နှစ်လအတွင်း အိမ်ရာဝယ်ယူခွင့်ငွေစုစာအုပ် အရေအတွက် ငါးထောင်ကျော် ထုတ်ပေးထားဟုဆို

နှစ်လအတွင်း အိမ်ရာဝယ်ယူခွင့်ငွေစုစာအုပ် အရေအတွက် ငါးထောင်ကျော် ထုတ်ပေးထားဟုဆို - Property News in Myanmar from iMyanmarHouse.com
17 Oct 2016 10:52 am တွင် တင်ခဲ့သည်
1639 ကြိမ် ကြည့်ရှု့ပြီး
သြဂုတ် ၁ ရက်မှ စတင် ပြုလုပ်ပေးခဲ့သည့် ဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ အိမ်ရာဝယ်ယူခွင့်ငွေစုစာအုပ် (Housing Saving) အရေအတွက်မှာ နှစ်လကျော်အတွင်း ၅,၀၀၀ ကျော် ပြုလုပ်ထားပြီးဖြစ်သည်ဟု သတင်းရရှိသည်။

အဆိုပါစာအုပ်ဖြင့် ငွေစု ဆောင်းထားသူများသည် ရန်ကုန်မြို့မှ တန်ဖိုးနည်းအိမ်ရာများကို အစိုးရရောင်းချပါက ဦးစားပေး ၀ယ်ယူခွင့်ရှိမည်ဖြစ်ပြီး တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းမှာ ငွေစု စာအုပ်ထဲတွင်ရှိနေပါက ၀ယ်ယူ ခွင့်ရရှိမည်ဖြစ်သည်။

ငွေစုစာအုပ်ကို အခြားဘဏ်စာအုပ်များကဲ့သို့ တတ်နိုင်သော ငွေပမာဏဖြင့် ငွေစာရင်းစတင် ဖွင့်လှစ်နိုင်ပြီး အိမ်ရာဝယ်ယူမည် ဆိုပါက ဘဏ်စာအုပ်တွင် အိမ် ၀ယ်ယူမည့် ငွေပမာဏ၏ ၃၀ ရာခိုင်နှုန်းရှိရမည်ဖြစ်သည်။

‘‘ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ဘဏ်က ချေးပေးမယ်။ ရှစ်နှစ် တော့အရစ်ကျငွေပြန်ဆပ်ရမှာ ပေါ့’’ဟု ဆောက်
လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ ဒါရိုက်တာ ဦးဝင်းဇော်ကပြောသည်။

ဘဏ်ချေးငွေအတိုးနှုန်းမှာ အခြားဘဏ်များကဲ့သို့ ၁၂ ရာခိုင် နှုန်းသာဖြစ်ပြီး ပထမဆုံးစာအုပ် ပြုလုပ်သည့်
လတွင်ဝန်ဆောင်ခ ၁ ရာခိုင်နှုန်း ရယူထားကြောင်း
သိရသည်။

ဆောက်လုပ်ရေးဝန်ကြီး ဌာနသည် တစ်နိုင်ငံလုံးတွင် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်း တစ်သိန်းရှစ်သောင်းကျော်တည် ဆောက်ရန် စီစဉ်
ထားပြီး ရန်ကုန် မြို့၌ အခန်းရှစ်ထောင် တည် ဆောက်မည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြောကြားသည်။

အဆိုပါ အိမ်ရာများ တည် ဆောက်ပြီးစီးပါက ဘဏ်ချေးငွေ ဖြင့် အကောင့်ဖွင့်လှစ်ထားသူများ ကို ဦးစားပေးရောင်းချမည်ဟု ဆို သည်။ ဆောက်လုပ်ရေးနှင့် အိမ် ရာဖွံ့ဖြိုးရေးဘဏ်သည် လက်ရှိ တွင် ထုတ်ချေးထားသော ငွေစုစု ပေါင်းကျပ် ၁၃၀ ဘီလီယံကျော်ရှိ ကြောင်း သတင်းထုတ်ပြန်ထား သည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို အစိုးရအပါအ၀င် ဆောက်လုပ်ရေးလုပ်ငန်းရှင် များ၊ ပြင်ပစီးပွားရေးလုပ်ငန်းရှင် များစုစည်း၍
၂၀၁၄ တွင် စတင် တည်ထောင်ခဲ့သည်။

၂၀၁၃ ဇူ လိုင်တွင် ဗဟိုဘဏ်၏ ဘဏ်လိုင်စင်ရရှိပြီး မြန်မာနိုင်ငံမှ အိမ်ရာများ ၀ယ်ယူနိုင်ရန် ငွေချေးခွင့်ရရှိထားသည့် ဘဏ်တစ်ခုဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service