တိုက်ခန်းတွေကို တစ်ဆင့်ခံ ပြန်ဝယ်သူတွေ အခက်ကြုံနေ

တိုက်ခန်းတွေကို တစ်ဆင့်ခံ ပြန်ဝယ်သူတွေ အခက်ကြုံနေ - Property News in Myanmar from iMyanmarHouse.com
31 Jan 2017 12:11 pm တွင် တင်ခဲ့သည်
2120 ကြိမ် ကြည့်ရှု့ပြီး
တိုက်ခန်းတွေကို တစ်ဆင့်ခံ ပြန်လည် ဝယ်ယူသူတွေ ငွေကြေးအခက်အခဲတွေ၊ အရစ်ကျ စနစ်တွေကိ မသိဘဲ ဝယ်ယူလိုက်လို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

“တိုက်ခန်းအဝယ်တွေက အခုတလော အရမ်းများလာတယ်၊ ဝယ်တာကလဲ ပိုက်ဆံရှိတဲ့ သူတွေက ဝယ်ပြီး ပြန်ရောင်းတာတွေ ရှိသလိုပဲ ပြန်ငှားတာတွေလဲ ရှိတတ်တယ်၊ ပြန်ရောင်းတာတော့ ပိုများတယ် ကိုယ်တိုင်နေဖို့ ဝယ်တာကတော့ နည်းပါတယ်” လို့ အိမ်ခြံမြေ အကျိုးဆောင်တစ်ခုက တာဝန်ရှိသူ ဒေါ်ဝင်းဝင်းမော်က ပြောပါတယ်။

တန်ဖိုးနည်းတိုက်ခန်းတွေဖြစ်စေ၊ အရစ်ကျ ဝယ်နိုင်တဲ့ တိုက်ခန်းတွေ ကွန်ဒိုတွေကို ဖြစ်စေ၊ ဝယ်ယူပြီးတော့ ပြန်ရောင်းတာတွေ ပြန်ငှားတာတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။ သည်လို အရောင်းအဝယ်တွေ ပြုလုပ်တာ များလာတာကြောင့် အကျိုးဆောင်တွေလည်း ပိုပြီး အလုပ်ဖြစ်လာကြတယ်လို့ သိရပါတယ်။ ရောင်းတဲ့သူတွေအတွက် အဆင်ပြေနိုင်ပေမဲ့ဝယ်ယူသူတွေအနေနဲ့ ဈေးပိုပြီး ပေးရတာတွေ၊ အရစ်ကျ ဘယ်လို ဝယ်ရမလဲဆိုတာတွေကို မသိတာကြောင့် နစ်နာမှုတွေ ရှိနေတာတွေ ဖြစ်တယ်လို့ သိရပါတယ်။

“ပိုက်ဆံရှိတဲ့ သူတွေက ဝယ်တာ ဟုတ်ပါတယ်၊ သူတို့ ပြန်ရောင်းတော့ နဂိုရောင်းဈေးထက် ပိုနေတယ်၊ အဲဒီလိုဆိုတော့ ဝယ်တဲ့သူတွေအတွက် အခက်အခဲ ဖြစ်စေတာပေါ့၊ သူတို့ကတော့ စီးပွားရေးလုပ်တာ မှန်ပေမဲ့ တကယ်ဝယ်တဲ့ သူတွေအတွက်ကတော့ ဒုက္ခရောက်တယ်” လို့ တစ်ဆင့်ပြန်ဝယ်ယူသူ မသိမ့်သိမ့်က ပြောပါတယ်။

သည်လိုမျိုး တစ်ဆင့် ပြန်လည် ဝယ်ယူရတာကြောင့် ဈေးတွေ ပိုများနေတာတွေ၊ အရစ်ကျ စနစ်နဲ့ ဝယ်နိုင်တာကို မသိလိုက်လို့ လက်ငင်းပေး ဝယ်ရတာတွေလည်း ရှိလာပါတယ်။ ဒါတွေကြောင့် ပြန်ပြီး ဝယ်ယူသူတွေအနေနဲ့ တစ်ဆင့်ခံ ဝယ်သူ ဟုတ်မဟုတ်၊ အရစ်ကျ စနစ်နဲ့ ရောင်းထားတာ ဟုတ်မဟုတ် ကြိုပြီး လေ့လာထားသင့်တယ်လို့ သိရပါတယ်။

Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service