နေပြည်တော်မှာ အခပေး ကျူးလုပ်နေသူတွေ ရှိနေ - Property News in Myanmar from iMyanmarHouse.com
1449 Views

နေပြည်တော်မှာ အခပေး ကျူးလုပ်နေသူတွေ ရှိနေ

နေပြည်တော်မှာ လယ်ယာသိမ်းခံ တောင်သူတွေနဲ့ ကျူးကျော်သူတွေရဲ့ ပြဿနာကို စည်ပင်က ပြန် လည် ဖြေရှင်းပေးမယ်ဆိုတဲ့ သတင်းထွက်ပေါ်နေတာကြောင့် ပိုက်ဆံပေးပြီး ကျူးကျော်တာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ပုံစံ(၇)နဲ့ လယ်ယာပိုင်ဆိုင်မှု သေချာတဲ့ တောင်သူဆီက ပိုက်ဆံတတ်နိုင်သူက ဝယ်လိုက်ပြီး အဲသည် လယ်ယာမြေကွက်တွေကို လူနေအကွက်ရိုက်ပြီး ပြန်လည် ရောင်းချတာ ဖြစ်ပါတယ်။ ရောင်းတဲ့အခါ မှာ ပေ ၄၀x ၆၀ လို မြေကွက်မျိုးကို ကျပ် ၁၅ သိန်းလောက်နဲ့ ရောင်းတာကြောင့် ဝယ်သူတွေက လည်း စွန့်ပြီး ဝယ်ယူထားကြတာပါ။

ရွှေလက်ပံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ဦးကျော်စွာမြင့်က “တချို့ကလဲ မသမာတဲ့နည်းနဲ့ ဝယ်နေကြတယ်၊ တရားဝင်ချထားတဲ့ ဈေးနဲ့မဝယ်ဘဲနဲ့ ဈေးပေါတဲ့ အကွက်ကို ဝယ်တယ်၊ အကွက် များ ပြန်ပေးမလား၊ လျော်ကြေးများ ပြန်းပေးမလားဆိုတဲ့ ဆန္ဒနဲ့ ကျူးနေကြတယ်။ တစ်နည်းအားဖြင့် ပိုက်ဆံပေးပြီး ကျူးတာနဲ့ မပေးဘဲ ကျူးတာပဲ ကွာပါတယ်” လို့ ပြောပါတယ်။

လယ်ယာမြေပေါ်မှာ အိမ်ဆောက်ပြီး နေတာကြောင့် နိုင်ငံတော်က လယ်ယာသိမ်းပြီး အကွက်အစား ထိုး ပြန်ပေးမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပိုက်ဆံပေးပြီး ကျူးကျော်ဘဝကို တမင်ဖန်တီး ယူနေတဲ့သူ အချို့ ရှိနေတယ်လို့ သိရပါတယ်။

ပုံစံ(၇)နဲ့ လယ်ယာမြေကို ပိုင်ဆိုင်မှု ရှိနေရင်တောင် အဲသည်လယ်ယာ၊ ကိုင်း၊ ကျွန်း၊ ဓနိမြေပေါ်မှာ လူနေခွင့် မရှိဘဲ တစ်ဖက်ရပ်တဲ့ (လယ်စောင့်တဲ) သာ ထိုးခွင့်ရှိပါတယ်။

မြေအမျိုးအစားမှာ လယ်နဲ့ယာ ဆိုပြီးတော့ နှစ်မျိုး ရှိပါတယ်။ လူနေထိုင်ခွင့် မရှိတာကြောင့် ယာမြေ ကို အခြားနည်းနဲ့ အသုံးချဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီးကောင်စီမှာ ပြန်လည် လျှောက်ထားတာမျိုး တွေ ရှိတယ်။

အဲသည်လို လျှောက်တဲ့မြေတွေကို တကယ်အသုံးချလို့ မရတော့ဘူးဆိုတာ စိုက်ပျိုးရေးဌာနက အဆင့်ဆင့် စစ်ဆေးပါတယ်။ လယ်ယာစိုက်ပျိုးလို့ မရတော့ဘဲ လူနေထိုင်မှုနဲ့ နီးစပ်နေတယ်။ ဘယ်လိုမှ စိုက်ပျိုးလို့ အဆင်မပြေတဲ့ မြေမျိုး ဖြစ်တယ်ဆိုတဲ့ အဆင့်ဆင့် ထောက်ခံချက်တွေ ရ လာရင်တော့ အခြားမြေအဖြစ် အသုံးပြုခွင့်ပေးမယ်လို့ သိရပါတယ်။


Credit: The Modern

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service