စတော့အိတ်ချိန်းတွင် ရှယ်ယာများကို ကြိုက်ဈေးဖြင့်သာ ရောင်းချရန် ပထမပုဂ္ဂလိကဘဏ်က ရှယ်ယာရှင်များအား အကြံပြုချက် ထုတ်ပြန်

စတော့အိတ်ချိန်းတွင် ရှယ်ယာများကို ကြိုက်ဈေးဖြင့်သာ ရောင်းချရန် ပထမပုဂ္ဂလိကဘဏ်က ရှယ်ယာရှင်များအား အကြံပြုချက် ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
19 Dec 2016 11:41 am တွင် တင်ခဲ့သည်
1339 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ် ချိန်းတွင် ရှယ်ယာရောင်းချရာ၌ မိမိတို့ စိတ်ကြိုက်ဈေးဖြင့်ရောင်း မိန့်(Limit Order)ဖြင့်သာရောင်း ချသင့်ကြောင်း ပထမပုဂ္ဂလိက ဘဏ်က ၎င်း၏ ရှယ်ယာရှင်များ အား အကြံပြုချက် ထုတ်ပြန် သည်။

အဆိုပါဘဏ်သည် ရန်ကုန် စတော့အိတ်ချိန်းတွင် စတုတ္ထ မြောက် စာရင်းဝင်ကုမ္ပဏီအဖြစ် ၂၀၁၇ ဇန်န၀ါရီ၌ ရှယ်ယာများရောင်းချနိုင်မည်ဖြစ်ပြီး ယခုကဲ့သို့အမှာစာကို ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စတော့အိတ်ချိန်းတွင်ရှယ် ယာရောင်းချရာ၌ ကြိုက်ဈေးဖြင့် ရောင်းမိန့်နှင့် ဈေးကွက် ပေါက် ဈေးဖြင့် ရောင်းမိန့်နှစ်ခုရှိသည်။ ကြိုက်ဈေးဖြင့်ရောင်းမိန့်သည် မိမိလိုချင် သည့်ဈေးရနိုင်သော်လည်း ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းမိန့်မှာ ရှယ်ယာပေါက်ဈေးသည်မိမိ လိုချင်သည့် ဈေးနှုန်းထက် နည်းနိုင်သည်။ ထို့ကြောင့် ဘဏ်၏ ရှယ်ယာပိုင်ရှင်များသည် ရှယ်ယာများ ရောင်းရန်အဆိုပြုသည့်အခါ အစုရှယ်ယာရှင်များရောင်းလိုသည့် ဈေးရရန် အထက်ပါကြိုက်ဈေးဖြင့် ရောင်းမိန့်ကိုသာ အသုံးပြုသည်ဟုအဆိုပါဘဏ်ကဆိုထားသည်။

‘‘ဒါက ရှယ်ယာဈေးနှုန်းကို အတက်အကျမများအောင် ထိန်း တဲ့သဘောပါ။ ရှယ်ယာဈေးတွေ ထိုးတက်သွားမှာ ၊ ပန်ကျလာမှာ ကို ကုမ္ပဏီဘက်ကထိန်းတာပါ’’ဟု ရန်ကုန်စတော့အိတ်ချိန်းလေ့လာသူအမျိုးသမီးတစ်ဦးကပြော ကြားသည်။

အဆိုပါ ပထမ ပုဂ္ဂလိက ဘဏ်သည် ကျပ် ဘီလီယံ ၁၀၀ မတည်ရင်းနှီးငွေပြီး ၁၉၉၂ တွင် လုပ်ငန်းများစတင်ခဲ့သည်။ စတင်ရောင်းချစဉ်က ရှယ်ယာတစ်စုကိုကျပ် ၂၀,၀၀၀ ဖြင့် ရောင်းချပြီးလက်ရှိတွင်လျှင် ကျပ် ၃၀,၀၀၀ ပေါက်ဈေးရှိသည်။

ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာတွင်စတင်ဖွင့် လှစ်ခဲ့ပြီး ၂၀၁၆ မတ်လ၌ FMI ကုမ္ပဏီက ရှယ်ယာများကိုပထမ ဦးဆုံးစတင်ရောင်းချခဲ့သည်။ ထို့ နောက်သီလ၀ါအထူးစီးပွားဇုန်အ များပိုင် ကုမ္ပဏီနှင့် မြန်မာနိုင်ငံ သားများဘဏ်တို့က ရှယ်ယာများ ရောင်းချနေသည်။

ရန်ကုန်စတော့အိတ်ချိန်းစ တင်ချိန်တွင် လူစိတ်ဝင်စားမှုမြင့် တက်ခဲ့ပြီး ရှယ်ယာအရောင်းအ ၀ယ်မြင့်တက်ခဲ့သည်။

လက်ရှိတွင် နိုဝင်ဘာအထိ ရန်ကုန်စတော့အိတ်ချိန်း၌ အစုရှယ်ယာရောင်းချမှုသည် ကျပ်ဘီလီယံ ၇၀ ကျော်ရှိပြီး မေလက စတင်ကာ ရှယ်ယာရောင်းချမှု ကျဆင်းခဲ့သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service