အိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းဥပဒေ အမြန်ထွက်ပေါ်ရန် ဆောင်ရွက်မည်

အိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းဥပဒေ အမြန်ထွက်ပေါ်ရန် ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
9 Nov 2016 11:17 am တွင် တင်ခဲ့သည်
1309 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာဥပဒေတစ်ရပ်ရှိလာပါကအကျိုးဆောင်များရရှိမည့်ဝင်ငွေအပ်ါအခွန်စည်း ကြပ်နိုင်မည်ဖြစ်သဖြင့်ယင်းဥပဒေကိုအချိန်တိုအတွင်း ပေါ်ထွက်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည် ထောင်စုလွှတ်တော် ဥ ပဒေ ရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင် ၏အဖွဲ့ဝင်တစ်ဦး က လွန်ခဲ့သောရက်သတ္တပတ်က နေပြည်တော်တွင်ပြုလုပ်သည့် အိမ်ခြံမြေ၀န်ဆောင်မှု ဥပဒေမူကြမ်း ဆွေးနွေး ပွဲတွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

"လက်ရှိ လောလောဆယ်ဝင်ငွေခွန်ထဲမှာအကျိုးဆောင်တွေဆီကအခွန်မပါပါဘူး။ ဒီအိမ်ခြံမြေ၀န်ဆောင်မှု လုပ်ငန်းဆိုင်ရာ ဥပဒေပေါ်လာရင် ၀င်ငွေခွန်အနေနဲ့ အကျိုး ဆောင်တွေကအခွန်ဆောင်ရမယ်။ ဒါကြောင့် ဥပဒေထွက်လာရင် ရငွေ ထဲ မှာ အများကြီး တိုးလာမှာပါ" ဟုကော်မရှင်အဖွဲ့ဝင် ဦး တင် မောင်ဦးက မြန်မာ တိုင်း(မ်)ကို ပြောသည်။

ထို့ပြင်လက်ရှိ မြန်မာနိုင်ငံအခြေအနေအရလာမည့်နှစ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုများစွာဝင်ရောက်လာနိုင် သည့်အတွက် အိမ်ခြံမြေကဏ္ဍအတွက်လည်း ရင်းနှီးမြှုပ်နှံ သူများ စိတ်ချ ယုံ ကြည်ရသည့် ဥပဒေများ ရှိသင့် သည့်အတွက် ယင်းဥပဒေမှာ မဖြစ်မနေ လိုအပ်ကြောင်း ၎င်းက ပြောသည်။

"ဒီဥပဒေက နိုင်ငံတော်အတွက်မဖြစ်မနေလိုအပ်တဲ့ဥပဒေဖြစ်ပါတယ်။ မကြာခင်မှာနိုင်ငံတကာရဲ့အရင်းအနှီး တွေက အများကြီး ၀င်လာလိမ့်မယ်။ဝင် လာ တဲ့အခါ နိုင်ငံခြားသားကဥပဒေရှိလားမေးရင်လက်ဆုပ် လက်ကိုင် မပြနိုင်ဘူး။ အဲဒါကြောင့် ခိုင်မာတဲ့ ဒီလိုအိမ်ခြံမြေဆိုင်ရာဥပဒေ ရှိဖို့လိုတယ်" ဟု ၎င်းက ပြောသည်။

လက်ရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း တွင် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်သည့် အကျိုးဆောင်များ၊ ကု မ္ပဏီများ ရှိ သ ကဲ့သို့ အရပ်ပွဲစားများလည်းရှိပြီး ၀န်ဆောင်ခ (သို့) ပွဲစားခ ယူဆောင်သည့် နှုန်းထားများမှာ လည်း ဥပဒေ တစ်ခုအနြေ ဖင့် သတ်မှတ်ထားသည့် နှုန်းထားများမဟုတ်သည့် အတွက် ယင်း ကိစ္စ ရပ်များ အ တွက် ဥပဒေလိုအပ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

"ဒီအိမ်ခြံမြေ ၀န်ဆောင်မှုလောကကို ထဲထဲဝင်ဝင် လေ့လာ ကြည့်ရင် ရသင့်တာမရတာတွေ၊နိုင်ငံတော်အစိုးရ အတွက် အခွန်မရတာတွေ၊၀ယ်တဲ့သူတွေ၊ ရောင်းတဲ့သူတွေအတွက် အာမခံမရှိတဲ့ဝန်ဆောင်မှု တွေ၊ အကျိုး ဆောင်တွေဘက်ကလည်း နစ်နာမှု တွေရှိတာတွေကြောင့် တိုင်းပြည်ရဲ့ ဒီလိုကာ လမျိုးမှာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုး တက်မှုအတွက်ဒီဥပဒေကတော့ သေချာပေါက်ရာနှုန်းပြည့် ပေါ်လာဖို့လိုတယ်"ဟုဦးတင်မောင် ဦးက ပြော သည်။

လက်ရှိ အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုဥပဒေ အခြေ အနေမှာ မြန်မာ နိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှု အသင်း (ဗဟို) ၏ အဆိုပြုတင်သွင်းထားသည့် အဆိုပြုချက်များ သာရှိပြီးယင်းအဆိုပြုချက်များကို အခြေ ပြု၍အခြားဝန်ဆောင်မှုအသင်း များအားလုံးက ပေးပို့အဆိုပြုချက်များကို အခြေခံကာ ဥပဒေကြမ်းတစ်ရပ် အ ဖြစ်ဦးစွာထွက်ပေါ်ရန်လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း(ဗဟို)ကအဆိုပြုတင်သွင်းလိုက်တဲ့အတွက်ဦးစားပေးရေးဆွဲရမယ့်ဥပဒေ ဖြစ် သွားပါပြီ။ဒီဥပဒေကြောရိုးမှာပါတဲ့အချက်တွေကိုပဲဆွေးနွေးစေချင်ပါတယ်။ ဥပဒေကော်မရှင်ကလည်း တခြားအဖွဲ့တွေရဲ့ တင်သွင်းတာတွေကိုဘယ်အချက်ကတော့ပါသင့်တယ်၊ဘယ် အချက်ကတော့ မပါသင့် ဘူး ဆိုတာ သုံးသပ်ပြီးရေးဆွဲ သွားမှာပါ" ဟု မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှုအသင်း (ဗ ဟို)ဥက္ကဋ္ဌ ဦးခင်မောင် သန်းကပြောသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ် များ လေ့လာစိစစ်သုံးသပ် ရေးကော်မရှင်ကလည်း ယင်း အိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းဆိုင်ရာ ဥပဒေမှာ နိုင်ငံ အ တွက် မဖြစ်မနေလိုအပ်နေသည့်အတွက် အ ချိန်တိုအတွင်း အမြန်ဆုံးထွက်ပေါ်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဦးတင်မောင်ဦးက ပြောသည်။

"ဒီလိုအချိန်မျိုးမှာ နိုင်ငံအတွက် လိုအပ် တဲ့ဥပဒေ ကို ပြ ဋ္ဌာန်းအောင် လုပ်ရမှာပါ။ ဒါပေမဲ့ ဥပဒေပေါ်လာဖို့ လို တယ် ဆိုပြီး လေးငါးနှစ် အချိန်ကြာလို့လည်း မဖြစ်ဘူး" ဟု ၎င်း က ပြောသည်။ ထို့ပြင် နိုင်ငံတော် အခွန် ရရှိ ရေးအတွက် မှာ လည်း ခိုင်မာသည့် ဥပဒေရှိမှသာ ဖြစ်သည့်အတွက် ယခု အိမ်ခြံမြေအကျိုးဆောင်လောက ၀န် ဆောင်မှုများမှ အ ခွန် ပေးဆောင်ခြင်းဖြင့် နိုင်ငံတော်အတွက် များစွာ ထောက်ပံ့ရလာနိုင်ကြောင်း ၎င်းက ပြော သည်။

"တိုင်းပြည်အတွက်အလိုအပ်ဆုံးက အခု ချိန်မှာ ဥပဒေ၊ တိုင်းပြည်အတွက် အလိုအပ် ဆုံးက အခွန်၊ ဒါကြောင့် အခွန် ခိုင်ခိုင်မာမာနဲ့ ဥပဒေပြဋ္ဌာန်းပြီးလုပ်မှ ရပါမယ်။ ရန်ကုန်မှာ တစ်ဧကကို သိန်း ၁,၀၀၀ နဲ့ ၁၀ ဧကဆို သိန်း တစ်သောင်း ကို ဧကရာနဲ့ချီ ၀ယ်နေကြ ပြီ။

သိန်းပေါင်း သောင်းနဲ့ချီဝယ်နေကြတဲ့ အတွက်ပွဲစားလော ကက လာတဲ့ အခွန် နိုင်ငံတော်အတွက် အထောက်အပံ့ဖြစ် မယ်လို့ ထင်ပါတယ်"ဟု ဦးတင်မောင်ဦးက ပြောသည်။
ထို့ပြင် အိမ်ခြံမြေအရောင်းအ၀ယ်လုပ် ကိုင်မှုများတွင်လည်း စာရွက်စာတမ်းအတုများ၊ စာချုပ်အတုများဖြင့် လိမ်လည် လုပ် ဆောင်နေမှုများ၊ ခိုင်မာမှုမရှိသည့်ပွဲစားများ၏လိမ်လည် မှုများ၊ကောင်းမွန်မှု မရှိသည့် ၀န် ဆောင်မှုများကြောင့် အိမ်၊ မြေ၀ယ်ယူသူ များမှာလည်း ပြဿနာအခက်အခဲများရှိခဲ့ကြသည့်အတွက် ယင်း ကဲ့ သို့အိမ်ခြံမြေ၀န်ဆောင်မှုပေးသည့် အကျိုးဆောင်များကို စနစ်တကျနှင့် ဥပဒေဘောင်အတွင်း လုပ်ဆောင် နိုင် မည့်ဥပဒေထွက်ပေါ်လာပါကအဆိုပါ ပြဿနာများလည်းလျော့နည်းသွားမည်ဖြစ်ကြောင်းဦးခင်မောင်သန်းက ပြောသည်။



Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service