အဆင့်မြင့်အိမ်ရာဆောက်ရင် တန်ဖိုးနည်းအိမ်ရာပါ ပူးတွဲဆောက်လုပ်သင့်

အဆင့်မြင့်အိမ်ရာဆောက်ရင် တန်ဖိုးနည်းအိမ်ရာပါ ပူးတွဲဆောက်လုပ်သင့် - Property News in Myanmar from iMyanmarHouse.com
30 Dec 2016 11:49 am တွင် တင်ခဲ့သည်
1334 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံမှာရှိတဲ့ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့အဆင့်မြင့်အိမ်ရာတွေကိုဖော်ဆောင်ပြီးရင်းနှီးမြှုပ်နှံတဲ့အခါမှာတန်ဖိုးနည်း
အိမ်ရာတွေပါပူးတွဲဆောက်လုပ်သင့်တယ်လို့ဆိုပါတယ် ။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးဝင်းနိုင်က ‘များသောအားဖြင့်ပုဂ္ဂလိကကုမ္ပဏီတွေကတန်ဖိုးနည်း
အိမ်ရာတွေကိုသိပ်မဆောက်ချင်ကြဘူး ၊ဘာဖြစ်လို့လဲဆိုတော့ရလာမယ့်အမြတ်ကတခြား
လုပ်ငန်းတွေထက်နည်းနေတယ် ၊ပြီးတော့တန်ဖိုးနည်းအိမ်ရာတွရောင်းတဲ့အခါမှာအကုန်လုံးလျှော့ပြီးရောင်းရတာလေ၊ဒါကြောင့်တခြားနိုင်ငံတွေလိုအဆင့်မြင့်အိမ်ရာတွေဆောက်ရင်တန်ဖိုးနည်းအိမ်ရာပါ
မဖြစ်မနေပါရမယ်လို့နည်းနဲ့
သွားရင်ပိုအဆင်ပြေမယ်’လို့ပြောပါတယ် ။

တခြားနိုင်ငံတွေမှာပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့အဆင့်မြင့်အိမ်ရာတွေကိုဆောက်လုပ်မယ်ဆိုရင်တန်ဖိုးနည်းအိမ်ရာကို(၃၀)ရာခိုင်နှုန်းမဖြစ်မနေပါရမယ်ဆိုတဲ့သတ်မှတ်ချက်ရှိတယ်လို့သိရပါတယ် ။

လက်ရှိမြန်မာနိုင်ငံဟာဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးလာတာနဲ့အတူတန်ဖိုးနည်းအိမ်ရာတွေကိုဆောက်လုပ်တဲ့
အခါမှာအစိုးရအနေနဲ့(၂၀)ရာခိုင်နှုန်းတာဝန်ယူဆောက်လုပ်ရပြီးပုဂ္ဂလိကကဏ္ဍဟာ (၈၀)ရာခိုင်နှုန်းပါဝင်ရပါတယ် ။ဒါ့အပြင်မြန်မာနိုင်ငံအနေနဲ့တန်ဖိုးနည်းအိမ်ရာတွေကိုဆောက်လုပ်တဲ့အခါမှာတန်ဖိုးနည်း ၊တန်ဖိုးသင့် ၊တန်ဖိုးမြင့်ဆိုပြီးသုံးမျိုးလောက်ခွဲပြီးဆောက်လုပ်ရတယ်လို့သိရပါတယ် ။

‘တန်ဖိုးနည်းနဲ့တန်ဖိုးမြင့်ကိုဘာကြောင့်တွဲဆောက်ရတာလဲဆိုတော့မြေကွက်တန်ဖိုးကိုတန်ဖိုးနည်းအိမ်ရာမှာထည့်မတွက်ထားဘူး ၊တန်ဖိုးသင့်နဲ့တန်ဖိုးမြင့်မှာပဲမြေကွက်တန်ဖိုးကိုတင်ထားတယ် ၊ဒါမှတန်ဖိုးနည်းပြီးရောင်းနိုင်မှာပါ ၊ဒါကြောင့်တခြားနိုင်ငံတွေလိုဖြစ်ရင်တန်ဖိုးနည်းအိမ်ရာတွေအတွက်ပိုအလားအလာကောင်းတာပေါ့’လို့ဦးဝင်းနိုင်ကပြောပါတယ် ။

မြန်မာနိုင်ငံမှာ (၂၀၁၄)ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရတစ်နိုင်ငံလုံးရဲ့(၈၅)ရာခိုင်နှုန်းဟာအိုးပိုင်အိမ်ပိုင်ရှိတယ်လို့သိရပေမဲ့တကယ်လေ့လာကြည့်တဲ့အခါမှာခိုင်ခန့်မှုမရှိတဲ့အိမ်အရေအတွက်ကရာခိုင်နှုန်းတော်တော်များများမှာပါဝင်နေတယ်လို့သိရပါတယ် ။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ (၂၀၁၁)ခုနှစ်စပြီးပထမငါးနှစ်စီမံကိန်းအနေနဲ့အိမ်ခန်းပေါင်းတစ်သိန်းကိုဆောက်လုပ်ပြီးဖြစ်ပါတယ် ။အခုလက်ရှိဒုတိယငါးနှစ်စီမံကိန်းအနေနဲ့ကတော့အိမ်ခန်းပေါင်း (၁.၈)သန်းအထိဆောက်လုပ်သွားမှာဖြစ်ပြီးရန်ကုန်မြို့အတွက်အိမ်ခန်းပေါင်း(၂၀,၀၀၀)ကျော် ၊မန္တလေးမြို့အတွက်အိမ်ခန်းပေါင်း(၁၀,၀၀၀)ကျော်နဲ့နေပြည်တော်အတွက်အိမ်ခန်းပေါင်း (၈၀၀၀)ဝန်းကျင်ဆောက်လုပ်မှာဖြစ်တယ်လို့သိရပါတယ် ။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service