ရန်ကုန်တောင်ပိုင်းခရိုင်တွင် အထူးစီးပွားရေးဇုန်နှင့် နိုင်ငံတကာလေဆိပ်သစ် တည်ဆောက်မည်ဟုဆို

ရန်ကုန်တောင်ပိုင်းခရိုင်တွင် အထူးစီးပွားရေးဇုန်နှင့် နိုင်ငံတကာလေဆိပ်သစ် တည်ဆောက်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
28 Dec 2016 10:16 am တွင် တင်ခဲ့သည်
3064 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်တွင် အထူးစီးပွားရေးဇုန် ပင်လယ်ဆိပ်ကမ်းနှင့် နိုင်ငံတကာလေဆိပ်အသစ်တို့ ကို တည်ဆောက်မည်ဟု တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန် ကြီး ဒေါ်နီလာကျော်က ပြော ကြားသည်။

ဒလ၊ လက်ခုပ်ကုန်းမြို့နယ် တို့တွင် စိုက်ပျိုးမွေးမြူရေးဇုန် များ၊ အသေးစားစက်မှုဇုန်များ ပြုလုပ်ရန် အစီအစဉ်ရှိ၊ မရှိနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်အစည်းအဝေး ၌ ပန်းဘဲတန်းမြို့နယ် မဲဆန္ဒ နယ်အမှတ် (၁) လွှတ်တော်ကိုယ် စားလှယ် ဦးသန်းနိုင်ဦး၏ မေးမြန်းချက်ကို ၀န်ကြီး ဒေါ်နီလာ ကျော်က ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

‘‘ဒလ၊ လက်ခုပ်ကုန်းတို့မှာ တင်မက ဒလ၊ တွံတေး၊ ကွမ်းခြံ ကုန်း၊ ကော့မှူးမြို့နယ်တို့မှာ စိုက်ပျိုး၊ မွေးမြူရေးဇုန်တွေ၊ အသေး စားစက်မှုဇုန်တွေ သာမက အထူးစီးပွားရေးဇုန်ဖော်ဆောင်ဖို့ အစီ အစဉ်ရှိပါတယ်။ ထို့အပြင် ပင်လယ်ဆိပ်ကမ်း၊ စက်မှုဇုန်၊ နိုင်ငံတကာ လေဆိပ်သစ်တွေကိုလည်း ဆောင်ရွက်ဖို့ ရှိပါတယ်’’ ဟု ဒေါ်နီလာကျော်က ပြောကြားသည်။

စီမံကိန်းများ ဆောင်ရွက်နိုင် ရန် သက်ဆိုင်ရာပညာရှင်များက လုပ်ဆောင်မည့်အစီအမံများကို ရေးဆွဲဆောင်ရွက်နေပြီး ၂၀၁၇ဇန်န၀ါရီလကုန်ပိုင်းတွင် ရေးဆွဲထားကြသည့် စီမံကိန်းအစီအ စဉ်များကို ပေါင်းစည်းသွားမည် ဟု သိရသည်။

‘‘၂၀၁၇ ဇန်န၀ါရီလကုန်မှာ ပေါင်းစည်းပြီးရင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ဦးစီးကာပညာရှင်များနဲ့ သုံးသပ်လေ့လာ ပြီးရင် ၂၀၁၇ မတ်လတွင် လွှတ်တော်သို့ တင်ပြ၍ ဆောင်ရွက် သွားပါမယ်’’ဟု ဒေါ်နီလာကျော် ကပြောသည်။

‘‘စိုက်ပျိုးရေး၊ စီးပွားရေးဇုန် တွေကို ဖော်ဆောင်နိုင်မယ်ဆိုရင် ရန်ကုန်မြို့လယ်မှာ အခုဖြစ်ပေါ် နေတဲ့ လမ်းဘေးဈေးသည်ပြဿ နာတွေကို တစ်နည်းအားဖြင့် ဖြေရှင်းပေးနိုင်စေမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရန်ကုန်မြို့ လယ်မှာလာရောက်ဈေးရောင်းချသူ အများစုဟာ ဒလမြို့နယ် ဘက်က ဖြစ်ပါတယ်’’ဟု ဦးသန်း နိုင်ဦးက ပြောသည်။

လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တောင်ပိုင်းခရိုင်၌ ဆောင်ရွက်သွားမည့် စီမံကိန်းများကို လွှတ်တော်တွင် ဖြေကြားသွားခဲ့သော်လည်း စီမံကိန်းလုပ်ဆောင်မည့် နေရာ အသေးစိတ်ကိုမူ ထည့် သွင်းပြောကြားခဲ့ခြင်းမရှိပေ။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service