သန်လျင်တံတားအပါအဝင် ရန်ကုန်တိုင်းရှိ မြစ်ကူး တံတားကိုးစင်း၌ လာမည့်နှစ် မေလကစ၍ ဖြတ်သန်းခ မကောက်ခံတော့ဟုဆို

သန်လျင်တံတားအပါအဝင် ရန်ကုန်တိုင်းရှိ မြစ်ကူး တံတားကိုးစင်း၌ လာမည့်နှစ် မေလကစ၍ ဖြတ်သန်းခ မကောက်ခံတော့ဟုဆို - Property News in Myanmar from iMyanmarHouse.com
2 Dec 2016 9:40 am တွင် တင်ခဲ့သည်
1085 ကြိမ် ကြည့်ရှု့ပြီး
သန်လျင်တံတားအပါ အဝင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြစ်ကူးတံတားကိုးစင်း ၌ လာမည့် ၂၀၁၇ မေလကစ၍ တံတားဖြတ်သန်းခကောက်ခံနေ မှုကို ရုပ်သိမ်းမည်ဟု ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုး မင်းသိန်းက ပြောသည်။

မော်တော်ယာဉ်အားလုံး တန်ပိုတင်ဆောင်ခွင့်မပြုဘဲ အာ ဆီယံစံချိန်စံနှုန်းအတိုင်းသာ ကုန် စည်တင်ဆောင်ခွင့်ပြုပြီး ပိုမိုတင်ဆောင်ပါက ထိရောက်စွာ အရေးယူမည်ဟုလည်း မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ချုပ်တွင် ပြုလုပ်သော ဒုတိယ သမ္မတနှင့် စီးပွားရေးကဏ္ဍအလိုက် ပါဝင်သော လုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ ပြောကြားသည်။

‘‘အာဆီယံစံချိန်စံနှုန်းနဲ့ ကိုက်ညီတဲ့ ဝင်ရိုးသတ်မှတ်ချက် တွေနဲ့ ထိထိရောက်ရောက် အရေး ယူဆောင်ရွက်မှာ ဖြစ်တယ်။ နို့မိုဆိုရင် တံတားကြေးတွေ မကောက်လို့ တန်ပိုတင်ရင် ဒီတံ တားတွေ ပျက်စီးသွားမယ။် ဒီ အခြေအနေကိုလည်း စည်းမျဉ်း စည်းကမ်းဘောင်ကနေ လိုက်နာ သွားဖို့ ကျွန်တော်တို့ စိစစ်ဆောင် ရွက်သွားမယ်’’ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

အာဆီယံစံနှုန်းနှင့် သတ် မှတ်သည့် ကုန်ပစ္စည်းတင်ဆောင် မှုသည် ၁၂ ဘီးမော်တော်ယာဉ် တစ်စီးလျှင် ကုန်တန်ချိန် ၂၅ တန် တင်ဆောင်ခွင့်ပြုထားပြီး ၂၂ ဘီး ကားတစ်စီး၏ ကုန်ပစ္စည်းတင် ဆောင်နိုင်မည့် ပမာဏသည် ၅၂ တန်ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း တံ တားကြေးကောက်ခံမှုသည် လှိုင် သာယာစက်မှုဇုန်နှင့် ဆက်သွယ် ထားသည့် အောင်ဇေယျ၊ ရွှေ ပြည်သာတံတားတို့တွင် တစ် ကြိမ်ဖြတ်ပါက ၁၂ ဘီးကားတစ် စီးလျှင် ကျပ် ၁၀,၀၀၀ခန့်၊ တွဲ ကားတစ်စီးလျှင် ကျပ် ၁၀,၀၀၀ ကျော်ပေးရ၍ တံတားကြေး ကောက်ခံမှု ဖျက်သိမ်းမည့်အစီ အစဉ်ကို ကြိုဆိုကြောင်း ဆန်ကုန်သည်တစ်ဦးက ပြောသည်။

ကုန်တင်ယာဉ်များ ရန်ကုန်မြို့တွင်း ဖြတ်သန်းသွားလာမှုကိုဒီဇင်ဘာမှစတင်ပြီး ညပိုင်းတွင်သာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပြီး ထိုအစီအစဉ်ကို ပြောင်းလဲပေးရန် ရန်ကုန်ရှိ ကုန်သည်များက ဝန်ကြီးချုပ်ထံ တင်ပြသော်လည်း ပြောင်းလဲရန်မရှိဟု ဝန်ကြီးချုပ်ကပြောသည်။

ကွန်တိန်နာယာဉ်များ ည ဘက် ဖြတ်သန်းခွင့်ပြုခြင်းသည် ပို့ကုန်ကဏ္ဍ လျော့နည်းနေချိန် တွင် ပို့ကုန်ဝင်ငွေ လျော့နည်းနိုင် ပြီး ကွန်တိန်နာကားငှားရမ်းစရိတ် ပိုမိုကုန်ကျမည့် အခြေအနေရှိ သဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချပ်အနေဖြင့် ပြန်လည် စဉ်းစားပေးပါရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက အစည်းအဝေးတွင် တင်ပြခဲ့သည်။

ကွန်တိန်နာယာဉ်များသည် ရန်ကုန်မြို့တွင်း နေ့လယ်တွင် ဖြတ်သန်းမှုသည် ကုန်စည်စီး ဆင်းမှုကြန့်ကြာစေပြီး အမြင်ရ သော ကုန်ကျစရိတ်များရှိနေ ကြောင်း၊ ထိုအခြေအနေကို အဆင်ပြေစေဖို့ရန် ပြီးခဲ့သည့် သုံးနှစ်တာ ကာလအတွင်းက စီမံခဲ့သည့် စီမံကိန်းဖြစ်ကြောင်းနှင့်ကုန်စည်စီးဆင်းမှုတွင် စရိတ်သက်သာစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

Credit:7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service