မြေနီကုန်းခုံးကျော်တံတားအောက်၌ ပြည်သူအပန်းဖြေနေရာမကြာမီဖွင့်လှစ်မည်

မြေနီကုန်းခုံးကျော်တံတားအောက်၌ ပြည်သူအပန်းဖြေနေရာမကြာမီဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
25 Jan 2017 11:03 am တွင် တင်ခဲ့သည်
2490 ကြိမ် ကြည့်ရှု့ပြီး
ပြည်သူများ လွတ်လပ်စွာအပန်းဖြေအနား ယူနိုင်ရန်အတွက် ရန်ကုန်မြို့ မြေနီကုန်းခုံး ကျော်တံတားအောက်၌ တည်ဆောက် ထားသည့် ပြည်သူများအပန်းဖြေနေရာ ဖွင့်လှစ်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၅ ရက်တွင် အဆိုပါ ခုံးကျော်တံတား အောက်၌ ကျင်းပသွား မည်ဖြစ်ကြောင်း မြေနီကုန်းခုံးကျော်တံတား စီမံကိန်း မန်နေဂျာထံမှ သိရသည်။

ပြည်သူတွေသိစေချင်

''ပြည်သူပိုင်နေရာတွေမှာ ပြည်သူတွေအပန်းဖြေအနားယူနိုင်ဖို့ ဘယ်လို ဖော်ထုတ်မလဲဆိုတာ ပြည်သူတွေ သိစေချင်တယ်။ အဲ့ဒီအတွက် အခမ်း အနားနဲ့ ဖွင့်လှစ်သွားပါမယ်။ ရန်ကုန်မှာ ခုံးကျော်တံတားငါးစင်း ရှိတယ်။ အဲ့ဒီ ခုံးကျော်တံတားတွေမှာလည်း ဆက် လုပ်ဖို့ရှိတယ်။ လှည်းတန်းခုံးကျော် တံတားကိုတော့ လုပ်ဖို့စီစဉ်နေတယ်'' ဟု မြေနီကုန်းခုံးကျော်တံတား စီမံကိန်း မန်နေဂျာ ကိုအဲလက်စ်က ပြောသည်။

ပထမဆုံးတည်ဆောက်

ပြင်သစ်ယဉ်ကျေးမှုဌာနက တာဝန် ယူတည်ဆောက်နေသည့် ခုံးကျော် တံတားအနုပညာစီမံကိန်းတွင် ရန်ကုန်မြို့ရှိ ခုံးကျော်တံတားများအနက် မြေနီ ကုန်းခုံးကျော်တံတားအောက်တွင် တည် ဆောက်ထားသည့် ပြည်သူများ အပန်းဖြေ နေရာသည် ပထမဆုံးတည်ဆောက်ခြင်း ဖြစ်သည်။
အဆိုပါစီမံကိန်းသည် မြို့တော်ရှိ ပြည်သူပိုင်နေရာများ၊ အနုပညာ၊ အား ကစားနှင့် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်း ကျင်တို့၏ အရေးပါပုံတို့ကို မီးမောင်း ထိုးပြရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရ သည်။ ရန်ကုန်မြို့သည် လွန်ခဲ့သည့်နှစ်များ အတွင်း ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် မော်တော်ယာဉ် များနှင့် မော်တော်ယာဉ် သုံးစွဲသူဦးရေများလာပြီး ပြည်သူများ အပန်းဖြေ အနား ယူနိုင်သည့် အများပိုင် နေရာများဆုံးရှုံးကာ မြို့တော်ရှိလမ်းများ ပေါ် တွင် လမ်းလျှောက်စရာနေရာပင် မရှိသည့်အဖြစ်များ ကြုံတွေ့နေကြ ရ ကြောင်း၊ ယခုခုံးကျော်တံတား အနုပညာ စီမံကိန်းသည် ရန်ကုန်မြို့ပြ အတွင်း ပြန်လည် အသွင်ဆန်းခြင်းလုပ်ငန်းတစ် ရပ်ဖြစ်ကြောင်း မြေနီကုန်း ခုံးကျော် တံတားစီမံကိန်းက သုံးသပ်ထားသည်။

ခုံးကျော်တံတားအနုပညာစီမံကိန်းကို

တာဝန်ယူဆောင်ရွက်နေသည့် ပြင်သစ်ယဉ်ကျေးမှုဌာနအနေဖြင့် အနာ ဂတ်တွင် အလားတူစီမံကိန်းများအား ရန်ကုန်မြို့ရှိ အခြားသော ခုံးကျော်တံတား များ၌ အကောင်အထည်ဖော်ဆောင် သွားရန် ဆန္ဒရှိနေသည်။ ယင်းဆန္ဒ အကောင်အထည်ပေါ်လာစေရန် ပြင် သစ်ယဉ်ကျေးမှုဌာနသည် မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်းနှင့် ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့တို့ဖြင့် ပူးပေါင်းကာ မြန်မာ လူငယ်များ၏ အနာဂတ်ရန်ကုန်မြင်ကွင်း ဆိုင်ရာ ဗိသုကာဒီဇိုင်းပုံစံငယ်များ ပေါ် ထွက်လာစေရန် အားပေးဆောင်ရွက် နေကြောင်း သိရသည်။

ပြည်သူများ အသုံးပြုနေ

မြေနီကုန်းခုံးကျော်တံတား စီမံကိန်းအား ဒီဇင်ဘာ ၄ ရက် မင်္ဂလာပါ ပွဲတော်ရက်မှစတင်ကာ အများပြည်သူ အတွက် စတင်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါ မြေနီကုန်းခုံးကျော်တံတား အောက်ရှိ
အများပိုင်နေရာများ အားပြည်သူများ အသုံးပြုနေပြီဖြစ်သည်။

စီမံကိန်းအတွက် ပြင်ဆင်မှုများ ပြုလုပ်ရာတွင် ထိုနေရာရှိဒေသခံပြည်သူ များ အထူးသဖြင့် လူငယ်များထံ ဤစီမံကိန်းအပေါ်ထားရှိသည့် ၄င်းတို့၏ဆန္ဒ များနှင့်လိုအပ်ချက်များအား နားလည် သဘောပေါက်ရန် ဦးစွာချဉ်းကပ်လေ့လာ ခဲ့ကြောင်းလည်း သိရသည်။

မြေနီကုန်းခုံးကျော်တံတားစီမံကိန်း တည်ဆောက်ရာတွင် ယခင်အကာအရံအတားအဆီးအဟောင်းများအား ဖယ် ရှားပြီး အုတ်ခုံတန်းရှည်များပါဝင်သည့် ဘောလုံးကွင်း၊ ခြင်းလုံးကွင်းနှင့် အက နေရာများ၊ အနုပညာလက်ရာမြောက် လျှောက်လမ်းများ၊ အပင်များနှင့် ရေပေး စနစ်ပါဝင်သည့် စိမ်းလန်းစိုပြည်သော တံတားတိုင်များ၊ လူကူးမျဉ်းကျားများ၊ ယာဉ်အ္တရာယ်ကင်းဝေးစေရန် လမ်း အမှတ် အသားများနှင့် လမ်းသွားလမ်း လာများ အ္တရာယ်ကင်းဝေးစေရေး အတွက် အပင်များစိုက်ပျိုးထားသည့် လမ်းလယ်ကျွန်းများ၊ အများပြည်သူများ အတွက် အုတ်ခုံရှည်များဖြင့် ပုံစံရေးဆွဲ တည်ဆောက်ထားပြီး တံတားအောက် နှင့် အနီးရှိပန်းခြံများတွင် အမှိုက်ပုံး များထားရှိခြင်း၊ သတင်းအချက် အလက် ပြဆိုင်းဘုတ်များ တပ်ဆင်ခြင်း၊ ပဒုမ္မာ ပန်းခြံအတွက် ဝင်ပေါက်အသစ်တစ်ခု ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက် ထားကြောင်း သိရသည်။

လှူဒါန်း

စီမံကိန်းအတွက် ရန်ပုံငွေများအား နိုင်ငံတကာနှင့်ပြည်တွင်းအလှူရှင်များ၊ မိတ်ဖက်များမှရရှိပြီး ပြင်သစ်အစိုးရမှ ဒေါ်လာတစ်သိန်းတစ်သောင်းခန့်အား လှူဒါန်းပြီး ဒေါ်လာရှစ်သောင်းကို ပြည်တွင်းအလှူရှင်များက လှူဒါန်း ခဲ့ကာ ဆောက်လုပ်ရေးလုပ်ငန်းများ အတွက် ဗိသုကာပိုင်းဆိုင်ရာများအား Arche-type က အဓိကအကြံပေးခဲ့ပြီး Vivablast၊ BYMA နှင့် ဒဂုံဆောက်လုပ်ရေး လုပ်ငန်းတို့မှ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် တာဝန်ယူခဲ့ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service