ဆူးလေစကွဲ ဖွင့်ခွင့်ရပြီ

ဆူးလေစကွဲ ဖွင့်ခွင့်ရပြီ - Property News in Myanmar from iMyanmarHouse.com
15 Nov 2016 9:31 am တွင် တင်ခဲ့သည်
1368 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ (YCDC) သည် ခွင့်ပြုချက်မဲ့ အထပ်ကျော်လွန် ဆောက်လုပ်ခဲ့သည့် ဆူးလေ စကွဲ အဆောက်အအုံထံမှ ဒဏ်ငွေ လက်ခံရရှိပြီးနောက် အဆောက်အအုံ တည်ဆောက်ပြီးစီးမှု ထောက်ခံစာ Building Completion Certificate (BCC) ကို ထုတ်ပေးလိုက်ပြီ ဖြစ်သောကြောင့် ရှေ့လဆန်းတွင် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိသည်။

အထပ်နှစ်ထပ် ကျော်လွန် ဆောက်လုပ်ခဲ့မှုအတွက် YCDC က ချမှတ်သည့် ဒဏ်ကြေးငွေ ကျပ်သိန်းနှစ်သောင်း (အမေရိကန်ဒေါ်လာ ၁.၆ သန်းခန့်) ကို ပြီးခဲ့သည့်လက အဆောက်အအုံ ရင်းနှီးမြှုပ်နှံသူများဘက်မှ ကော်မတီသို့ ပေးသွင်းခဲ့ပြီး ကော်မတီက BCC ကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပေးခဲ့ကြောင်း YCDC မှ သိရှိရသည်။

YCDC က အထပ်ပို နှစ်ထပ်အတွက် ချမှတ်ခဲ့သည့် ဒဏ်ကြေးငွေမှာ တစ် စတုရန်းပေလျှင် မြန်မာငွေကျပ် ၁၅၀၀၀ ကျပ်ဖြစ်ကြောင်းလည်း သိရှိရသည်။

ယခုအခါ ဆူးလေစကွဲသည် YCDC ၏ ပါမစ်ကြီး (နောက်ဆုံးခွင့်ပြုချက်) နှင့် BCC နှစ်ခုလုံး ရရှိထားပြီး ဖြစ်သဖြင့် အဆောက်အအုံအတွင်း ဆိုင်ခန်းနှင့် လုပ်ငန်းများ ဖွင့်လှစ်နိုင်ပြီ ဖြစ်သည်။ ဆူးလေစကွဲသည် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ဖွင့်လှစ်မည်ဟု ယမန်နှစ်က ဆိုခဲ့သော်လည်း ယခုလို ဒဏ်ကြေးဆောင်ရမည့် ပြသနာများ ပေါ်ခဲ့သဖြင့် ဖွင့်လှစ်ရန် ကြန့်ကြာနေခဲ့ရသည်။ ဆူးလေစကွဲတွင် ဖွင့်လှစ်မည့် စားသောက်ဆိုင်များ သတင်းရပ်ကွက်မှ အဆိုအရ ဒီဇင်ဘာလဆန်းတွင် အကြိုဖွင့်လှစ်မှုများ စတင်နိုင်ကြောင်းသိရှိရသော်လည်း တရားဝင် ဖွင့်လှစ်မည့် ရက်အတိအကျကိုမူ ယခုအချိန်အထိ ကြေညာခြင်း မရှိသေးပေ။

၂၃ ထပ် အမြင့်ရှိ ဆူးလေစကွဲ အဆောက်အအုံသည် YCDC ၏ အဆောက်အအုံ စည်းကမ်းချက်များကို ချိုးဖောက်ခဲ့သည့်အတွက် ပါမစ်ကြီးနှင့် BCC များ ရရှိရန် နှောင့်နှေးနေခဲ့ခြင်း ဖြစ်သည်။

YCDC နှင့် ဆူးလေစကွဲ အဆောက်အအုံ ရင်းနှီးမြှုပ်နှံသူများကြား ညှိုနှိုင်းနေစဉ် ကာလအတွင်း မြို့တော်စည်ပင်၏ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက အထပ်မြင့် အဆောက်အအုံများနှင့် ပတ်သက်ပြီး YCDC အနေဖြင့် ပြည်သူအကျိုးကို ပထမဦးစားပေး စဉ်းစားပြီး လုပ်ငန်းရှင်များအပေါ်လည်း မတရားသဖြင့် မဖြစ်အောင် စီမံပေးနေကြောင်း ဧရာဝတီကို ပြောခဲ့သည်။

“ပြည်သူအတွက် အကောင်းဆုံး ဖြစ်မယ့်ဟာကို အန်တီတို့ လုပ်ပေးနေတယ်။ အဲဒါကို အန်တီတို့ ခိုင်ခိုင်မာမာ ရပ်တည်ပေးတယ်။ ဒါပေမယ့် အဲဒီလို ရပ်ပေးတဲ့ အချိန်မှာ လုပ်ငန်းရှင်ကိုလည်း မတရားသဖြင့် မဖြစ်အောင် အန်တီတို့ လုပ်ပေးနေတယ်” ဟု ပြောဆိုခဲ့သည်။

YCDC သည် ဆူးလေစကွဲ စီမံကိန်းအတွက် မူအားဖြင့် ခွင့်ပြုချက်ကို ၂၀၁၃ ခုနှစ် ဇန် နဝါရီလက ထုတ်ပေးခဲ့ပြီး ယင်းခွင့်ပြုချက်အရ မြေအောက်ထပ် နှစ်ထပ် ၊ (မြေပေါ်) အထပ် ၂၀ နှင့် penthouse တထပ် နှင့်အတူ အများပြည်သူ အသုံးပြုနိုင်မည့် စတုရန်းပေ ၅၀၀၀ ခန့်ရှိ နေရာတခု၊ စတုရန်းပေ ၉၀၀ ခန့်ရှိ အများသုံးအိမ်သာများ ပါဝင်ခဲ့သည်။

ဆူးလေစကွဲ အဆာက်အအုံ တည်ရှိရာ နေရာအများစုသည် မူလက အများပြည်သူ ပန်းခြံငယ်တခုနှင့် အများသုံးအိမ်သာများ ရှိခဲ့သည့်အတွက် YCDC နှင့် အဆောက်အအုံ ရင်းနှီးမြှုပ်နှံသူများကြား သဘောတူညီချက်အနေဖြင့် အဆောက်အအုံ တည်ဆောက်မှု ဒီဇိုင်းတွင် ထည့်သွင်းခဲ့ရခြင်း ဖြစ်သည်။

၂၀၁၆ မတ်လမကုန်မီတွင် ရင်းနှီးမြှုပ်နှံသူများဘက်မှ ထပ်မံ တင်ပြလာသည့် Revised proposal တွင်မူ မြေအောက်ထပ် တထပ်နှင့် မြေပေါ် ၂၃ ထပ် အဖြစ် မူလဒီဇိုင်းထက် အထပ်နှစ်ထပ် ပိုနေခဲ့သည်။ အများပြည်သူသုံး နေရာနှင့် အများသုံးအိမ်သာများမှာလည်း မူလဒီဇိုင်းပါ အကျယ်အဝန်းများထက် ကျဉ်းမြောင်းနေခဲ့သည်။

ဆူးလေစကွဲ အဆောက်အအုံတွင် အများပြည်သူဆိုင်ရာ နေရာနှင့် အများသုံး အိမ်သာများကို မူလတင်ပြခဲ့သည့် ဒီဇိုင်းအတိုင်း ပြန်လည်ဆောက်လုပ်ပေးရန်နှင့် အထပ်ပို နှစ်ထပ်အတွက် ဒဏ်ငွေဆောင်ရန် YCDC က ညွှန်ကြားခဲ့ပြီး နောက်ဆုံးရလဒ်အတွက် လများစွာ အချိန်ယူ ညှိနှိုင်းခဲ့ကြောင်း သိရှိရသည်။

ဆူးလေစကွဲ အဆောက်အအုံကို ဟောင်ကောင်အခြေစိုက် ရှန်ဂရီလာအုပ်စုပိုင်၊ ယခင်က ကုန်သည်ကြီးများ ဟိုတယ်ဟု ခေါ်တွင်သည့် ဆူးလေရှန်ဂရီလာဟိုတယ်နှင့် တဆက်တည်း ဆက်ကာ ဆောက်လုပ်ထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ စီမံမှုသည် ရန်ကုန်မြို့တော်စည်ပင်က အဆောက်အအုံ ရင်းနှီးမြှုပ်နှံသူများကို ပထမဆုံးအကြိမ်အဖြစ် ပြင်းထန်သော ဒဏ်ကြေးငွေ ချမှတ်နိုင်ခဲ့မှု တခုအဖြစ် လည်းကောင်း၊ YCDC နှင့် အဆောက်အအုံ ရင်းနှီးမြှုပ်နှံသူများကြား ပြေပြေလည်လည် ညှိနှိုင်းနိုင်ခဲ့မှု တခုလည်းကောင်း စည်ပင် အသိုင်းအဝိုင်းက ပြောဆိုကြသည်။



Credit: Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service