ဂျပန်မှာ ငလျင်ဒဏ်ခံနိုင်ဖို့ ဖော့နဲ့လုပ်ထားတဲ့ အိမ်တွေတည်ဆောက်

ဂျပန်မှာ ငလျင်ဒဏ်ခံနိုင်ဖို့ ဖော့နဲ့လုပ်ထားတဲ့ အိမ်တွေတည်ဆောက် - Property News in Myanmar from iMyanmarHouse.com
16 Jun 2017 10:52 am တွင် တင်ခဲ့သည်
2706 ကြိမ် ကြည့်ရှု့ပြီး
ဖော့လို့ပြောလိုက်ရင် တစ်ခါသုံး စားစရာထည့်တဲ့ ပန်းကန်တွေ ၊ ပက်ကင် ထုပ် တဲ့ ပစ္စည်းတွေကိုပဲ မြင်ကြမှာဖြစ်ပေမဲ့ ဂျပန်အိမ်ဆောက် လုပ်ငန်းတစ် ခုအ တွက် ဖော့ဟာ အနာဂတ်ဆောက်လုပ်ရေးပစ္စည်းဖြစ်ပါတယ် ။ ၎င်းဟာ င လျင်ဒဏ်ခံနိုင်တဲ့ အထူးဈေးချိုတဲ့ ဆောက်လုပ်ရလွယ်ကူပြီး အပူဒဏ်အ ထူး ခံနိုင်တဲ့ ဖော့အိမ်တွေကို တည်ဆောက်နေပါတယ် ။

ဂျပန်အမိုးခုံးအိမ်ဆောက်လုပ်ငန်းဟာ ပြီးခဲ့တဲ့ ၁၅ နှစ်ကစပြီး ဂျပန်မှာ ဖော့ အိမ်တွေကို တည်ဆောက်နေပေမဲ့ မနှစ်ကတော့ အထူးပေါ့ပါးတဲ့ အိမ်တွေ ကို ဝယ်လိုအားမြင့်တက်ခဲ့ပါတယ် ။ ၂၀၁၆ ခုနှစ် ဧပြီလအတွင်း ဂျပန်နိုင်ငံ ကူမာမိုတို စီရင်စုမှာ ၇.၀ အဆင့် ငလျင်လှုပ်ခဲ့ပြီး လူ ၄၉ ဦးသေဆုံး ၊ ၃၀၀၀ ဦး ဒဏ်ရာရခဲ့ပါတယ် ။ လူ ၄၄,၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်း ခဲ့ရပြီး လူထောင်ပေါင်းများစွာဟာ ယာယီအိမ်တွေမှာ နေထိုင်ရဆဲဖြစ်ပါတယ် ။ ဒါပေမဲ့ ဘာပျက်စီးမှုမှမရှိတဲ့ နေရာကတော့ ကျူရှုးကျွန်းကျေးရွာ ဇုန်ဖြစ်ပါ တယ် ။ သည်နေရာဟာ ဂျပန်အမိုးခုံးအိမ်ဆောက်လုပ်ငန်းက ဆောက် လုပ် ထားတဲ့ အမိုးခုံးအိမ်အလုံး ၄၈၀ တည်ရှိရာ နေရာဖြစ်ပါတယ် ။

အထူးပေါ့ပါးတဲ့ ဖော့တွေကို အမိုးခုံးတစ်အိမ်ဖြစ်ဖို့အတွက် ကော်ကပ်ပြီး အိမ်တစ်လုံးဟာ ၈၀ ကီလိုဂရမ်သာ ရှိပါတယ် ။ သူ့ပုံစံအပြင်ဒေါက်တိုင်တွေ ၊ ယက်မတွေ ထားစရာမလိုတဲ့အတွက် ငလျင်ဒဏ်ကို ကောင်းကောင်းခံနိုင် ပါတယ် ။

ဂျပန်အမိုးခုံးအိမ်တွေဟာ သာမန်ဖော့နဲ့ပြုလုပ်ထားတာတော့ မဟုတ်ပါဘူး ။ မူပိုင်နည်းပညာကို သုံးပြိး ထုတ်လုပ်ထားတဲ့ သည်ဖော့တွေဟာ အစားအစာ ထည့်ဘူးတွေ ၊ ပက်ကင်တွေမှာ သုံးတဲ့ ဖော့တွေထက် ပိုမိုခိုင်ခံ့ပါတယ် ။

အမိုးခုံးအိမ်တစ်လုံးကို တစ်ပတ်အတွင်း လူသုံးဦးနဲ့ တည်ဆောက်နိုင်ပြီး တန်ဖိုးက ယန်း ခုနစ်သန်းနဲ့ ရှစ်သန်းကြား (ဒေါ်လာ ၆၈,၇၀၀ နဲ့ ၇၈,၅၀၀ ကြား) မှာ ရှိပါတယ် ။ ကြမ်းခင်းအကျယ်က ၃၈၇ စတုရန်းပေ ၊ အမြင့်က ၉.၈ ပေရှိပါတယ် ။

အမိုးခုံးဖော့အိမ်တွေရဲ့အားသာချက် နောက်တစ်ခုက စိတ်ကြိုက်ပြုပြင်နိုင်ြ ခင်းဖြစ်လို့ ပိုင်ရှင်တွေအနေနဲ့ ကိုယ့်စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ် ။ သည် အိမ်တွေကို အမြဲတမ်း လူနေထိုင်တဲ့ အဆောက်အအုံတွေ ၊ ဧည့်ဂေဟာတွေ ဒါမှမဟုတ် ဟိုတယ်ငယ်တွေအဖြစ်ပါ သုံးစွဲနိုင်ပါတယ် ။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service