အိမ်ရာငွေစုစာအုပ် ရှိသူများကို တန်ဖိုး နည်း အခန်း ၆ဝဝ ကျော် စတင်ရောင်းချ

အိမ်ရာငွေစုစာအုပ် ရှိသူများကို တန်ဖိုး နည်း အခန်း ၆ဝဝ ကျော် စတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
30 Jan 2017 10:03 am တွင် တင်ခဲ့သည်
4038 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာငွေစုအကောင့် ဖွင့်ထားသူများက အခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်း ငွေစုထားရှိသူများကို ကနဦးအနေဖြင့် ရောင်းချခြင်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောက်လုပ်သည့် ရွှေလင်ပန်း၊ ယုဇနနှင့် ကနောင် တန်ဖိုးနည်း အိမ်ရာများမှ အခန်းပေါင်း ၆ဝဝ ကို စတင်ရောင်းချပေးခြင်းဖြစ်သည်။

''ကျွန်တော်တို့ ဒီဘဏ်မှာ အိမ်ရာငွေစုအကောင့်ဖွင့်ပြီး ငွေစုရင် တန်ဖိုးနည်းအခန်းတွေကို
ဦးစားပေးရောင်းတဲ့အထဲ ပါမယ်ဆိုလို့ ကျွန်တော်တို့ စုခဲ့တာပါ။ အခု အခန်းရဲ့ ၃ဝ
ရာခိုင်နှုန်းပြည့်တော့ ကျွန်တော်တို့ လိုချင်တဲ့အိမ်ရာက အခန်းကို လျှောက်ခဲ့ပါတယ်။
ကျွန်တော်တို့ အခန်းကတော့ မြေညီထပ်လျှောက်ထားပေမဲ့ အခု အပေါ်လွှာတွေပဲ ရပါတယ်။
ဘာပဲဖြစ်ဖြစ် ရတဲ့အခန်းပဲ ယူရမှာပေါ့''ဟု ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာတွင်
အခန်းဝယ်ယူရရှိသူတစ်ဦးက ပြောသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကလည်း ၄င်းတို့ဘဏ်တွင် အိမ်ရာစုဆောင်း
ငွေစာရင်း (Housing Savings Account) ဖွင့်လှစ်၍ တိုက်ခန်းတန်ဖိုး ၃ဝ ရာခိုင်နှုန်း
ပြည့်မီအောင် စုဆောင်းထားသူများ၏ စာရင်းများကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့
အပတ်စဉ် ပေးပို့လျက်ရှိကြောင်း CHD ဘဏ်က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် တိုက်ခန်းများရောင်းချသည့်အခါတွင်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက
ချမှတ်ထားသည့် မူဝါဒများအတိုင်း ငွေစုစာရင်းတွင် ပြည့်မီသူများကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနက စိစစ်ရောင်းချပေးခြင်းဖြစ်သည်။

ထိုသို့ရောင်းချရာတွင် ယခင်အစိုးရလက်ထက်တွင် အသုံးပြုခဲ့သည့် မဲနှိုက်စနစ်ဖြင့်
ရောင်းချခြင်းမဟုတ်ဘဲ အချက်အလက်နှင့်ပြည့်စုံသူများကို ဦးစားပေး ရောင်းချခြင်းဖြစ်ပြီး
ယင်းသို့ ရှေ့ပြေးစီမံကိန်းအဖြစ် စတင်ဆောင်ရွက်သည့်အချိန်တွင် လစ်ဟာမှုများရှိခဲ့ပါက
ဝယ်ယူသူများက ထောက်ပြ၊ဝေဖန်၊ အကြံပြုပေးရန်လည်း ဘဏ်က ဖိတ်ခေါ်ခဲ့သည်။

တိုက်ခန်းဝယ်ယူခွင့် ကျန်ရှိနေသူများကိုလည်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက
ဆက်လက်အကောင်အထည်ဖော်မည့် အိမ်ရာစီမံကိန်းများတွင် ရောင်းချပေးသွားမည်ဖြစ်ပြီး
လက်ရှိတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာငွေစုအကောင့်
ဖွင့်လှစ်ထားသူဦးရေ ၅,ဝဝဝ ခန့်ရှိကြောင်း သိရသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service