အစိုးရသစ်က ရောင်းချသည့်တန်ဖိုးနည်းအိမ်ရာများတွင် အခန်းပို ၁၆၀ ကျော် ကျန်ရှိနေ

အစိုးရသစ်က ရောင်းချသည့်တန်ဖိုးနည်းအိမ်ရာများတွင် အခန်းပို ၁၆၀ ကျော် ကျန်ရှိနေ - Property News in Myanmar from iMyanmarHouse.com
27 Jan 2017 10:04 am တွင် တင်ခဲ့သည်
3085 ကြိမ် ကြည့်ရှု့ပြီး
လက်ရှိရောင်းချနေ သော ကနောင်၊ ရွှေလင်ဗန်းနှင့် ယုဇနတန်ဖိုးနည်းအိမ်ရာစီမံကိန်း တို့တွင် ထပ်မံရောင်းချရန်အခန်း များပိုနေသေးကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနမှ သတင်း ရရှိသည်။

ရွှေလင်ဗန်းအိမ်ရာတွင် အ ခန်းပေါင်း ၂၄၀ရောင်းချရန်စီစဉ် ထားရာ ဘဏ်မှတစ်ဆင့်လျှောက် ထားသူ ၁၀၁ဦးသာရှိသည်။ ယုဇန တန်ဖိုးနည်း အိမ်ရာတွင် အခန်း ပေါင်း ၅၇၁ခန်းရောင်းရန်စီစဉ် ထားရာ အခန်း ၁၆ ခန်း သည် လျှောက်ထားမည့်သူမရှိသေး ကြောင်းနှင့် ကနောင်တန်ဖိုးနည်း အိမ်ရာတွင် အခန်း ၈၀ရောင်းချ ရန်စီစဉ်ထားရာ ၁၀ခန်း ပိုနေသေး ကြောင်း သတင်းရရှိသည်။ ထို့ ကြောင့်အဆိုပါအိမ်ရာစီမံကိန်း သုံးခုရှိ အခန်းပေါင်း ၁၆၀ကျော်ပို နေခြင်းဖြစ်သည်။

‘‘အများစုက မြေညီထပ်ကို လိုချင်တာများတော့ အပေါ်ထပ် တွေကို သိပ် မလျှောက်ကြဘူး။ ဒါ ကြောင့် အခန်းတချို့ပိုနေတာ’’ဟု မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦး မောင်မောင်လွင်က 7Day Daily အား ပြောသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်တွင်ငွေကျပ်သိန်း ၃၀ ပြည့်သောကြောင့် ဘဏ်စာ ရင်း ဖွင့်လှစ်ထားသူများအား အိမ် ရာချေးငွေများ ထုတ်ပေးပြီးအဆို ပါအခန်းများကို ရောင်းချနေခြင်း ဖြစ်သည်။

အစိုးရသစ်လက်ထက်ပထ မဆုံးအကြိမ်အဖြစ် ဘဏ်ချေးငွေ ဖြင့် ရောင်းချသော အိမ်ရာစီမံကိန်းများအနက် တောင်ဒဂုံမြို့ နယ်ရှိ ယုဇနအိမ်ရာစီမံကိန်းကို အများဆုံးလျှောက်ထားဝယ်ယူ ကြကြောင်း ဦးမောင်မောင်လွင် ကပြောသည်။

ပိုနေသော အခန်းများကို ဘဏ်စာရင်းအကောင့်ဖွင့်ထားသူများထဲမှအလှည့်ကျ စီနီယာအလိုက်ထပ်မံ ရောင်းချမည့် အစီအစဉ်များရှိကြောင်း သတင်းရရှိသည်။

ရောင်းချရာတွင် ကုမ္ပဏီဝန် ထမ်း၊ အစိုးရ၀န်ထမ်းနှင့် သာမန်ပြည်သူအငြိမ်းစားများဟူ၍ အုပ်စုအလိုက် ခွဲခြားရောင်းချနေသည်။

တန်ဖိုးနည်းအိမ်ရာဝယ်ယူ ခွင့်ရရှိသူများအနေဖြင့် ဘဏ်သို့ နှစ်ပတ်အတွင်းလာရောက်ဆက် သွယ်ရန်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယခင်အစိုးရလက်ထက်က ရန်ကုန်တွင် ရွှေလင်ဗန်း အပိုင်း (၁)နှင့် အပိုင်း(၂)၊ ကျန်စစ်သား၊ ယုဇန၊ ကနောင်တန်ဖိုးနည်းအိမ် ရာစီမံကိန်းငါးခုတည်ဆောက်ခဲ့ သည်။ သို့သော် ရွှေလင်ဗန်းအိမ် ရာစီမံကိန်းမှ အခန်းပေါင်းခြောက် ရာကျော်ကိုသာ ယခင်အစိုးရ လက်ထက်တွင် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာနမှ ရောင်းချနိုင်ခဲ့ ကြောင်း ဦးမောင်မောင်လွင်က ပြောသည်။

ယခုရောင်းချနေသော အိမ် ရာစီမံကိန်းများမှာ ပြီးခဲ့သည့်အစိုး ရလက်ထက်က စတင်တည် ဆောက်ခဲ့ပြီး ယခုအစိုးရသစ် လက်ထက်ရောက်မှ ပြီးစီးသော ကြောင့် ယခုနှစ်တွင် ရောင်းချနိုင် ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် အစိုးရလက်ထက်က မဲနှိုက်သည့်စနစ်ဖြင့် ရောင်းချခဲ့ပြီး ယခုအစိုးရသစ် လက်ထက်တွင် ဘဏ်၌ ငွေစု ထားသူများကိုသာ ဦးစားပေး ရောင်းချသည့်စနစ်ကို ကျင့်သုံး နေကြောင်း ၎င်းကပြောသည်။

လက်ရှိတွင် မြို့ပြနှင့် အိမ် ရာဖွံ့ဖြိုးမှုဦးစီးဌာနက တည် ဆောက်ပြီးစီးသမျှ တန်ဖိုးနည်း အိမ်ရာစီမံကိန်းများမှ စုစုပေါင်း အခန်းပေါင်း ၂,၀၀၀ကို ကနဦး ရောင်းချနေခြင်းဖြစ်သည်။


Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service