တန်ဖိုးနည်းအိမ်ရာသစ်တွေ လာမယ့်နှစ်ဆန်းပိုင်း ထပ်မံဆောက်လုပ်မည်

တန်ဖိုးနည်းအိမ်ရာသစ်တွေ လာမယ့်နှစ်ဆန်းပိုင်း ထပ်မံဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
2 Dec 2016 10:40 am တွင် တင်ခဲ့သည်
1232 ကြိမ် ကြည့်ရှု့ပြီး
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ အခန်းဝယ်ယူဖို့ စုဆောင်းငွေလာရောက်အပ်နှံထားတဲ့ သူတွေအတွက်
တန်ဖိုးနည်းအိမ်ရာ အခန်းသစ်တွေကို လာမယ့် ၂၀၁၇ ခုနှစ်
နှစ်ဆန်းပိုင်းမှာ ဆောက်လုပ်အကောင်အထည်ဖော်သွားမှာ
ဖြစ်တယ်လို့ သိရပါတယ်။

‘တင်ဒါနှစ်ခုခေါ်ထားတယ် ၊ ကျန်စစ်မင်းအခန်းပေါင်း ၁၂၆၀ ၊ သန်လျင်သီလဝါ အထူးစီးပွားရေးဇုန်မှာ ၁၇၂၀ ၊ အဲနှစ်ခုကို စတင်တင်ဒါခေါ်ထားတယ် ၊ အခုတင်ဒါခေါ်ပြီး စိစစ်ဆဲပဲ ၊ ဒါတွေကို ၂၀၁၇ ပွင့်လင်းရာသီမှာ စဆောက်ခိုင်းထားတယ် ၊ ဒါက နှစ်နေရာပဲရှိသေးတယ် ၊ မြေဧက ၂၀၀ ကျော်မှာ တန်ဖိုးနည်းအခန်း ၈၀၀၀ အပြင်တန်ဖိုးသင့်နဲ့တန်ဖိုးမြင့်တွေလဲ
ပါဝင်သွားမယ်’ လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။

အခန်းဝယ်ယူခွင့်ပေးသွားမယ့် သူတွေကို ယခုလအတွင်း ထုတ်ပြန်တဲ့ ၃၁ ရက် ၁၀ လပိုင်းက စာရင်းမှာ ပါဝင်တဲ့သူတွေကိုတော့ လာမယ့် အိမ်ရာပေါင်း ၆၅၀ ကျော်အပြင် အဲသည်ရက် ၁၀၀ စီမံချက်နဲ့ ဆောက်လုက်တဲ့ အိမ်ရာ ၂၂၀၈ ခန်းအတွင်းမှာ မပါဝင်ဘဲ ဆက်လက်ဆောက်လုပ်နေတဲ့ အခန်းတွေကိုလည်း တစ်နှစ်အတွင်း ပေးသွားမှာ ဖြစ်ပါတယ် ။ နိုဝင်ဘာအတွင်း သတ်မှတ်ထားတဲ့ အခန်းတန်ဖိုးလာရောက် ထည့်သွင်းကြတဲ့ သူတွေကိုတော့ အသစ်ထပ်မံဆောက်လုပ်မယ့် တန်ဖိုးနည်းအိမ်ရာအခန်း ၈၀၀၀ ထဲကနေ နှစ်နှစ်အတွင်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ် ။

အခု တန်ဖိုးနည်းတိုက်ခန်းတွေက ပျမ်းမျှသိန်း ၁၂၀ ဝန်းကျင်တွေဖြစ်လို့ ဝယ်ယူနိုင်စွမ်းနည်းပါးတဲ့ အခြေအနေတွေဖြစ်နေပါတယ် ။ ဒါတွေကို အခန်းတန်ဖိုး သိန်း ၁၀၀ အောက်ကျအောင် အခန်းအကျယ်တွေကို လျှော့လိုက်တယ် ။ ပေ ၂၀ ပတ်လည်နဲ့ ၁၆ ပေ × ပေ ၂၀ ပတ်လည် သတ်မှတ်လိုက်ပါတယ် ။

‘ပရောဂျက်တွေက လျာထားတာတွေ အများကြီး ရှိတယ် ၊ မုန့်လုပ်သလိုတော့ မမြန်ဘူး ၊ တိုက်ဆောက်တာဆိုတော့ အချိန်ကတော့ အနည်းဆုံး ရှစ်လကနေ တစ်နှစ်လောက်ကြာတယ် ၊ ပြီးတာတွေကို အရင်ရောင်းပြီး နောက်ကျရင် ဆက်ဆောက်သွားမယ် ၊ ပြီးပြီဆိုတာနဲ့ ဘဏ်က နောက်ထပ်တစ်ကြိမ် စာရင်းထုတ်ပြန်ပြီး ထပ်ရောင်းပေးသွားမယ် ၊ အဲဒီလူတွေကို ဦးစားပေးရောင်းသွားမယ် ၊ ဒါကတော့ ချက်ချင်းကြီးတော့ မဟုတ်ဘူး’ လို့ အဆိုပါ တာဝန်ရှိသူကပဲ ဆက်ပြောပါတယ် ။

လက်လှမ်းမီတဲ့ အိမ်ရာ

အိမ်ရာတွေနဲ့ ပတ်သက်ပြီး ဝယ်ယူခွင့်တွေကို နောက်ပိုင်းမှာ ဘဏ်မှာ ငွေစုဆောင်းထားတဲ့ သူတွေကိုပဲ ဦးစားပေး ရောင်းချသွားမှာဖြစ်ပြီး လစဉ်ပုံမှန်ငွေစုသူတိုင်း အိမ်ရာပိုင်ဆိုင်နိုင်အောင် နောက်ထပ်ပြည်သူတွေ လက်လှမ်းမီတဲ့ အိမ်ရာတွေကို ထပ်မံဆောက်လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ် ။

အိမ်ရာနဲ့ ပတ်သက်တဲ့ ဝယ်ယူခွင့် လျှောက်လွှာတွေကိုတော့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးရုံးမှာ လာရောက်ဝယ်ယူနိုင်ပြီး သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံသူတိုင်းကို ဝယ်ယူခွင့်ပေးသွားမှာ ဖြစ်ပါတယ် ။ စည်းကမ်းချက်တွေကတော့ စုဆောင်းငွေအပြင် အိမ်ခန်းမရှိတဲ့သူတွေဖြစ်ရမယ် ။ အိမ်ရှိတာကို တစ်ချိန်မှာ စိစစ်တွေ့ရှိရင် အခန်းကို ဌာနက ပြန်သိမ်းမယ် ။ သူသွင်းထားတဲ့ ပိုက်ဆံ ၃၀ ရာခိုင်နှုန်းထဲက ငါးရာခိုင်နှုန်းကို နုတ်သွားမယ်။ ဒဏ်ကြေးနုတ်မယ့်
အဓိက ရည်ရွယ်ချက်က အမှန်တကယ်ကို အခန်းမရှိသေးတဲ့ သူတွေကို ရစေချင်လို့သည်လိုလုပ်တာ ဖြစ်တယ် ။

စိစစ်ပြီးတော့ ရောင်းချမှာဖြစ်လို့ ဘဏ်မှာ ပိုက်ဆံစုထားတဲ့ လူစာရင်းကိုလည်း ဘဏ်က သတ်မှတ်လိုက်ပြီ ။ သည်စာရင်းကိုသာ လက်ခံပြီး ပေးလိုက်ပေမဲ့ ဆက်လက်ငွေစုကြဖို့လိုအပ်ပါတယ် ။ ဒါမှလည်း အခုလို ဘဏ်မှာ ပုံမှန်ဝင်ငွေနဲ့ အပ်ငွေတွေ စုဆောင်းပြီး မိမိနဲ့ ကိုက်ညီတဲ့ အခန်းတွေကို ဝယ်ယူလာနိုင်မှာ ဖြစ်ပါတယ် ။ အခုစာရင်းမှာ မပါတဲ့သူတွေကို နောက်တစ်ကြိမ် စာရင်းမှာ ထည့်သွင်းပြီး ရောင်းချပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ် ။

Credit: THe Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service