက သိရတယ်။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က "အတုလုပ်ရောင်းတာတင်မကဘူး၊ စာရွက်စာတမ်းကိုပဲ ဈေးကွက်ထဲမှာ နှစ်စောင်သုံးစောင်တွေဖြစ်နေတာ၊ ဌာနဆိုင်ရာတွေလဲ အခုတော့ပြန်ပြီး သေချာစိစစ်နေပါပြီ၊ ပါမစ်၊ ဂရန် အတု အစစ်ခွဲခြားပေးနိုင်မယ့် ရုံးခန်း၊ စင်တာတွေရှိရင်တော့ ပိုပြီးကောင်း မယ်" လို့ ပြောပါတယ်။

အိမ်ခြံမြေလောကမှာ ကြုံတွေ့နေရတဲ့ အတုနဲ့ အစစ်က လက်မှတ်တွေ ဆင်တူယိုးမှား၊ အချက်အလက်တွေကလည်း တူညီနေတာ မျိုးတွေရှိပြီး အမှားအမှန် ခွဲခြားရ မလွယ်သူဘူး။သက်ဆိုင်ရာရုံးဌာနမှာ စစ်ဆေးပြီး ဝယ်ထားတဲ့ ပိုင်ရှင်နှစ်ဦး၊သုံးဦးဖြစ်နေတာတွေလည်း ရှိကြပါတယ်။

တရားဝင်ပါမစ်တစ်စောင်ပဲ ထုတ်ပေးထားတာဆိုပေမဲ့ ဘယ်ဌာနဆိုင်ရာကမှ သည်စာရွက်စာတမ်းတွေကို အတု၊အစစ်ဆိုတာ တရားဝင် အာမခံပေးနိုင် တာမျိုး မရှိဘူး။လက်ခံစာရင်းနဲ့ တူညီကိုက်ညီမှု ရှိမရှိ တိုက်စစ်ပေးရုံပေး ရှိတာ၊ အတုနဲ့အစစ် ခွဲခြားပေးနိုင်မှသာ အတုတွေပျောက်သွားမှာ ဖြစ်တယ် လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

သည်နောက်ပိုင်းမှာ ဌာနဆိုင်ရာတွေကနေ အမည်ပြောင်းလဲ လျှောက်တာေ တွ၊ အရောင်းအဝယ်တွေမှာ ဌာနကို လာရောက်ကြတဲ့ သူတိုင်းကို သတင်း စာထဲမှာ တရားဝင်ထည့်ကြော်ငြာပြီး ကန့်ကွက်သူမရှိရင် အရင်က ထုတ်ေ ပးထားတဲ့ ဂရန်ကို ဖျက်သိမ်းပြီး စာရွက်စာတမ်းတွေကို ပြန်ပြီး စိစစ်နေတယ် လို့ သိရပါတယ်။

Credit : The Modern

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service