အဆင့်မြင့်အိမ်ရာ အများစု အထပ်ထပ်အရောင်းပြပွဲနဲ့ အဆင့်ဆင့်လျှော့ဈေး

အဆင့်မြင့်အိမ်ရာ အများစု အထပ်ထပ်အရောင်းပြပွဲနဲ့ အဆင့်ဆင့်လျှော့ဈေး - Property News in Myanmar from iMyanmarHouse.com
10 Jan 2017 10:20 am တွင် တင်ခဲ့သည်
1735 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် နှစ်အပိုင်းခြား အနည်းငယ်အတွင်း တိုးဝင်လာတဲ့ ပြည်တွင်းပြည်ပက အဆင့်မြင့်အိမ်ရာ လုပ် ငန်းရှင် အများစုဟာ ဆောက်လက်စ အကြမ်းထည် တိုက်ကိုယ်စီနဲ့ ဝယ်လက်လာနိုင်ဖို့ နည်းလမ်းမျိုးစုံ အသုံး ပြုနေကြပြီဖြစ်ပါတယ်။

အရောင်းပြပွဲအမျိုးမျိုးမှာလည်း သူတို့နေရာယူနေကြပါပြီ။ အထပ်ထပ်လျှော့ဈေးတွေနဲ့ ဘဏ်ချေးငွေရတဲ့ အ ရောင်းတွေကိုလည်း သူ့ထက်ငါပိုပို ပေးကြပါတယ်။ မြန်မာနိုင်ငံအတွင်း ပြုလုပ်ကျင်းပတဲ့ အရောင်းပြပွဲကြီး တွေ သာမက ကိုယ်ပိုင်အရောင်းပြပွဲတွေကို ကျင်းပပြီး ဈေးကွက်ရှာကြတာ တွေလည်းရှိလာပါတယ်။ ကိုယ်ပိုင် အရောင်းပြပွဲပြုလုပ်ပြီးရောင်းချတဲ့ အဆင့်မြင့်အိမ်ရာတွေမှာ ကိုယ်ပိုင်အခန်းတွေကို တစ်ပြိုင်နက်တည်း ခင်း ကျင်း ရောင်းချတာ မဟုတ်ဘဲ သတ်မှတ်ထားတဲ့အရေအတွက်တွေကိုသာ ထုတ်ရောင်းပြီး ဝယ်ယူမယ့် ဖောက် သည်တွေကို ခေါ်ယူတာဖြစ်တယ်။

‘နာမည်ကြီး ကွန်ဒိုအများစုက တကယ်ရောင်းမယ့် အခန်းတွေ အများကြီး ကျန်ပေမဲ့လဲ ဝယ်ယူသူကို ဆွဲ ဆောင်ဖို့အတွက် သူတို့မှာရှိတဲ့ အခန်းကိုလျှော့ပြီး   ရောင်းကြတယ်၊ တကယ်ဝယ်တဲ့သူများလာရင်တော့ ကျန်တဲ့ အခန်းတွေကို ဆက်ရောင်းကြတယ်၊ ဈေးကွက်ဆွဲဆောင်နည်း တစ်မျိုးပဲလို့ ယူကေ ဆောက်လုပ်ရေးမှ မန်နေဂျာ ကိုထက်ဝေက ပြောပါတယ်။

စိတ်ဝင်စားတဲ့နည်းလမ်းများ

အဆင့်မြင့်အိမ်ရာတွေနဲ့ ပတ်သက်ပြီး ဝယ်ယူသူ အများစုဘက်က အခန်းတွေကို အကြမ်းထည် ရုပ်လုံးပေါ်မှ ဝယ်ယူချင်တဲ့ ဈေးကွက် ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် ပြည်ပက ဝင်ရောက်လုပ်ကိုင်ကြတဲ့ လုပ်ငန်းအများစုနဲ့ ပြည်တွင်းက နာမည်ကြီး ဆောက်လုပ်ရေး အများစုသာ ဈေးကွက်အတွင်း လူစိတ်ဝင်စားမှု ရလာကြပါတယ်။

တချို့ စီမံကိန်းတွေကတော့ လျှော့ဈေးတွေကို သူများထက် ပိုများများပေး လူစိတ်ဝင်စားလာအောင် လုပ်လာကြပါတယ်။ တချို့ အဆင့်မြင့် အိမ်ရာတွေမှာတော့ ရှစ်နှစ်လောက်အထိ အရစ်ကျ ဈေးကွက်နဲ့ ဝယ်ယူနိုင်သလို အတိုးမဲ့ချေးငွေ နဲ့ ရောင်းချတာမျိုးတွေအထိ လုပ်လာကြပါတယ်။

ဈေးကွက်အတွင်းမှာ ပြည်တွင်းက လုပ်ငန်းတွေထက် ပြည်ပက ဆောက်လုပ်ရေး လုပ်ငန်းတွေက ပိုမို စိုးမိုး လာကြတယ်။ နိုင်ငံခြား ဆောက်လုပ်ရေးတွေရဲ့ အားသာချက်ကတော့ အချိန်အနည်းငယ်နဲ့ ပြီးစီးအောင် လုပ် ဆောင်နိုင်မှု၊ ခေတ်မီ နည်းပညာတွေ ကျယ်ကျယ်ပြန့် ပြန့် အသုံးပြုမှုတို့ ဖြစ်ပါတယ်။

၎င်းတို့ရဲ့အဆောက်အအုံတွေမှာလည်း ပြည်တွင်းက လုပ်ငန်းတွေထက် ဝန်ဆောင်မှုနဲ့ ကုန်ကြမ်းပစ္စည်း အသုံးပြုမှု အားသာပေမဲ့ မြေနဲ့ ပတ်သက်တဲ့ အာမခံချက်တွေမှာတော့ အားနည်းချက်တချို့ ရှိနေပါတယ်။

အဆင့်မြင့် အိမ်ရာစီမံကိန်းတွေ အလုံးအရင်း စတင် ဝင်ရောက်ခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ အရောင်းဖွင့်လှစ်ခဲ့ကြတဲ့ လုပ်ငန်း အားလုံးလိုလိုမှာ ကြိုပွိုင့် ဈေးကွက်တွေနဲ့ စတင် ရပ်တည်ခဲ့ကြပါတယ်။ အကောင်အထည်ဖော်ရေး  စတင်ချိန်မှာပင် အခန်း ဝယ်ယူကြတဲ့ အရေအတွက်က ၅၀ ရာခိုင်နှုန်း လောက်အထိ ရှိလာကြတယ်။ အများ စုက လာမယ့် ၂၀၁၈ ခုနှစ်ကိုသာ အားထား ဆောက်လုပ်ကြတာ ဖြစ်ပါတယ်။

အခုတော့ ပြီးတဲ့ အဆောက်အအုံတွေရော လုံးဝမပြီးသေးဘဲ မြေတူးတာလောက်နဲ့ တအိအိ အဆောက်အအုံ တွေရော အားလုံးလိုလိုက taget ကို  လာမယ့် ၂၀၁၈ ကို ထားကြတယ်၊ အဲဒီကျမှတကယ် မပြီးတဲ့ လုပ်ငန်း တွေနဲ့ ဝယ်ထားသူတွေ ဘယ်လို ပြဿနာ ဖြစ်မလဲ  ဆိုတာမျိုး ကြည့်ရမယ်၊ တချို့ ဝယ်လက်တွေဆိုရင် ၂၀၁၄ လောက်ကတည်းက ဝယ်ထားကြတော့ အခုချိန်ဆို ငွေက တော်တော်လေး ဝင်နေပြီလို့ စီးပွားရေးပညာရှင် ဒေါ်မိုးအောင်က ပြောတယ်။

ပိုင်ဆိုင်မှု

ပြည်တွင်းက ငွေကြေးတတ်နိုင်လို့ ဝယ်ယူကြတဲ့ ဝယ်ယူသူ အများစုဟာ ပိုင်ဆိုင်ရမယ့် အခန်းရဲ့ သက်တမ်းကို အတိအကျ မသိဘဲ ဝန်ဆောင်မှုတွေကိုသာ ကြည့်ရှုပြီး ဝယ်ယူကြတဲ့ သူတွေ များပြားလျက် ရှိပါတယ်။ နိုင်ငံ ခြားက ဝင်ရောက်လုပ်ကိုင်ကြတဲ့ လုပ်ငန်းတွေရဲ့ မြေပိုင်ဆိုင်မှုတွေမှာ အများဆုံးနှစ် ၇၀ သက်တမ်း BOT စနစ် တွေသာဖြစ်ပြီး လက်ရှိမြန်မာပြည်သားတွေ အသုံးပြုလျက်ရှိတဲ့ ဂရန်မြေတွေနဲ့ ပိုင်ဆိုင်မှု ကွာခြားချက် ရှိပါ တယ်။ BOT မြေ အငှားစာချုပ်တွေနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေရဲ့ သဘောက သတ်မှတ် ထားတဲ့ အချိန်ရောက်ရင် အစိုးရကို နောက်ထပ် အခွန်ပေးပြီး ပြန်လည် ငှားရမ်း အသုံးပြုလို့ ရနိုင်သလို အစိုးရဘက်မှလည်း မိမိကြိုက်နှစ်သက်တဲ့ အငှားကို ထပ်ပေးနိုင်တာဖြစ်ကြောင်း နားလည်သဘောပေါက်ဖို့ လိုအပ်နေပါတယ်။



Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service