ကျိုက်ထီးရိုး တောင်ခြေတွင် ဟိုတယ် တည်ဆောက်မှု မစတင်နိုင်သေး

ကျိုက်ထီးရိုး တောင်ခြေတွင် ဟိုတယ် တည်ဆောက်မှု မစတင်နိုင်သေး - Property News in Myanmar from iMyanmarHouse.com
9 Dec 2016 10:50 am တွင် တင်ခဲ့သည်
3480 ကြိမ် ကြည့်ရှု့ပြီး
ယခုနှစ် ပွင့်လင်းရာသီမှစတင်၍ ကျိုက်ထီးရိုး တောင်ခြေ တွင်ဟိုတယ်ဇုန်တစ်ခု ဖော်ဆောင်ရန် စီစဉ်ထားသော်လည်း ဟိုတယ်တည်ဆောက်မှု လုပ်ငန်းများကိုမူ စတင်နိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

လက်ရှိတွင် ယင်း ဟိုတယ်ဇုန်ကို ဖော်ဆောင်နိုင်ရန်အတွက် လမ်းအပါအ၀င် အခြေခံ အဆောက်အအုံများကို တည်ဆောက်နေပြီဖြစ်ပြီး ဟိုတယ် တည်ဆောက်ရေး လုပ်ငန်းများကို စတင်နိုင်ခြင်းမ ရှိသေးေ ကြာင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းက ဒီမိုကရေ စီတူဒေးသို့ ဒီဇင်ဘာ ၄ ရက်တွင် ပြောသည်။

" ဟိုတယ်ကတော့ တစ်လုံးမှ မဆောက်ရသေးဘူး။ ဟိုတယ် ရင်းနှီးမြှုပ်နှံ မှုအပိုင်းမှာ လုပ်ငန်းရှင်တွေ အနေနဲ့ကလည်း ငွေကြေးရင်းနှီးမြှုပ် နှံဖို့ကို တွန့်နေကြတာလည်းပါတယ်။ ဈေးကွက်ရဲ့ ၀ယ်လိုအားပေါ်မှာမူ တည်ပြီးတော့ဆောင်ရွက်ကြမှာ ပေါ့လေ။ ချက်ချင်းကြီးတော့ မဖြစ်နိုင်သေးဘူးပေါ့ " ဟု ၎င်းကပြောသည်။

ယခုအခါ ကျိုက်ထီးရိုးဘုရားသို့ လာရောက် လည်ပတ်သည့် ပြည်ပဧည့်များလာခြင်းကြောင့် ကျိုက်ထီးရိုးတောင်ခြေတွင် ဟိုတယ်ဇုန်ကို ဖော်ဆောင်ရန်စီစဉ်ရခြင်းဖြစ်သည်။ ယင်းဟိုတယ်ဇုန် တွင် ဟိုတယ်အလုံး ၂၀ ကျော်တည်ဆောက်ရန် လျာထားခြင်းဖြစ်ကြောင်း ယင်းဟို တယ်ဇုန်ကို ပြည်တွင်း လုပ်ငန်းရှင်များဖြင့် သာအကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ပြည်ပဧည့်များပါ တည်းခိုနိုင် မည့်ဟိုတယ် မျိုးစုံ ပါဝင်ရန်လျာထားခဲ့ကြောင်း သိရသည်။

ကျိုက်ထီးရိုးစေတီတော်ရင် ပြင်ပေါ်တွင် ဟိုတယ်ဇုန်ဖော်ဆောင် မည်ဆိုပါက ရေ၊ မီးနှင့်သန့်ရှင်းရေး အခက်အခဲများစွာရှိခြင်းကြောင့် ကင်ပွန်းစခန်း အနီးတွင် ဖော်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ တွင်ပြည်ပ ဧည့်အများဆုံးသွားသည့်ဒေသမှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့်ပုဂံဇုန်တို့ဖြစ်သည်။

ယခုအခါကျိုက်ထီးရိုးစေတီ တော်သို့ပြည်ပဧည့်သည်များပိုမို လာရောက်ကြကာ တရုတ်နှင့်ထိုင်း အများဆုံးဖြစ်ေ ကြာင်း ခရီးသွား လုပ်ငန်းရှင်အသိုင်း အ၀ိုင်းမှသိရသည်။

ကျိုက်ထီးရိုးစေတီတော်ရင် ပြင်တော်ပေါ်တွင် ဟိုတယ်သုံးလုံး၊ ရသေ့တောင်တွင် တစ်လုံး၊ ကျိုက်ထီး ရိုးတောင်အောက်တွင် ကိုးလုံးနှင့်ကျိုက်ထိုတွင်နှစ်လုံး စုစုပေါင်း ၁၅ လုံးကို ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနမှဟိုတယ်
လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ခွင့်ပြုပေးထား ကြောင်းသိရသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service