ဂျူလီယာရောဘတ်၏ နေအိမ် ဈေးထက်ဝက်ခန့် လျှော့ချကာ အံ့အားသင့်ဖွယ်ရောင်းထုတ်

ဂျူလီယာရောဘတ်၏ နေအိမ် ဈေးထက်ဝက်ခန့် လျှော့ချကာ အံ့အားသင့်ဖွယ်ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
17 Nov 2016 11:14 am တွင် တင်ခဲ့သည်
2689 ကြိမ် ကြည့်ရှု့ပြီး
အော်စကာဆုရှင် ဟောလိဝုဒ်သရုပ်ဆောင် ဂျူလီယာရောဘတ်သည် ဟာဝိုင်အီကမ်းခြေရှိ နေအိမ်ကို မူလခေါ်ဈေးအောက် ထက်ဝက်ခန့်အထိ လျှော့ချပေးကာ အံ့အားသင့်ဖွယ် ရောင်းထုတ်လိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

၂၀၁၅ ခုနှစ်အတွင်းက ခေါ်ဈေး ကန်ဒေါ်လာ သန်း ၃၀ နီးပါး (၂၉ ဒသမ ၈၅ သန်း) ဖြင့် ဈေးကွက်တင်ထားခဲ့ပြီး ယခုရောင်းထုတ်လိုက်သော ဈေးမှာ ၁၆ ဒသမ ၂ သန်းဖြစ်ရာ ထက်ဝက်ခန့်အထိ လျှော့ချရောင်းထုတ်လိုက်ခြင်း ဖြစ်သည်။

ယင်းနေအိမ်ကို ဈေးကွက်တင်ခဲ့သည့် အကျိုးဆောင်ကုမ္ပဏီ Hawaii Life Real Estate Brokers မှ အကျိုးဆောင် နီးလ်နော်မန်က ပြောကြားရာတွင် အဆိုပါနေအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် ဈေးကွက်တင်ခဲ့ပြီး ရောင်းမထွက်သောကြောင့် နောက်ပိုင်းတွင် တဖြည်းဖြည်းဈေးနှုန်းလျှော့ချပေးခဲ့သော်လည်း ရောင်းမထွက်ဘဲ ရှိနေခဲ့ကြောင်း ပြောကြားသည်။

နောက်ဆုံးသတ်မှတ်ခဲ့သည့် ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၉ ဒသမ ၅ သန်းဖြစ်သည်။
ယခုအရောင်းအ၀ယ်တွင် ၀ယ်လက်၏ အမည်ကို ထုတ်ဖော်ကြေညာခြင်းမရှိချေ။
သို့ရာတွင် မိသားစုဖြစ်ပြီး ကလေးများပါဝင်ကာ အမြဲနေထိုင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
ဒေသတွင်း အနီးဝန်းကျင်တွင် ခြံဝန်းအကျယ်ပြန့်ဆုံးနေအိမ်ဖြစ်ပြီး
၂ ဧကခန့် ကျယ်ဝန်းသည်။

ကမ်းခြေသို့ မျက်နှာမူသည့် အကျယ်အ၀န်း ၂၁၅ ပေရှိသည်။
၁၉၁၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မူလရှေးဟောင်းလက်ရာများအတိုင်း ရှိဆဲဖြစ်သည်။
ပင်မနေအိမ်အဆောက်အအုံတွင် အိပ်ခန်း ၅ ခန်း ပါဝင်ကာ စတုရန်းပေ ၃၇၉၀ ကျယ်ဝန်းသည်။

ခြံဝန်းအတွင်းတွင် အိပ်ခန်း ၂ ခန်းပါ ဧည့်ဂေဟာအဆောက်အအုံတစ်လုံးလည်း ပါဝင်သည်။
နေအိမ်တည်ရှိရာ ဒေသ၀န်းကျင်မှာ ညအခါလည်ပတ်ရန်နေရာများ မရှိသည့်အတွက် တန်ဖိုးကြီးနေအိမ်များ ရောင်းထွက်ရန် ခက်ခဲလေ့ရှိသည်ဟု ဆိုသည်။ဂျူလီယာရောဘတ်သည် အဆိုပါနေအိမ်ကို ၂၀၁၁ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၁၃ ဒသမ ၄ သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂျူလီယာရောဘတ်၏ နေအိမ် ဈေးထက်ဝက်ခန့် လျှော့ချကာ အံ့အားသင့်ဖွယ်ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
ဂျူလီယာရောဘတ်၏ နေအိမ် ဈေးထက်ဝက်ခန့် လျှော့ချကာ အံ့အားသင့်ဖွယ်ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
ဂျူလီယာရောဘတ်၏ နေအိမ် ဈေးထက်ဝက်ခန့် လျှော့ချကာ အံ့အားသင့်ဖွယ်ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
ဂျူလီယာရောဘတ်၏ နေအိမ် ဈေးထက်ဝက်ခန့် လျှော့ချကာ အံ့အားသင့်ဖွယ်ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...

[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...

[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...

Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ

American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service