လန်ဒန်ရှိ ဝေါ်ကီတော်ကီမိုးမျှော်တိုက်ကြီးကို စံချိန်တင်ဈေးနှုန်းဖြင့် ဟောင်ကောင်လုပ်ငန်းရှင်များသို့ ရောင်းချလိုက်ပြီ

လန်ဒန်ရှိ ဝေါ်ကီတော်ကီမိုးမျှော်တိုက်ကြီးကို စံချိန်တင်ဈေးနှုန်းဖြင့် ဟောင်ကောင်လုပ်ငန်းရှင်များသို့ ရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
31 Jul 2017 11:07 am တွင် တင်ခဲ့သည်
793 ကြိမ် ကြည့်ရှု့ပြီး
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တော်၏ အထင်ကရ အဆောက်အအုံကြီးတစ်ခုဖြစ်သော ဝေါ်ကီတော်ကီတာဝါကို စံချိန်တင်ဈေးနှုန်းဖြင့် ဟောင်ကောင်ရင်းနှီးမြှုပ်နှံသူများသို့ ရောင်းချလိုက်ပြီဖြစ်ကြောင်း အိုင်ယာလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဝေါ်ကီတော်ကီမိုးမျှော်တိုက်ကြီးကို ပေါင် ၁ ဒသမ ၃ ဘီလီယံ (ယူရို ၁ ဒသမ ၅ ဘီလီယံ) ဖြင့် ရောင်းချလိုက်ခြင်းဖြစ်ပြီး အဆိုပါဈေးနှုန်းမှာ ဗြိတိန်တွင် အဆောက်အအုံတစ်လုံးအတွက် အမြင့်မားဆုံးဈေးအဖြစ် စံချိန်တင်ခဲ့သည်။
တည်ရှိသည့်နေရာမှာ သိမ်းမြစ်၏ မြောက်ဘမ်ခြမ်း၊ လန်ဒန်တံတားအဆင်း၊ ဖန်းချပ်ခ်ျလမ်း ၊ အမှတ် ၂၀ တွင် ဖြစ်သည်။

ဝယ်ယူသွားသူမှာ ဟောင်ကောင်အခြေစိုက် အချဉ်ရည်နှင့် ဟင်းခတ်အမွှေးအကြိုင်များထုတ်လုပ်သည့် လီကွမ်ကီကုမ္ပဏီမှ ဖြစ်ပြီး အဆိုပါကုမ္ပဏီမှာ ခရုဆီဖြင့် နာမည်ကျော်သည်။

အဆိုပါအဆောက်အအုံ၏ ၅၀ ရာခိုင်နှုန်းကို လန်ဒန်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအဖွဲ့ Landsec မှ ပိုင်ဆိုင်ထားပြီး ကျန် ၅၀ ရာခိုင်နှုန်းကို Canary Wharf Group မှ ပိုင်ဆိုင်ထားခြင်းဖြစ်ကာ ထိုအုပ်စုနှစ်ခုလုံးထံမှ ဝယ်ယူခြင်းဖြစ်သည်။

Landsec ၏ အမှုဆောင်အရာရှိချုပ် ရော့ဘ်နိုအယ်လ်က ပြောကြားရာတွင် မိမိတို့၏ ရှယ်ယာများကို ရောင်းချရန် မြင့်မားသောဈေးနှုန်းဖြင့် ကမ်းလှမ်းဆွဲဆောင်ခြင်းခံခဲ့ရကြောင်း ပြောကြားသည်။
“ကျွန်တော်တို့က ရှယ်ယာတွေကို ရောင်းချင်နေတဲ့အချိန်မျိုးတော့မဟုတ်ဘူး။ ဒါပေမယ့် ဘယ်ရှယ်ယာမှ မရောင်းဘဲ တစ်သက်လုံး သိမ်းထားရမယ့်ဟာမျိုး မရှိပါဘူး။ ဒါက ကျွန်တော်တို့ ရောင်းထုတ်ရမယ့်ဈေးနှုန်းပါ” ဟု ရော့ဘ်နိုအယ်လ်က ပြောကြားသည်။

“၂၀၁၀ မှာ ဒါကို ကျွန်တော်တို့စလုပ်ခဲ့တုန်းက ခင်ဗျားဘာတွေလျှောက်လုပ်နေတာလဲလို့ လူတွေက မေးခဲ့ကြတယ်။ အခုအဲဒါက စံချိန်တင်ဈေးနှုန်းနဲ့ ရောင်းချနိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု မစ္စတာနိုအယ်လ်က ဆက်လက်ပြောကြားသည်။
တရုတ်ရင်းနှီးမြှုပ်နှံသူတို့သည် ယခုနှစ်ပထမနှစ်ဝက်ကာလအတွင်း လန်ဒန်ရှိ ရုံးခန်းအဆောက်အအုံများကို ဝယ်ယူခဲ့ရာတွင် ပေါင် ၂ ဒသမ ၃ ဘီလီယံခန့်အထိ သုံးစွဲခဲ့ကြပြီးဖြစ်သည်။

လီကွမ်ကီကုမ္ပဏီသည် ၁၈၈၈ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိဥက္ကဌ လီမန်တက်သည် ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံခန့် ကြွယ်ဝကြောင်း ဖော့ဘ်မဂ္ဂဇင်းကြီးက ခန့်မှန်းထားသည်။

ဝေါ်ကီတော်ကီအဆောက်အအုံကို ဒီဇိုင်နာ ရာဖေးဗီနိုလီက ဒီဇိုင်းရေးဆွဲခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ကာ ရုံးခန်းကြမ်းခင်း ဧရိယာ ၆၇၁၀၀၀ စတုရန်းပေရှိသည်။
၃၄ ထပ်အဆောက်အအုံဖြစ်ပြီး လန်ဒန်မြို့ အာမခံလုပ်ငန်းများအခြေစိုက်ရာဒေသတွင် တည်ရှိသည်။

အဆောက်အအုံ၏ ဒီဇိုင်းနှင့်ပတ်သက်၍မူ ဝေဖန်မှုအများအပြားထွက်ပေါ်ခဲ့ပြီး အဆောက်အအုံတွင် တပ်ဆင်ထားသော မှန်ခွက်ပြတင်းများမှ ပြန်ထွက်သော အလင်းတန်းများသည် မှန်ဘီလူးကဲ့သို့ အလင်းစုစည်းကာ လမ်းသွားလမ်းလာများနှင့် ရပ်နားထားသော မော်တော်ကားများကို ထိခိုက်စေမှုများ ဖြစ်ပေါ်ခဲ့ဖူးသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လန်ဒန်ရှိ ဝေါ်ကီတော်ကီမိုးမျှော်တိုက်ကြီးကို စံချိန်တင်ဈေးနှုန်းဖြင့် ဟောင်ကောင်လုပ်ငန်းရှင်များသို့ ရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
လန်ဒန်ရှိ ဝေါ်ကီတော်ကီမိုးမျှော်တိုက်ကြီးကို စံချိန်တင်ဈေးနှုန်းဖြင့် ဟောင်ကောင်လုပ်ငန်းရှင်များသို့ ရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
လန်ဒန်ရှိ ဝေါ်ကီတော်ကီမိုးမျှော်တိုက်ကြီးကို စံချိန်တင်ဈေးနှုန်းဖြင့် ဟောင်ကောင်လုပ်ငန်းရှင်များသို့ ရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service