လုပ်သားရှားပါးမှုကြောင့်ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အခက်တွေ့

လုပ်သားရှားပါးမှုကြောင့်ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အခက်တွေ့ - Property News in Myanmar from iMyanmarHouse.com
2 Feb 2017 9:43 am တွင် တင်ခဲ့သည်
2052 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တွင် အထပ်မြင့်၊အထပ်နိမ့်ဆောက်လုပ်ရေးလုပ် ငန်းအများစုကို ခွင့်ပြုလိုက်ပြီဖြစ် သော်လည်း ပြန် လည် စတင်ရန် အလုပ်သမား ရှားပါးမှုနှင့် ကြုံ တွေ့နေရကြောင်း သတင်းရရှိ သည်။

‘‘ကုမ္ပဏီကြီးတွေမှာတော့ ပြဿနာ မရှိဘူး။ ကုမ္ပဏီငယ် လေးတွေက အလုပ်သမားပြန်ရှာ နေရတယ်’’ဟု MKT ဆောက်လုပ် ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက် တာ ဦးမျိုးမြင့်က ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်း များရပ်နားထားစဉ်က အများစုကို လုပ်ငန်းခွင်မှ ပြန်လွှတ်လိုက်သ ဖြင့် ယခုအခါ ပြန်လည် စုဆောင်း ရန် အခက်အခဲအချို့ဖြစ်ပေါ်နေ ကြောင်း ၎င်းက ရှင်းပြသည်။

အစိုးရသစ် တက်လာပြီး နောက် ခြောက်လခန့် ခေတ္တရပ်ဆိုင်းခြင်းခံရသည့် ရန်ကုန်မြို့ရှိ အထပ်မြင့်၊ အထပ်နိမ့် ဆောက် လုပ်ရေးလုပ်ငန်းများအားလုံးကို နိုဝင်ဘာဒုတိယပတ်တွင် စတင်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင် သာ ယာရေး ကော်မတီက ခွင့်ပြု လိုက်သည်။

ရန်ကုန်မြို့မှ ဆောက်လုပ် ရေးလုပ်ငန်းအများစု ပြန်လည် လုပ်ကိုင်ရန် တာစူနေသော်လည်း ဆောက်လုပ်ရေး လောက ခေတ်ကောင်းချိန်ကကဲ့သို့ အရေအတွက်အမြောက် အမြား တည်ဆောက်နိုင်ဦးမည် မဟုတ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက သုံးသပ်သည်။

ယခင်က ရန်ကုန်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းများကို အသစ် တည်ဆောက်ရန် လာရောက် တင်ပြသည့် အ ဆောက်အ အုံများနှင့်ဆောက်လုပ်ဆဲများကို မူအသစ်ဖြင့်သာ ခွင့်ပြုမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ယခု ခွင့်ပြုပေးလိုက်သည့် စီမံကိန်းများကို လက်ရှိကျင့်သုံး နေသည့်မူအတိုင်း စစ်ဆေးပြီး ဆက်လက် ဆောင် ရွက်ခွင့်ပြုမည် ဟု သိရသည်။

ရန်ကုန်မြို့တွင် အသစ်ထပ် မံတည်ဆောက်မည့် ဆောက်လုပ် ရေးလုပ်ငန်းရှင်များသည် ဌာန၌ အမှုတွဲ အ သစ်(ဆောက်လုပ်ခွင့် လျှောက်ထားခြင်း)တင်ပြခြင်းကို နိုဝင်ဘာ ဒုတိယပတ်တွင် ပြန်လည် တင်ပြနိုင်ပြီ ဖြစ် သည်။

တည်ဆောက်ရေးလုပ်ငန်း များတွင် အင်ဂျင်နီယာနှင့် အခြား အတတ်ပညာပိုင်းဆိုင်ရာ ပညာ ရှင်များလည်း နိုင် ငံခြားသို့ ပြန်သွားကြောင်း၊ ပြန်လည်ငှားရမ်းရန် လုပ်ခလစာတွင် စာချုပ်များ ပြန်လည် ချုပ်ဆိုနေရသည့် အခြေ အနေများလည်း ဖြစ်ပေါ်နေကြောင်း Resources Group ဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာ ကိုအန်ဒရူးက ပြောသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
လုပ်သားရှားပါးမှုကြောင့်ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အခက်တွေ့ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service