L.A. Confidential ဖြင့် ကမ္ဘာကျော်ခဲ့သည့် ဒါရိုက်တာ၏ ဟောလိဝုဒ်ဟေးလ်နေအိမ် ကန်ဒေါ်လာ ၃ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ

L.A. Confidential ဖြင့် ကမ္ဘာကျော်ခဲ့သည့် ဒါရိုက်တာ၏ ဟောလိဝုဒ်ဟေးလ်နေအိမ် ကန်ဒေါ်လာ ၃ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
9 Mar 2017 12:05 pm တွင် တင်ခဲ့သည်
1016 ကြိမ် ကြည့်ရှု့ပြီး
ရပ်ဆယ်ခရိုး ပါဝင်သရုပ်ဆောင်ထားသည့် L.A. Confidential
ရုပ်ရှင်ကားဖြင့် ကမ္ဘာကျော်ခဲ့သည့် ဒါရိုက်တာ ကားတစ်စ် ဟန်ဆန်၏ ဟောလိဝုဒ်ဟေးလ်နေအိမ်သည် ကန်ဒေါ်လာ ၃ ဒသမ ၁၂၅
သန်းဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း
လော့စ်အိန်ဂျလိအခြေစိုက်
အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်
တစ်ခုတွင် ဖော်ပြသည်။

နေအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊
ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ရှိ
နာမည်ကျော် ဟောလိဝုဒ်ဟေးလ်တွင် ဖြစ်သည်။
ဟန်ဆန်သည် အဆိုပါနေအိမ်ကို မိတ်ဆွေရင်း၊ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးဖြစ်သော မစ္စကာရိုးဖီနီလွန်နှင့်
ပူးတွဲပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

ဟန်ဆန်ကွယ်လွန်ပြီးနောက် ဖီနီလွန်က အမွေဆက်ခံခွင့်ရကာ
နေအိမ်ကို ရာနှုန်းပြည့်ပိုင်ဆိုင်ခွင့် ရခဲ့ကြောင်း
အိမ်ခြံမြေမှတ်တမ်းများတွင်
ဖော်ပြသည်။ကားတစ် ဟန်ဆန်သည် L.A. Confidential ရုပ်ရှင်ကားရိုက်ကူးလိုက်ပြီးနောက်မှ ကမ္ဘာသိဒါရိုက်တာဖြစ်
လာသည့်နည်းတူ ရပ်ဆယ်ခရိုးသည်လည်း
ယင်းဇာတ်ကားကြောင့် နာမည်ကျော်လာခဲ့ခြင်း ဖြစ်သည်။

L.A. Confidential မတိုင်မီက မြောက်အမေရိကတွင်
ရပ်ဆဲခရိုးမှာ လူသိနည်းသူတစ်ဦး ဖြစ်သည်။
ဟန်ဆန်သည် အဆိုပါဇာတ်ကားဖြင့်ပင် အော်စကာဆု
ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

ဟန်ဆန်သည် အိုမင်းမစွမ်းရှိချိန်တွင် စိတ်ကစဥ့်ကလျားဖြစ်ကာ
အသက် ၇၁ နှစ်အရွယ် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ
၂၀ ရက်တွင် ကွယ်လွန်သွားခဲ့သည်။
နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည်မှာ၂၀၀၅
ခုနှစ်အတွင်းဖြစ်ပြီး ကန်ဒေါ်လာ ၁ ဒသမ ၉၉ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင်
ဖော်ပြသည်။

ဟန်ဆန်သည် ယင်းနေအိမ်ကိုဝယ်ယူခဲ့သော်လည်း လုံးဝနေထိုင်ခဲ့ဖူးခြင်း မရှိချေ။ဟန်ဆန်နှင့် မစ္စ ဖီနီလွန်တို့သည် ရုပ်ရှင်ပေါင်းများစွာ အတူတွဲဖက်၍ ဒါရိုက်တာပြုလုပ်ခဲ့ဖူးရာ ရက်ပ်အဆိုတော် Eminem ၏ 8 Mile
ဂီတဗွီဒီယို၊ ကင်မရွန်ဒိုင်ယက်ဇ်ပါဝင် သရုပ်ဆောင်ထားသည့်
In Her Shoes နှင့် အော်စကာဆုရ ဒရာမာဇာတ်ကား Wonder Boys
တို့ ပါဝင်သည်။ထို့အပြင် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Deuce Three Productions ကိုလည်း ပူးတွဲတည်ထောင်ခဲ့ကြသေးသည်။

အဆိုပါနေအိမ်ကို ၁၉၆၇ ခုနှစ်တွင်
ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး
အကျယ်အဝန်း ၂၉၀၀ စတုရန်းပေ ရှိသည်။
နေအိမ်အတွင်း အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၃ ခန်းပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service