နေရာပြန်ငှားသည့် ကျူးများကို စမတ်ကတ်များ ပြန်သိမ်းမည်

နေရာပြန်ငှားသည့် ကျူးများကို စမတ်ကတ်များ ပြန်သိမ်းမည် - Property News in Myanmar from iMyanmarHouse.com
13 Jun 2017 9:43 am တွင် တင်ခဲ့သည်
1086 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်မြေများပေါ်တွင် နေရာပြန်လည် ငှားရမ်းနေသူများကို စမတ်ကတ်များ ပြန်သိမ်းမည်ဖြစ်ကြောင်း
ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ် အမှတ် ၁
တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဆိုသည်။

“တချို့မြို့နယ်ဆိုရင် ကျူးမြေကိုပဲ အိမ်တွေ နှစ်လုံး၊ သုံးလုံးဝယ်ပြီး ပြန်ငှားစားထားတာတွေ ရှိတယ်။ အဲလို အိမ်ရှင်မျိုးကို စမတ်ကတ် ပြန်သိမ်းမယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းအတွင်း နေထိုင်လျက်ရှိသည့် ကျူးကျော်နေထိုင်သူ စာရင်း ကောက်ယူရာတွင် မှန်းထားသည့် အရေအတွက်ထက် ကောက်ယူထားပြီး ဖြစ်သည့်စာရင်းမှာ ပိုမို များပြားနေသဖြင့် အဆိုပါကိစ္စကို နိုင်ငံတကာ အဖွဲ့အစည်းဖြင့် ပြန်လည် စိစစ်မည်ဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

ကျူးကျော်စာရင်း ကောက်ခံမှုတွင် မှားယွင်း ကောက်ခံမှုများရှိပြီး ကျူးကျော်စာရင်းစံနှုန်းတွင် ပါဝင်ခြင်း မရှိသည့် အိမ်ထောင်စုများ စမတ်ကတ် ထုတ်ပေးထားသည့်ကိစ္စကို ပြန်လည်ဆွေးနွေးနေကြောင်း ၎င်းက ပြောကြားသည်။

ကျူးမြေဖြစ်သော်လည်း ငွေကြေးတတ်နိုင်သူများက ကျူးမြေများ ဝယ်ယူကာ အိမ်ဆောက်ငှားရမ်းနေမှုများ ရှိနေပြီး ၎င်းတို့ကို ကျူးစာရင်းတွင် စမတ်ကတ် ပေးရန် သတ်မှတ်ထားခြင်း မရှိဘဲ ဌာနဆိုင်ရာ မြေပေါ်တွင် နေထိုင်ခြင်း၊ ကျူးအိမ်တွင် ငှားရမ်းနေထိုင်ခြင်း၊ ပလပ်ကွက်များတွင် အလျဉ်းသင့်သလို ဝင်ရောက်နေထိုင်ခြင်းများကို ကျူးအဖြစ် သတ်မှတ်ကာ စာရင်း ကောက်ခံခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ငှားရမ်းထားသူများ (အိမ်ရှင်) ကို ကျူးအဖြစ် မြို့နယ်အချို့က ကောက်ခံထားမှုရှိပြီး အချို့သော မြို့နယ်တွင် ကောက်ခံထားခြင်း မရှိကြောင်း၊ အမှန်တကယ် နေထိုင်ရန် အခက်အခဲရှိသူများကိုသာ ပြန်လည် နေရာချထားပေးရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရွှေပေါက်ကံ မြို့သစ်တွင် ရပ်ကွက် ခွဲပေါင်း ၁၂ ရပ်ကွက်ရှိပြီး ကျူးကျော်နေထိုင်သူများမှာ ရပ်ကွက် ကိုးခုခန့်ရှိကာ အိမ်ထောင်စုပေါင်း ၃၀ဝ၀ ခန့် ကျူးကျော် နေထိုင်မှု ရှိကြောင်း အဆိုပါမြို့သစ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

“အရောင်းအဝယ်စာချုပ်နဲ့ ဝယ်ယူ နေထိုင်သူ အိမ်ရှင်၊ အိမ်ငှားတွေကို စမတ်ကတ်တွေလည်း ထုတ်ပေးတယ်။ တချို့ ကျူးမြေပေါ်မှာပဲ ငှားစားထားတဲ့ အိမ်ရှင်ကိုလည်း စမတ်ကတ်တွေ ထုတ်ပေးတာ တွေ့တယ်”ဟု ရွှေပေါက်ကံမြို့သစ်ဒေသခံတစ်ဦးက ဆိုသည်။

စမတ်ကတ်များ ထုတ်ပေးရာတွင် အရောင်းအဝယ် စာချုပ်ဖြင့် ဝယ်ယူသည့် အိမ်ရှင်ထံ တစ်ဆင့်ခံ ငှားရမ်းနေထိုင်သူများကို ကျူးအဖြစ် သတ်မှတ်ကာ စမတ်ကတ်များ ထုတ်ပေးထားမှုများ ရှိသည့်အတွက် စမတ်ကတ် မရရှိသည့် အိမ်ရှင်များနှင့် အငြင်းပွားမှုများလည်း ရှိကြောင်း မြောက်ဒဂုံမြို့နယ် ဒေသခံများထံမှ သိရသည်။

ကျူးကျော်စာရင်း ကောက်ယူမှုကို ကနဦးစီမံချက် (Pilot Project)အရ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှ စတင် ကောက်ယူခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း မြို့နယ် ၁၃ ခု၌ တရားမဝင် နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅၄၄၉ ၊ အိမ်ထောင်စု ၁၆၇၇၃၈ စုရှိကာ ကျူးကျော်နေထိုင်သူ ဦးရေ ၄၃၁၀၅၀ ခန့်ရှိကြောင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service