သစ်တောမြေ အကွက်ရိုက် ရောင်းချတာ၊ လွှဲပြောင်း ရောင်းချတာတွေ အရေးယူဖို့ စာရင်းကောက်ပြီ

သစ်တောမြေ အကွက်ရိုက် ရောင်းချတာ၊ လွှဲပြောင်း ရောင်းချတာတွေ အရေးယူဖို့ စာရင်းကောက်ပြီ - Property News in Myanmar from iMyanmarHouse.com
28 Oct 2016 11:03 am တွင် တင်ခဲ့သည်
1521 ကြိမ် ကြည့်ရှု့ပြီး
သစ်တောမြေတွေကို ကော်ဖီ၊ ပိုးဇာ၊ နှစ်ရှည်ပင်စိုက် ဧကကြီးတွေ ဆောင်ရွက်ဖို့ဆိုပြီး ပုဂ္ဂလိကကို ဧက များစွာ ချထားပေးခဲ့ပေမဲ့ အကွက်ရိုက်ရောင်းချတာတွေ၊ လွှဲပြောင်းရောင်းချတာတွေရှိလို့ ထိထိရောက် ရောက် အရေးယူဖို့ စတင် စာရင်းကောက်ယူနေပြီလို့ ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က တိုင်းဒေ သကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ပြောပါတယ်။

အဲသည်အဆိုကို အခုလ ၂၃ ရက်နေ့က ကျင်းပတဲ့ တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန် အစည်း အ ဝေးမှာ ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက တင်သွင်းခဲ့ တာဖြစ်ပါတယ်။ ပြည်ကြီးတံခွန်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်၊ ငါန်းဇွန်မြို့နယ်မှ ဒေါ်သဲ စုဝေ၊ နွားထိုးကြီးမြို့နယ်မှ ဒေါ်ငြိမ်းသက်နွယ်၊ ပုသိမ်ကြီးမြို့နယ်မှ ဦးရဲမင်းဦးတို့က ထောက်ခံ ဆွေးနွေးခဲ့ တာဖြစ်ပြီး အကောင်အထည်ဖော်ဖို့ လွှတ်တော်က အတည်ပြုပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက “အဆိုကို အကော်အထည်ဖော်ဖို့ လွှတ်တော်ကိုယ်စားလှယ် ၁၀ဦးပါဝင်တဲ့ အဖွဲ့ကိုဖွဲ့လိုက်ပြီ၊ မကြာခင်မှာ စတင်တော့မယ်၊ အခုနယ်မြေ စာရင်းတွေ ကောက်နေပြီ၊ အခုကောက်ထားတဲ့ စာရင်းတွေအရဆိုရင် မြေကွက်တွေကို အစုအစပ်ချထားတာ ၃၇၀ ဦး တွေ့ရှိရတယ်၊ ကော်ဖီစိုက်ခင်း ၁၈၆ ဧက လဲ အကွက်တွေ မနည်းဘူး” လို့ ပြောပါတယ်။

ပြင်ဦးလွင်မြို့နယ်ရဲ့ မြေဧရိယာအကျယ်ဟာ ၄၈၈.၇၉၄ ဧက ရှိပြီး လေးပုံသုံးပုံဟာဆိုရင် သစ်တောမြေ ဖြစ် တယ်။ စိုက်ပျိုးလုပ်ကိုင်ခွင့် ချထားပေးတဲ့ မြေကွက်တွေကို ကွက်ရိုက်ရောင်းချထားတာတွေ၊ လွှဲပြောင်း ရောင်းချတာတွေနဲ့ လုံးဝစိုက်ပျိုးခြင်းမရှိတာတွေကို စိစစ်တွေ့ရှိတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီး အတွင်းက မြို့နယ်အသီးသီးမှာ သစ်တောဦးစီးဌာနက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ စိုက် ပျိုးလုပ်ကိုင်ခွင့် ချထားပေးတဲ့ ကော်ဖီ၊ ပိုးဇာ၊ နှစ်ရှည်ပင် စိုက်ခင်းဧကကြီးတွေမှာ ပြဋ္ဌာန်းထားတဲ့ စိုက်ပျိုး ဥပဒေစည်းကမ်းတွေနဲ့ မညီဘဲ လုပ်ဆောင်နေမှုတွေကို လက်ရှိ တည်ဆဲ သစ်တောဥပဒေနဲ့အညီ ကွင်း ဆင်းစစ်ဆေးအရေးယူမှာ ဖြစ်ပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service