FMI ရှယ်ယာ ယခင်အနိမ့်ဆုံးဈေး ကျပ် ၁၅၅၀၀ အထိ ပြန်ကျခဲ့ပြီး ယခင်လထက် အရောင်းအ၀ယ်ဈေးကွက် ထက်ဝက်ခန့် ကျဆင်း

FMI ရှယ်ယာ ယခင်အနိမ့်ဆုံးဈေး ကျပ် ၁၅၅၀၀ အထိ ပြန်ကျခဲ့ပြီး ယခင်လထက် အရောင်းအ၀ယ်ဈေးကွက် ထက်ဝက်ခန့် ကျဆင်း - Property News in Myanmar from iMyanmarHouse.com
28 Nov 2016 10:24 am တွင် တင်ခဲ့သည်
1619 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့ အိတ်ချိန်းတွင် FMI ရှယ်ယာဈေးမှာ ယခင်အနိမ့်ဆုံးဖြစ်ခဲ့သည့် ရှယ်ယာတစ်စုကျပ် ၁၅၅၀၀ အထိ ပြန်လည် ကျဆင်းခဲ့ပြီး စတော့အိတ်ချိန်းတွင် ကုမ္ပဏီ သုံးခု၏ နိုဝင်ဘာလအတွင်း အရောင်းအ၀ယ် ဖြစ်မှုမှာ အောက်တိုဘာလထက် ထက်ဝက်ခန့် ကျဆင်းလာကာ လက်ရှိအချိန်အထိ ကျပ် နှစ်ဘီလျံခန့်သာ အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ကြောင်း နိုဝင်ဘာ ၂၅ ရက် ဈေးကွက် အရောင်းအ၀ယ် ဖြစ်မှုအရ သိရသည်။

ရန်ကုန်စတော့ အိတ်ချိန်းတွင် သီလ၀ါ ရှယ်ယာများကို ရှယ်ယာခွဲစိတ်မှုကြောင့် လူစိတ်ဝင်စားမှု များပြားလာပြီး ဈေးနှုန်းပြန်လည် မြင့်တက်လာသဖြင့် အောက်တိုဘာတွင် ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအ၀ယ်ဖြစ်မှု ပြန်လည် မြင့်တက်လာခဲ့ပြီး ကျပ်လေးဘီလျံကျော်ဖိုးအထိ အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါ အရောင်းအ၀ယ်ဖြစ်မှုမှာ ယာယီသာဖြစ်ခဲ့ပြီး နိုဝင်ဘာလအတွင်း ချက်ချင်းပြန်လည် ကျဆင်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် သြဂုတ် ၂၆ ရက်မှစ၍ မြန်မာနိုင်ငံသားများဘဏ် ပါဝင်လာပြီး ကုမ္ပဏီသုံးခု ဖြစ်ခဲ့ကာ စက်တင်ဘာတွင် တစ်လလုံး အနေဖြင့် ကုမ္ပဏီသုံးခုက အရောင်းအ၀ယ် ပြုလုပ်ခဲ့သော်လည်း YSX စတင်ချိန်မှ ခုနစ်လအတွင်း ကျပ် ၂ ဒသမ ၄ ဘီလျံခန့်သာ အရောင်းအ၀ယ် ဖြစ်ခဲ့ကာ ခုနစ်လအတွင်း အနည်းဆုံးအ ရောင်းအ၀ယ် ကျဆင်းမှုအဖြစ် အဆိုးဆုံး စံချိန်တင်ခဲ့သည်။

ထိုသို့ စံချိန်တင် ကျဆင်းနေရာမှ အောက်တိုဘာတွင် ပြန်လည်မြင့်တက် လာခဲ့သော်လည်း အရောင်းအ၀ယ် ပြုလုပ်ရန် သုံးရက်သာ ကျန်ခဲ့သည့် နိုဝင်ဘာတွင်မူ ကျပ်နှစ်ဘီလျံခန့်သာ အရောင်းအ၀ယ် ဖြစ်လာသည်အထိ ဆိုးရွားလာခဲ့ခြင်းဖြစ်ပြီး ကျန်သုံးရက်တွင် ကျပ်သိန်း ၄၀၀၀ ကျော်ဖိုး အရောင်းအ၀ယ်မရှိပါက နိုဝင်ဘာလသည် စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ကိုးလအတွင်း ရှယ်ယာအရောင်းအ၀ယ်ဖြစ်မှု အနည်းဆုံးအဖြစ် စံချိန်တင်မည်ဖြစ်သည်။

FMI ရှယ်ယာသည် နိုဝင်ဘာ ၂၄ ရက် အထိ ရက်အများစုမှာ ကျပ် ၁၆၅၀၀ ဖြင့် ရှိနေခဲ့သော်လည်း နိုဝင်ဘာ ၂၅ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၁၅၅၀၀ အထိ ကျဆင်းခဲ့ပြီး အဆိုပါ ဈေးနှုန်းမှာ FMI ရှယ်ယာ၏ အနိမ့်ဆုံးဈေးနှုန်း ဖြစ်ခဲ့သည်။ နိုဝင်ဘာ ၂၅ ရက် အဖွင့်ဈေးတွင် ရှယ်ယာတစ်စု ကျပ် ၁၅၅၀၀ အထိ ကျဆင်းခဲ့သော်လည်း နေ့လယ်ဈေးတွင်မူ ကျပ် ၁၆၀၀၀ သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်းရှိ ရှယ်ယာများအနက် စိတ်ဝင်စားမှု အနည်းဆုံး မြန်မာနိုင်ငံသားများဘဏ်၏ MCB ရှယ်ယာသည် တစ်နေ့တာ အရောင်းအ၀ယ်ဖြစ်မှု သုညအထိ ကျဆင်းခဲ့သည့် နိုဝင်ဘာ ၂၁ ရက် နောက်ပိုင်း နိုဝင်ဘာ ၂၅ ရက် အဖွင့်ဈေးတွင်လည်း ရှယ်ယာအရောင်းအ၀ယ်ဖြစ်မှု သုညသာရှိပြီး အပိတ်ဈေးတွင်မူ ရှယ်ယာတစ်စု ကျပ် ၉၃၀၀ ဖြင့် ၁၉၉ စု အရောင်းအ၀ယ်ဖြစ်ခဲ့ သည်။ သီလ၀ါရှယ်ယာသည်မူ အဖွင့်ဈေးတွင် ကျပ် ၄၆၀၀၊ အပိတ်ဈေးတွင် ကျပ် ၄၇၀၀ ဖြင့် အစုပေါင်း ၁၀၉၅၈ စု အရောင်းအ၀ယ် ဖြစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်စတော့ အိတ်ချိန်းတွင် လစဉ်ရှယ်ယာ အရောင်းအ၀ယ် ဖြစ်ပေါ်နေမှုမှာ မတ်တွင် ကျပ် ၂၄ ဘီလျံကျော်၊ ဧပြီတွင် FMI ကုမ္ပဏီ တစ်ခုတည်းမှ ကျပ်ငါးဘီလျံကျော်၊ မေ ၂၀ ရက်တွင် သီလ၀ါရှယ်ယာ စတင် ရောင်းချခဲ့ပြီး ကုမ္ပဏီနှစ်ခု ဖြစ်လာခဲ့၍ ကျပ် ၁၆ ဘီလျံကျော်၊ ဇွန်တွင် ကျပ်ခြောက်ဘီလျံကျော်၊ ဇူလိုင်တွင် ကျပ် ၃ ဒသမ ၇ ဘီလျံကျော်နှင့် သြဂုတ်၂၆ ရက်တွင် မြန်မာနိုင်ငံသားများဘဏ် ပါဝင်လာသော်လည်း ကုမ္ပဏီသုံးခုမှ ကျပ် ၂ ဒသမ ၉ ဘီလျံကျော်သာ အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး စက်တင်ဘာတွင်လည်း ကျပ် ၂ ဒသမ ၄ ဘီလျံကျော်သာ အရောင်းအ၀ယ် ဖြစ်ပေါ်ကာ အနည်းဆုံး အရောင်းအ၀ယ် ဖြစ်မှုအဖြစ် စံချိန်တင်ခဲ့သည်။ ထိုသို့ စံချိန်တင် ကျဆင်းနေရာမှ အောက်တိုဘာတွင် သီလ၀ါရှယ်ယာများကို ရှယ်ယာခွဲစိတ်မှုကြောင့် လူစိတ်ဝင်စားမှု များပြားလာပြီး ဈေးနှုန်းပြန်လည် မြင့်တက်လာသဖြင့် အောက်တိုဘာတွင် ရန်ကုန်စတော့ အိတ်ချိန်း၏ အရောင်းအ၀ယ်ဖြစ်မှု ပြန်လည်မြင့်တက်လာခဲ့ပြီး ကျပ်လေးဘီလျံကျော်ဖိုးအထိ အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းမှ လအလိုက် ထုတ်ပြန်သည့် အရောင်းအ၀ယ်ဖြစ်မှု အခြေအနေများအရ သိရသည်။


Credit:Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service