ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာဈေးနှုန်း ကျပ် ၃၉၀၀၀ မှ ကျပ် ၃၀၀၀၀ အထိကျဆင်းခဲ့၍ ဈေးနှုန်းတည်ငြိမ်စေရန် ဆောင်ရွက်နေ

ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာဈေးနှုန်း ကျပ် ၃၉၀၀၀ မှ ကျပ် ၃၀၀၀၀ အထိကျဆင်းခဲ့၍ ဈေးနှုန်းတည်ငြိမ်စေရန် ဆောင်ရွက်နေ - Property News in Myanmar from iMyanmarHouse.com
7 Feb 2017 12:02 pm တွင် တင်ခဲ့သည်
1578 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ်ချိန်း အစုရှယ်ယာ ဈေးကွက်တွင် အချို့စီးပွားရေးသမားများက ဈေးကစား၍ အမြတ်ထုတ်နေသည်ကို တွေ့ရှိရပြီး ပထမပုဂ္ဂလိကဘဏ်၏ တရားမျှတသည့် ရှယ်ယာဈေးနှုန်းမှာ ကျပ် ၃၉၀၀၀ မှ ကျပ် ၃၀၀၀၀ အထိ ကျဆင်းခဲ့ကြောင်းနှင့် အစုရှယ်ယာရှင်များ မနစ်နာစေရန် ဘဏ်စီမံခန့်ခွဲရေးမှ ရှယ်ယာဈေးနှုန်း တည်ငြိမ်လာစေရေး စနစ်တကျ ဆောင်ရွက်နေကြောင်း ပထမ ပုဂ္ဂလိကဘဏ် ဒါရိုက်တာအဖွဲ့က အစုရှယ်ယာရှင်များသို့ အထူးပန်ကြားလွှာကို ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

ပထမပုဂ္ဂလိကဘဏ် ဒါရိုက်တာအဖွဲ့၏ အစုရှယ်ယာရှင်များသို့ အထူးပန်ကြားလွှာတွင် အချက်ငါးချက်ဖြင့် ဖော်ပြထားပြီး ထုတ်ပြန်ရသည့် အကြောင်းရင်းမှာ ရန်ကုန်စတော့ အိတ်ချိန်းတွင် ပထမပုဂ္ဂလိကဘဏ်၏ အစုရှယ်ယာဈေးနှုန်းသည် တရားမျှတစွာသတ် မှတ်ထားသည့် အခြေခံဈေးနှုန်း (Base Price) အောက်သို့ ကျဆင်းလာခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်တွင် ပထမပုဂ္ဂလိကဘဏ်သည် ဇန်န၀ါရီ ၂၀ ရက်တွင် ရန်ကုန်စတော့ ရှယ်ယာဈေးကွက်သို့ အစုရှင်များ ငွေလိုလျှင် ငွေဖော်နိုင်ရန်နှင့် စတော့ရှယ်ယာဈေးကွက်ကို ပံ့ပိုးရန် ရည်ရွယ်ချက်နှစ်ခုဖြင့် ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့သို့ ၀င်ရောက်ရာတွင် Security Exchange Comission ၏ သဘောတူညီချက်ဖြင့် ရှယ်ယာတစ်စု ဈေးနှုန်းကို တရားမျှတစွာ ကျပ် ၃၉၀၀၀ သတ်မှတ်ခဲ့သော်လည်း ဖေဖော်ဝါရီ ၂ ရက်တွင် ကျပ် ၃၀၀၀၀ သို့ ကျဆင်းခဲ့သည်။ တရားမျှတစွာ သတ်မှတ်ထားသည့် တန်ရာဈေးနှုန်း ကျပ် ၃၉၀၀၀ မှ ကျပ် ၃၀၀၀၀ အထိ ကျဆင်းခဲ့သဖြင့် အစုရှယ်ယာဈေးများ ဆက်လက်ကျဆင်းပါက အစုရှင်များ နစ်နာမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှယ်ယာဈေးကွက်တွင် အချို့သော စီးပွားရေးသမားများက ဈေးကစား၍ အမြတ်ထုတ်နေသည်ကို တွေ့ရှိရပြီး ရှယ်ယာဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှု လိုအပ်ချက်အရ အစုရှင်များ မနစ်နာစေရန် ပထမပုဂ္ဂလိက ဘဏ်စီမံခန့်ခွဲရေးအဖွဲ့မှ ရှယ်ယာဈေးနှုန်းများ တည်ငြိမ်လာစေရန် စနစ်တကျ ဆောင်ရွက်နေပြီး အစုရှယ်ယာရှင်များက လက်တွဲကူညီရန် လိုအပ်သည်ဟု ပန်ကြားထားသည်။ ထို့ပြင် အစုရှင်များအနေဖြင့် ငွေလိုလျှင် ငွေဖော်ရန်ဖြစ်သော်လည်း စီးပွားရေးသမားများ အမြတ်ထုတ်ခြင်းကို ကာကွယ်ရန် ရှယ်ယာများကို လတ်တလော အမြတ်အနည်းငယ်ပိုရ၍ ရောင်းချခြင်းထက် ရေရှည်မိမိတို့၏အကျိုးကို ရှေ့ရှုရန်နှင့် ဈေးနှုန်းတည်ငြိမ်လာစေရေးအတွက် ငွေလိုအပ်ချက်ရှိမှသာ ရောင်းချခြင်းဖြင့် ကူညီပံ့ပိုးပေးရန် အထူးပန်ကြားလွှာတွင် ဖော်ပြထားသည်။

ပထမပုဂ္ဂလိကဘဏ်၏ အစုရှယ်ယာတန်ဖိုးမှာ စတင်ရောင်းချသည့် လေးရက်အတွင်း အနိမ့်ဆုံးဈေးဖြစ်သည့် ကျပ် ၃၄၀၀၀ အောက်သို့ ဇန်န၀ါရီ ၂၅ ရက်တွင် ကျပ် ၃၃၅၀၀ အဖြစ်သို့ ရောက်ရှိပြီးနောက် ဇန်န၀ါရီ ၂၆ ရက်တွင်လည်း အဖွင့်ဈေးတွင် ကျပ် ၃၂၅၀၀ အထိ ကျဆင်းခဲ့ကာ အပိတ်ဈေးတွင်ကျပ် ၃၃၀၀၀ သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထိုမှ ဇန်န၀ါရီ ၂၇ ရက်တွင် ကျပ် ၃၃၀၀၀ ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ပြီးနောက် ဇန်န၀ါရီ ၃၀ ရက် အဖွင့်ဈေးတွင်မူ ရှယ်ယာတစ်စု ကျပ် ၃၁၀၀၀ သို့ ကျဆင်းခဲ့ခြင်းဖြစ်ပြီး အပိတ်ဈေးတွင်မူ ကျပ် ၃၂၀၀၀ သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထိုသို့ကျဆင်းနေရာမှ ဇန်န၀ါရီ ၃၁ ရက်အတွင် အနိမ့်ဆုံးဈေးအဖြစ် ကျပ် ၃၀၅၀၀ သို့ ရောက်ရှိခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်တွင်မူ ကျပ် ၃၁၀၀၀ ဖြစ်ပေါ်ခဲ့ကာ ဖေဖော်ဝါရီ ၂ ရက်တွင်မူ ရှယ်ယာတစ်စု ကျပ် ၃၀၀၀၀ အထိကျဆင်းခဲ့ပြီး ဘဏ်ရှယ်ယာ စတင်ရောင်းချသည့် ၁၀ ရက်အတွင်း ကြမ်းခင်းဈေးအောက် ကျပ် ၉၀၀၀ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း၏ စတုတ္ထမြောက် စာရင်းဝင်ကုမ္ပဏီ ဖြစ်လာခဲ့သည့် ပထမ ပုဂ္ဂလိကဘဏ်အနေဖြင့် စတော့အိတ်ချိန်းသို့ ၀င်ရောက်ရာတွင် ဘဏ်ဆီသို့ ရှယ်ယာဈေးကစားသူများနှင့် ငွေမည်းများစီးဝင် လာမည့်အခြေအနေကို စိတ်ပူနေရပြီး ရန်ကုန်စတော့အိတ်ချိန်းမှ မည်သို့ထိန်းချုပ်နိုင်မည်နည်းဟု ဇန်န၀ါရီ ၂၀ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ ရှယ်ယာစတင်ရောင်းချသည့် ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာရောင်း ချမှုစတင်သည့် အခမ်းအနားတွင် ဘဏ်ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က မေးခွန်းထုတ်ခဲ့ပြီး လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်း အစုရှယ်ယာဈေးကွက်တွင် အချို့စီးပွားရေးသမားများက ဈေးကစား၍ အမြတ်ထုတ်နေသည်ဟု ထပ်မံထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service