AccorHotels ဟိုတယ်လုပ်ငန်းစုနဲ့ LP Holding တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ဟိုတယ်သစ်သုံးလုံး ဖွင့်လှစ်မည်

AccorHotels ဟိုတယ်လုပ်ငန်းစုနဲ့ LP Holding တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ဟိုတယ်သစ်သုံးလုံး ဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
5 Jul 2017 9:55 am တွင် တင်ခဲ့သည်
746 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံမှာ ဟိုတယ်သစ် သုံးခု ဖွင့်လှစ်လုပ်ကိုင်ဖို့ ပူးပေါင်းသ
ဘောတူစာချုပ်တစ်ရပ်ကို ပြင်သစ်ဟိုတယ်လုပ်ငန်းစုကြီးဖြစ်တဲ့
AccorHotels နဲ့ LP Holding တို့အကြား လက်မှတ်ရေးထိုးခဲ့တယ်လို့
သိရပါတယ်။

၎င်း လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုနဲ့အတူ မြန်မာနိုင်ငံမှာ ယခုနှစ်
အတွင်း Mercure Mandalay Hill Resort ဟိုတယ် ဖွင့်လှစ်မှုနဲ့အတူ
ယခုနှစ်၂၀၁၇ နဲ့ ၂၀၂၀ တို့မှာ အသီးသီးဖွင့်လှစ်ဖို့ရှိနေတဲ့
Pullman Yangon Centrepoint ဟိုတယ်နဲ့ Mandalay Hill
Resort MGallery by Sofitel ဟိုတယ်တို့ ဖွင့်လှစ်မှုတို့ကိုပါ
တွေ့မြင်ရဖို့ရှိနေပြီ ဖြစ်ပါတယ်။

" ခုလို LP Holding နဲ့အတူ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံမှာ
ဟိုတယ်သစ် သုံးခုထိ ဖွင့်လှစ်လုပ်ကိုင်ရဖို့ရှိနေတဲ့အပေါ် များစွာ
ကျေနပ်ဝမ်းမြောက်မိပါတယ်၊ ဒီ ဟိုတယ်သုံးလုံးစလုံးဟာလည်း
ခရီးသွားတွေနဲ့ စီးပွားရေးဧည့်သည်ဆောင်သည်တွေ အကြိုက်တွေ့
တဲ့ ရန်ကုန်နဲ့ မန္တလေးတို့က အချက်အချာကျနေရာအကွက်အကွင်း
ကောင်းတွေမှာ တည်ရှိနေတာဖြစ်ပါတယ်" လို့ AccorHotels ရဲ့
စီအိုအို Partrick Basset က ပြောသွားပါတယ်။

" LP Holding နဲ့ AccorHotels တို့ ပူးပေါင်းမှုက ကမ္ဘာလုံးဆိုင်ရာ
ဧည့်ခံကြိုဆိုရေးကုမ္ပဏီကြီးရဲ့ လုပ်ငန်းပိုင်းကျွမ်းကျင်မှုကို ပြည်တွင်း
က ဈေးကွက်ကျွမ်းကျင်မှုနဲ့ ပေါင်းစည်းပေးလိုက်နိုင်မှာဖြစ်ပါတယ်၊
မြန်မာနိုင်ငံဟာဆိုရင်လည်း အရေးယူပိတ်ဆို့မှုတွေ
ရုတ်သိမ်းခံရပြီးကတည်းက အရှေ့တောင်အာရှမှာ ခရီးသွားတွေ လာရောက်မှုအများဆုံးနိုင်ငံဖြစ်လာခဲ့ပါပြီ၊ ခုလို ဒီဟိုတယ်သုံးခု ဖွင့်လှစ်ခြင်းကလည်း ခရီးသွားတွေအတွက် နောက်ထပ် ရွေးချယ်စရာတွေ ထပ်မံတိုးပွားလာစေဖို့ရှိနေတာဖြစ်ပါတယ်" လို့ LP Holding Co Ltd ရဲ့
ဒါရိုက်တာ Lertsak Nopburanand က ပြောပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ ခရီးသွားလုပ်ငန်းဟာ မြန်မာ့စီးပွားရေးအပေါ်
အဓိကထောက်ကူဖြည့်ဆည်းပေးနိုင်ခဲ့ပြီး လုပ်ငန်းပိုင်း ၀င်ငွေ ရရှိမှု
၁၉ ရာခိုင်နှုန်းထိမြင့်တက်ထားခဲ့တယ်လို့ သိရပါတယ်။

Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service