နိုဝင်ဘာ လကုန်ပိုင်းတွင် ကျင်းပမည့် ၂၀၁၆ အရှေ့တောင်အာရှ အိမ်ခြံမြေဆုပေးပွဲတွင် မြန်မာနိုင်ငံမှ ဆုနေရာ ၁၀ မျိုးအတွက် ဇကာတင်စာရင်းဝင်လျက်ရှိ

နိုဝင်ဘာ လကုန်ပိုင်းတွင် ကျင်းပမည့် ၂၀၁၆ အရှေ့တောင်အာရှ အိမ်ခြံမြေဆုပေးပွဲတွင် မြန်မာနိုင်ငံမှ ဆုနေရာ ၁၀ မျိုးအတွက် ဇကာတင်စာရင်းဝင်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
9 Nov 2016 10:46 am တွင် တင်ခဲ့သည်
924 ကြိမ် ကြည့်ရှု့ပြီး
လာမည့် နိုဝင်ဘာ ၂၃ ၊ ၂၄ ရက်များတွင် ကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအိမ်ခြံမြေဆုပေးပွဲတွင် မြန်မာနိုင်ငံမှ ဆုနေရာ ၁၀ မျိုးအတွက် ဇကာတင်စာရင်းဝင်လျက်ရှိကြောင်း မလေးရှားအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဆုပေးပွဲအခမ်းအနားကိုစင်္ကာပူနိုင်ငံရှိရှန်ဂရီလာဟိုတယ်တွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါအခမ်းအနားကိုအပိုင်း ၃ ပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ပြီးProperty Report Congress Singaporeအမည်ဖြင့် ဆွေးနွေးပွဲကို နှစ်ရက်တာလုံးကျင်းပမည်ဖြစ်သည်။
Property Reportမဂ္ဂဇင်းမှ ဦးဆောင်သောကွန်ဖရင့်တွင် ဆုရ developer များနှင့် အာရှအိမ်ခြံမြေဆုပေးပွဲမှ ဒိုင်လူကြီးများအပါအ၀င် ၃၀ ဦးခန့် ဆွေးနွေးဟောပြောကြမည် ဖြစ်သည်။

၂၀၁၆ ခုနှစ် အရှေ့တောင်အာရှအိမ်ခြံမြေဆုပေးပွဲကို နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းတွင် ကျင်းပမည်ဖြစ်သည်။
ယင်းနှစ်ရက်တာလုံးတွင် ကော့တေးနှင့် နေ့လည်စာစားပွဲများ၊ ညစာစားပွဲများ ပါဝင်မည်ဟု ဆိုသည်။
ညစာစားပွဲကိုမစ်ဆုဘီရှီအီလက်ထရစ်၊ CNN International နှင့် စင်္ကာပူအခြေစိုက် အိမ်ခြံမြေ၀က်ဘ်ဆိုက်တစ်ခုတို့မှ ပံ့ပိုးပေးထားခြင်းဖြစ်ကာCNN International က ဆုပေးပွဲကို တရားဝင်ထုတ်လွှင့်ခွင့် ရရှိထားသည်။

ယခုဆုပေးပွဲမှာဆဌမအကြိမ်မြောက်ဖြစ်ပြီးအာဆီယံ ၈ နိုင်ငံမှ developer ပေါင်း ၄၀ ကျော် ဇကာတင်စာရင်းတွင် ပါဝင်လျက်ရှိသည်။
ဇကာတင်ဆုအရေအတွက်အားဖြင့် မြန်မာနိုင်ငံသည် ဆုပေါင်း ၁၀ ဆုဖြင့် တတိယနေရာတွင် ရပ်တည်လျက်ရှိသည်။
ဇကာတင်စာရင်းအရ-
အင်ဒိုနီးရှား- ၁၅ ဆု
ထိုင်း၊ ဖိလစ်ပိုင်- ၁၂ ဆု
မြန်မာ- ၁၀ ဆု
ဗီယက်နမ်- ၉ ဆု
မလေးရှား- ၈ ဆု
ကမ္ဘောဒီးယား- ၄ ဆုဇကာတင် ရွေးချယ်ခံထားရသည်။
မြန်မာနိုင်ငံမှ ရွေးချယ်ခံထားရသည့် ဇကာတင် ၁၀ ဆုမှာ…….

(၁) အရှေ့တောင်အာရှ အကောင်းဆုံး developer ဆု
(ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီ)

(၂) အရှေ့တောင်အာရှ အကောင်းဆုံး Boutique Developer
(Green Visionဆောက်လုပ်ရေးကုမ္ပဏီ)

(၃) အရှေ့တောင်အာရှ အကောင်းဆုံးကွန်ဒိုဆောက်လုပ်မှု
(The Gems Gardenကွန်ဒိုမီနီယံ-Capital Development Ltd )

(၄) အရှေ့တောင်အာရှ အကောင်းဆုံး ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံဆောက်လုပ်မှု
ဆီဒိုးနားဟိုတယ်-ရန်ကုန် (Inya Wing) Keppel Land

(၅) အရှေ့တောင်အာရှ အကောင်းဆုံးလူနေအိမ်ဗိသုကာဒီဇိုင်း
(Rosehill Residences - Rose Hill Soilbuild Co., Ltd)

(၆) အရှေ့တောင်အာရှ အကောင်းဆုံးလူနေအိမ်အတွင်းဒီဇိုင်း
(The Gems Garden ကွန်ဒိုမီနီယံ- Capital Development Ltd)

(၇) အရှေ့တောင်အာရှ အကောင်းဆုံးလက်လီအရောင်းဗိသုကာ
(ဂျန်းရှင်းစီးတီး ဈေးဝယ်စင်တာ-City Square Commercial Co., Ltd )

(၈) အရှေ့တောင်အာရှ အကောင်းဆုံး ရုံးခန်းဗိသုကာဒီဇိုင်း
(ဂျန်းရှင်းစီးတီးတာဝါ- City Square Office Co., Ltd)

(၉) အရှေ့တောင်အာရှ အကောင်းဆုံးဟိုတယ်ဗိသုကာဒီဇိုင်း
ဆီဒိုးနားဟိုတယ်-ရန်ကုန် (InyaWing) Keppel Land

(၁၀) အရှေ့တောင်အာရှ အကောင်းဆုံးဟိုတယ်အတွင်းဒီဇိုင်း
ဆီဒိုးနားဟိုတယ်-ရန်ကုန် (InyaWing) Keppel Land
တို့ ဖြစ်ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နိုဝင်ဘာ လကုန်ပိုင်းတွင် ကျင်းပမည့် ၂၀၁၆ အရှေ့တောင်အာရှ အိမ်ခြံမြေဆုပေးပွဲတွင် မြန်မာနိုင်ငံမှ ဆုနေရာ ၁၀ မျိုးအတွက် ဇကာတင်စာရင်းဝင်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

Central Shop House
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service