ရန်ကုန်တွင် ကျူးကျော်နေထိုင်သူများအတွက် တန်ဖိုးနည်းတိုက်ခန်း တစ်သောင်းကျော် စီစဉ်နေဟု နယ်လုံဝန်ကြီးပြော

ရန်ကုန်တွင် ကျူးကျော်နေထိုင်သူများအတွက် တန်ဖိုးနည်းတိုက်ခန်း တစ်သောင်းကျော် စီစဉ်နေဟု နယ်လုံဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
17 Nov 2016 9:34 am တွင် တင်ခဲ့သည်
1149 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ကျူးကျော်နေ ထိုင်သူများအတွက် တန်ဖိုးနည်း တိုက်ခန်းတစ်သောင်းကျော် စီစဉ် နေကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၆ ရက်တွင် ကျင်း ပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စား လှယ် ဦးကျော်ဇေယျက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျူး ကျော်နေထိုင်သူများအတွက် စီမံ ဆောင်ရွက်နေမှုကို ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဖြေကြားခဲ့ ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့သည် ကျူးကျော်နေထိုင်သူ များအတွက် လှိုင်သာယာနှင့် ဒဂုံ မြို့သစ် (ဆိပ်ကမ်း)မြို့နယ် နှစ်ခု တွင် တိုက်ခန်းနှစ်ထောင်ကျော် ဆောက်လုပ်ပြီးစီးထားပြီး လှိုင်သာယာ၊ သန်လျင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံ(အရှေ့ပိုင်း) စသည့်မြို့နယ် လေးခုတွင် တိုက်ခန်းရှစ်ထောင် ထပ်မံတည်ဆောက် ရန် စီစဉ်နေကြောင်း နယ်လုံဝန်ကြီးဗိုလ်မှူးကြီးတင်အောင်ထွန်း က လွှတ်တော်၌ပြောကြားသည်။

‘‘ဆောက်လုပ်ပြီးအဖြစ် လှိုင် သာယာမြို့နယ် ရွှေလင်ဗန်းအပိုင်း(၂၊၃)မှာ အခန်းတစ်ထောင်၊ ဒဂုံ မြို့သစ်(ဆိပ်ကမ်း)မြို့နယ် ယုဇန အိမ်ရာအပိုင်း (၁၊ ၂)မှာအခန်း တစ်ထောင့်နှစ်ရာ့ရှစ်လုံး ဖြစ်ပါ တယ်။ ဆောက်ဖို့လျာထားတာ လေးမြို့နယ်မှာ ရှစ်ထောင်လျာ ထားပါတယ်။ အပေါ်က လှိုင်သာ ယာနဲ့ သန်လျင်က ခွင့်ပြုချက်ရပြီး ဖြစ်ပါတယ်။ ကျန်တဲ့နှစ်ခုကတော့ စီမံဆောင်ရွက်ဆဲ ဖြစ်ပါတယ်’’ဟု နယ်လုံဝန်ကြီးက ရှင်းပြသည်။

ကျူးကျော်စာရင်းပေးသွင်းရုံ ဖြင့် အခန်းနှင့်မြေကွက်ရရှိမည် မဟုတ်ဘဲ ကျူးကျော်ပြည်သူများ အလုပ်လုပ်မှသာ အစိုးရအဖွဲ့က နေစရာ ဖန်တီးပေးနိုင်မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်တင်ဘာ ၁၇ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ ကျူးကျော်များအား စာရင်းကောက်ယူသည့် အနေအထားကို သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် ကျူးကျော်များအတွက် ထန်းတပင်မြို့နယ်တွင် မြေဧရိယာ ၅၃၄ဧကပေါ် ၌ ပေ ၂၀ × ၃၀ အကွက်ပေါင်း တစ်သောင်းငါးထောင်ခန့်ရှိသည့် ရပ်ကွက်တစ်ခုကို တိုးချဲ့တည်ဆောက်ရန် စီစဉ်ထားပြီး တွံတေးမြို့အနီး၌ အရန်မြေနေရာဧကတစ်သောင်း လျာထားကြောင်း သိရသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service