နိုင်ငံခြားဘဏ်များတွင် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များကို ဘဏ်စာရင်းဖွင့်ခွင့်ပေးရန် ဗဟိုဘဏ်စီစဉ်

နိုင်ငံခြားဘဏ်များတွင် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များကို ဘဏ်စာရင်းဖွင့်ခွင့်ပေးရန် ဗဟိုဘဏ်စီစဉ် - Property News in Myanmar from iMyanmarHouse.com
23 Jun 2017 9:49 am တွင် တင်ခဲ့သည်
1474 ကြိမ် ကြည့်ရှု့ပြီး
ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များကို ပြည်တွင်း၌ ဘဏ်ခွဲ လာရောက်ဖွင့်ထားသည့် နိုင်ငံခြားဘဏ် ၁၃ ခုတွင် ဘဏ်စာရင်း ဖွင့်ခွင့်ပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံခြားဘဏ်များကို ဖွင့်ခွင့်ပေးထားသော်လည်း ပြည်တွင်းဘဏ်များကဲ့သို့ လုပ်ငန်းလုပ်ကိုင်ခွင့်များ ချပေးထားခြင်း မရှိကြောင်း၊ သို့သော် နောက်ပိုင်းတွင် ပြည်တွင်းဘဏ်များ ဈေးကွက်ယှဉ်ပြိုင်နိုင်ပါက လုပ်ငန်းများ တဖြည်းဖြည်းချင်း လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ပြီး လတ်တလောတွင် ဘဏ်စာရင်းကိစ္စများကို အရင်ဆုံးချပေးရန် ဆောင်ရွက်နေကြောင်း ဗဟိုဘဏ်၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“နိုင်ငံခြားဘဏ်တွေက ပရိုမိုးရှင်းအနေနဲ့ ပြည်တွင်းက ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေကို ဘဏ်အကောင့် ဖွင့်ပေးမလို့ တင်ပြလာတာတွေ ရှိတယ်။ ဒါတွေကို ဗဟိုဘဏ်ဥက္ကဋ္ဌကို တင်ပြထားတယ်။ သူခွင့်ပြုပြီးတာနဲ့ လုပ်ခွင့်ပေးမှာပါ”ဟု ၎င်းကဆိုသည်။

ဗဟိုဘဏ်အနေနှင့် စီးပွားရေး လုပ်ငန်းရှင်များကို နိုင်ငံခြားဘဏ်များတွင် အကောင့်ဖွင့်ခွင့်ပေးခြင်းအားဖြင့် ငွေပေးချေရေး ကိစ္စများပါ အဆင်ပြေစေနိုင်ပြီး ယင်းဘဏ်များမှ ချေးငွေရရှိနိုင်ပါကလည်း လုပ်ငန်းချဲ့ထွင်ရန် အကျိုးအမြတ်ကောင်းများ ရရှိနိုင်ကြောင်း ရေထွက် ပို့ကုန်လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။

“နိုင်ငံခြားဘဏ်တွေက သူတို့ရဲ့ Network ကလည်း ကျယ်တယ်။ ဒီတော့ ငွေလွှဲဖို့ဆိုရင် သူတို့က ဝန်ဆောင်မှု ပိုကောင်းတယ်။ သူတို့ဆီက ပြည်တွင်းဘဏ်တွေထက် အတိုးသက်သက်သာသာနဲ့ ချေးငွေရမယ်ဆိုရင် အကောင့်ဖွင့်ချင်ကြမှာပါပဲ”ဟု ၎င်းက သုံးသပ် ပြောကြားသည်။

လက်ရှိတွင် နိုင်ငံခြားဘဏ် ၁၃ ခုကို ဖွင့်ခွင့်ပေးထားပြီး နောက်ထပ် လျှောက်ထားသည့် နိုင်ငံခြားဘဏ်များကိုလည်း လိုင်စင်ချပေးရန် စိစစ်ဆောင်ရွက်နေကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service