အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်တွင် မိုးမျှော်တိုက်တစ်လုံး မီးလောင်ပြိုကျရာ လူပေါင်း ၃၀ ခန့် သေဆုံး

အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်တွင် မိုးမျှော်တိုက်တစ်လုံး မီးလောင်ပြိုကျရာ လူပေါင်း ၃၀ ခန့် သေဆုံး - Property News in Myanmar from iMyanmarHouse.com
24 Jan 2017 11:43 am တွင် တင်ခဲ့သည်
1745 ကြိမ် ကြည့်ရှု့ပြီး
အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်တွင် မိုးမျှော်တိုက်တစ်လုံး မီးလောင်ပြိုကျမှုဖြစ်ပွားရာ မီးသတ်သမားများ အပါအဝင် အနည်းဆုံး လူပေါင်း ၃၀ ခန့် သေဆုံးခဲ့ကြောင်း အီရန်အစိုးရပိုင် သတင်းမီဒီယာတို့က ထုတ်ပြန်သည်ဟု အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မီးလောင်ပြိုကျမှု ဖြစ်ပွားသည်မှာ တီဟီရန်မြို့လယ်ရှိ အထင်ကရအဆောက်အအုံတစ်ခုဖြစ်သော Plasco အဆောက်အအုံကြီးဖြစ်ပြီး အနည်းဆုံး လူပေါင်း ၇၀ ခန့် ပိတ်မိခဲ့ကြသည်။
ယင်းဖြစ်ရပ်တွင် မီးသတ်သမားပေါင်း ၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရပိုင် IRNA သတင်းဌာနက ထုတ်ပြန်သည်။

Plasco အဆောက်အအုံကြီးသည် စတီးဖြင့်အခြေခံဆောက်လုပ်ထားသည့် အဆောက်အအုံဖြစ်ကာ ၁၇ ထပ်အမြင့်ရှိပြီး အီရန်တွင် သက်တမ်းအရင့်ဆုံး အဆောက်အအုံဖြစ်သည်။

မီးသတ်သမားများသည် နာရီပေါင်းများစွာငြိမ်းသတ်ခဲ့သော်လည်း နောက်ဆုံးတွင် အဆောက်အအုံပြိုကျသွားခဲ့ရသည်။
မိမိတို့၏ တန်ဖိုးရှိသောပစ္စည်းများကို သိမ်းဆည်းရယူရန် အဆောက်အအုံအတွင်း ဝင်ရောက်ကြသည့် ဆိုင်ရှင်များကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ရသည်ဟု ဆိုသည်။

အဆောက်အအုံ၏ ဘေးဘက်အခြမ်းမှ စတင်ပြိုကျခဲ့ပြီး အားလုံးပြိုကျခဲ့ပြီးနောက်တွင် အညိုရောင်မီးခိုးလုံးကြီးများ ဝန်းကျင်တွင် ဖုံးလွှမ်းသွားခဲ့ကာ အနီးဝန်းကျင်မှ စောင့်ကြည့်သူများ များစွာကြေကွဲဝမ်းနည်းခဲ့ကြသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ ၁၀ ခုမှ လာရောက်ငြိမ်းသတ်ခဲ့ပြီး အီရန်စစ်သည်တို့လည်း ရောက်ရှိလာခဲ့ကြသည်။
Plasco အဆောက်အအုံကြီးကို ၁၉၆၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ပြီး ထိုစဉ်က တီဟီရန်တွင် အမြင့်မားဆုံး အဆောက်အအုံကြီးတစ်ခု ဖြစ်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်တွင် မိုးမျှော်တိုက်တစ်လုံး မီးလောင်ပြိုကျရာ လူပေါင်း ၃၀ ခန့် သေဆုံး - Property News in Myanmar from iMyanmarHouse.com
အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်တွင် မိုးမျှော်တိုက်တစ်လုံး မီးလောင်ပြိုကျရာ လူပေါင်း ၃၀ ခန့် သေဆုံး - Property News in Myanmar from iMyanmarHouse.com
အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်တွင် မိုးမျှော်တိုက်တစ်လုံး မီးလောင်ပြိုကျရာ လူပေါင်း ၃၀ ခန့် သေဆုံး - Property News in Myanmar from iMyanmarHouse.com
အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်တွင် မိုးမျှော်တိုက်တစ်လုံး မီးလောင်ပြိုကျရာ လူပေါင်း ၃၀ ခန့် သေဆုံး - Property News in Myanmar from iMyanmarHouse.com
အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်တွင် မိုးမျှော်တိုက်တစ်လုံး မီးလောင်ပြိုကျရာ လူပေါင်း ၃၀ ခန့် သေဆုံး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service