နေပြည်တော်မှာ အခပေး ကျူးလုပ်နေသူတွေ ရှိနေ

နေပြည်တော်မှာ အခပေး ကျူးလုပ်နေသူတွေ ရှိနေ - Property News in Myanmar from iMyanmarHouse.com
13 Jan 2017 11:11 am တွင် တင်ခဲ့သည်
1451 ကြိမ် ကြည့်ရှု့ပြီး
နေပြည်တော်မှာ လယ်ယာသိမ်းခံ တောင်သူတွေနဲ့ ကျူးကျော်သူတွေရဲ့ ပြဿနာကို စည်ပင်က ပြန် လည် ဖြေရှင်းပေးမယ်ဆိုတဲ့ သတင်းထွက်ပေါ်နေတာကြောင့် ပိုက်ဆံပေးပြီး ကျူးကျော်တာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ပုံစံ(၇)နဲ့ လယ်ယာပိုင်ဆိုင်မှု သေချာတဲ့ တောင်သူဆီက ပိုက်ဆံတတ်နိုင်သူက ဝယ်လိုက်ပြီး အဲသည် လယ်ယာမြေကွက်တွေကို လူနေအကွက်ရိုက်ပြီး ပြန်လည် ရောင်းချတာ ဖြစ်ပါတယ်။ ရောင်းတဲ့အခါ မှာ ပေ ၄၀x ၆၀ လို မြေကွက်မျိုးကို ကျပ် ၁၅ သိန်းလောက်နဲ့ ရောင်းတာကြောင့် ဝယ်သူတွေက လည်း စွန့်ပြီး ဝယ်ယူထားကြတာပါ။

ရွှေလက်ပံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ဦးကျော်စွာမြင့်က “တချို့ကလဲ မသမာတဲ့နည်းနဲ့ ဝယ်နေကြတယ်၊ တရားဝင်ချထားတဲ့ ဈေးနဲ့မဝယ်ဘဲနဲ့ ဈေးပေါတဲ့ အကွက်ကို ဝယ်တယ်၊ အကွက် များ ပြန်ပေးမလား၊ လျော်ကြေးများ ပြန်းပေးမလားဆိုတဲ့ ဆန္ဒနဲ့ ကျူးနေကြတယ်။ တစ်နည်းအားဖြင့် ပိုက်ဆံပေးပြီး ကျူးတာနဲ့ မပေးဘဲ ကျူးတာပဲ ကွာပါတယ်” လို့ ပြောပါတယ်။

လယ်ယာမြေပေါ်မှာ အိမ်ဆောက်ပြီး နေတာကြောင့် နိုင်ငံတော်က လယ်ယာသိမ်းပြီး အကွက်အစား ထိုး ပြန်ပေးမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပိုက်ဆံပေးပြီး ကျူးကျော်ဘဝကို တမင်ဖန်တီး ယူနေတဲ့သူ အချို့ ရှိနေတယ်လို့ သိရပါတယ်။

ပုံစံ(၇)နဲ့ လယ်ယာမြေကို ပိုင်ဆိုင်မှု ရှိနေရင်တောင် အဲသည်လယ်ယာ၊ ကိုင်း၊ ကျွန်း၊ ဓနိမြေပေါ်မှာ လူနေခွင့် မရှိဘဲ တစ်ဖက်ရပ်တဲ့ (လယ်စောင့်တဲ) သာ ထိုးခွင့်ရှိပါတယ်။

မြေအမျိုးအစားမှာ လယ်နဲ့ယာ ဆိုပြီးတော့ နှစ်မျိုး ရှိပါတယ်။ လူနေထိုင်ခွင့် မရှိတာကြောင့် ယာမြေ ကို အခြားနည်းနဲ့ အသုံးချဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီးကောင်စီမှာ ပြန်လည် လျှောက်ထားတာမျိုး တွေ ရှိတယ်။

အဲသည်လို လျှောက်တဲ့မြေတွေကို တကယ်အသုံးချလို့ မရတော့ဘူးဆိုတာ စိုက်ပျိုးရေးဌာနက အဆင့်ဆင့် စစ်ဆေးပါတယ်။ လယ်ယာစိုက်ပျိုးလို့ မရတော့ဘဲ လူနေထိုင်မှုနဲ့ နီးစပ်နေတယ်။ ဘယ်လိုမှ စိုက်ပျိုးလို့ အဆင်မပြေတဲ့ မြေမျိုး ဖြစ်တယ်ဆိုတဲ့ အဆင့်ဆင့် ထောက်ခံချက်တွေ ရ လာရင်တော့ အခြားမြေအဖြစ် အသုံးပြုခွင့်ပေးမယ်လို့ သိရပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service