ငွေလဲကောင်တာများ စည်းကမ်းဖောက်လျှင် ကောက်မည့်ဒဏ်ကြေး ယခုလအတွင်း ထုတ်ပြန်မည်

ငွေလဲကောင်တာများ စည်းကမ်းဖောက်လျှင် ကောက်မည့်ဒဏ်ကြေး ယခုလအတွင်း ထုတ်ပြန်မည် - Property News in Myanmar from iMyanmarHouse.com
21 Feb 2017 10:33 am တွင် တင်ခဲ့သည်
2038 ကြိမ် ကြည့်ရှု့ပြီး
ပုဂ္ဂလိက ငွေလဲကောင်တာ (Money Changer) များသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထားသည့် စည်းကမ်းများ ဖောက်ဖျက်ပါက ကောက်ခံမည့် ဒဏ်ကြေး သတ်မှတ်ချက်များကို ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့သည့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ အခန်း ၁၀ တွင် ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိသူက ယင်းဥပဒေ အခန်း ၆ ပါ ပြဋ္ဌာန်းချက်ကို ဒဏ်ကြေး ပေးဆောင်ရမည်ဟု ပါသော်လည်း ဒဏ်ကြေးငွေနှုန်းထားများ သတ်မှတ်ထားခြင်း မရှိသည့်အတွက် ဒဏ်ကြေးများ သတ်မှတ်ကောက်ခံရန် စီစဉ်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားသည်။

“ပြစ်ဒဏ်အလိုက် ဒဏ်ကြေးတွေက ကွာသွားလိမ့်မယ်။ ဒဏ်ကြေးက သတ်မှတ်ပြီးသား။ ဒါကို အထက်ကဌာနကို တင်ထားတယ်။ ဒီလအတွင်း သိရမယ်” ဟု ၎င်းက ဆိုသည်။

ဘဏ်များက ဖွင့်ထားသော ငွေလဲကောင်တာများနှင့် လိုင်စင်ရထားသော ပုဂ္ဂလိက ငွေလဲကောင်တာများသည် လိုင်စင်တွင် သတ်မှတ်ခွင့်ပြုထားခြင်း မရှိသော နိုင်ငံခြားသုံးငွေများ ရောင်းဝယ်လုပ်ကိုင်ခြင်း၊ ဗဟိုဘဏ်က သတ်မှတ်သည့် နိုင်ငံခြားငွေ ရည်ညွှန်းဘောင် အပေါင်းအနုတ် သုည ဒသမ ၈ ရာခိုင်နှုန်းကို ကျော်လွန်ရောင်းချပါက ဥပဒေအရ အရေးယူခံရမည် ဖြစ်သော်လည်း လက်ရှိအချိန်အထိ အရေးယူခြင်းနှင့် ဒဏ်ကြေး ကောက်ခံခြင်းများ မရှိသေးကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။

အချို့သော ငွေလဲကောင်တာများမှာ ဟောင်းနွမ်းငွေစက္ကူများ လက်မခံခြင်း၊ ဒေါ်လာကို သတ်မှတ်ထားသည့် ပမာဏထက် ပိုမိုကိုင်ဆောင်ခြင်း စသည့် စည်းကမ်းဖောက်ဖျက်မှုများ ရှိသောကြောင့် ယင်းကဲ့သို့ ဒဏ်ကြေးများ ပေးဆောင်ရန် သတ်မှတ်ခြင်း ဖြစ်ကြောင်း၊ ဒဏ်ကြေးငွေအဖြစ် အနည်းဆုံး ကျပ် ၁၀ သိန်းမှ သိန်း ၅၀ အထိ ဖြစ်နိုင်သည်ဟု ကြားသိရကြောင်း ငွေလဲကောင်တာ လုပ်ငန်းရှင် ဦးသန်းမြင့်က ပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငွေလဲကောင်တာ လိုင်စင်ချပေးထားသည့် ကုမ္ပဏီပေါင်း ၃၄၆ ခုရှိပြီး ငွေလဲကောင်တာ လိုင်စင်ချထားပေးမှုမှာ ရန်ကုန်တွင် အများဆုံးဖြစ်ကာ ကုမ္ပဏီ ၂၈၆ ခုရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service