တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ လျှောက်လွှာပုံစံ လေးမျိုးခွဲ ရောင်းချမည်။

တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ လျှောက်လွှာပုံစံ လေးမျိုးခွဲ ရောင်းချမည်။ - Property News in Myanmar from iMyanmarHouse.com
15 Nov 2016 11:12 am တွင် တင်ခဲ့သည်
3105 ကြိမ် ကြည့်ရှု့ပြီး
မကြာခင်ရောင်းချသွားမယ့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချသွားမယ့် တန်ဖိုးနည်းအိမ်ရာ စီမံ ကိန်း လျှောက်လွှာတွေကို ပုံစံလေးမျိုးနဲ့ ခွဲခြားရောင်းချပေးမှာ ဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီး ဌာနက သိရပါတယ်။

“အိမ်ရာတွေကို လျှောက်မယ့် သူတွေရဲ့ အမျိုးအစားကို လိုက်ပြီး လျှောက်လွှာပုံစံ ခွဲသွားမယ်၊ ဝယ်ယူခွင့် လျှောက်လွှာတွေကို မကြခင် သတင်းစာမှာ ကြော်ငြာပြီး ဌာနမှာ လာထုတ်နိုင်အောင် စီစဉ်နေတယ်” လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုရောင်းချသွားမယ့် တန်ဖိုးနည်းအိမ်ရာတွေအပြင် နောက်ထပ် ဌာနက ရောင်းချဖို့ ကျန်ရှိတဲ့ တန်ဖိုးသင့် အိမ်ရာအခန်းတွေဖြစ်တဲ့ ရွှေလင်ဗန်းအိမ်ရာ မြေညီ shop house တွေဖြစ်တဲ့ သိန်း ၆၀၀ တန် အခန်းတွေနဲ့ ပုလဲမွန်ဘက်က အခန်းတွေကို open စနစ်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။သည်အိမ်ရာတွေကိုလည်း ဘဏ် ချေးငွေနဲ့ အခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း ပေးသွင်းပြီး အရစ်ကျစနစ်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

ပုံစံခွဲခြားရောင်းချမယ့် အခန်းလျှောက်လွှာတွေကတော့ အစိုးရဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ ပင်စင်စားနဲ့ ပြင်ပ က ဝယ်ယူကြမယ့် ပြည်သူတွေကို လျှောက်လွှာတွေ ခွဲခြားရောင်းချပေးမှာ ဖြစ်ပါတယ်။ လျှောက်လွှာအား လုံးကိုတော့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာနမှာ လာရောက်ထုတ်ယူရမှာဖြစ်ပြီး ဘဏ်မှာ ငွေစုပြီး အရစ် ကျဝယ်ယူသူတွေအားလုံးကို ဦးစားပေးရောင်းချသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးက မြရည်နန္ဒာအိမ်ရာစီမံကိန်းကိုလည်း မကြာခင်လျှောက်လွှာဝယ်ယူခွင့် စည်းကမ်းတွေ သတ်မှတ်ပြီးတာနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ အိမ်ရာ ဝယ်ယူခွင့်အတွက် လျှောက်လွှာတွေ ကိုလည်း သတင်းစာမှာ ကြေငြာချက်ထည့်ပြီးတာနဲ့ တစ်ခါတည်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ မြရည် နန္ဒာအိမ်ရာစီမံကိန်းရဲ့ အခန်းတန်ဖိုးတွေကတော့ ကျပ်သိန်း ၁၆၀ကျော် ဝန်းကျင်ကနေ ကျပ်သိန်း ၂၂၀ ဝန်း ကျင်အထိ ဈေးနှုန်းရှိပါတယ်။

အခန်းတွေကတော့ ပုံစံနှစ်မျိုးဖြစ်တဲ့ အရစ်ကျလေးလပေးချေစနစ်နဲ့ ဘဏ် ချေးငွေနဲ့ အရစ်ကျပုံစံနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်မှာ ရောင်းချသွားမယ့် တန်ဖိုးနည်းအိမ်ရာတွေကတော့ ကျပ်သိန်း ၁၂၀ ဝန်းကျင် အခန်း တွေဖြစ်ပြီး အခန်းပေါင်း ၆၀၀ ကျော်ကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service