ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ မြေပိုင်ဆိုင်မှု ဥပဒေအတိုင်းရှင်းမည်

ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ မြေပိုင်ဆိုင်မှု ဥပဒေအတိုင်းရှင်းမည် - Property News in Myanmar from iMyanmarHouse.com
6 Oct 2016 10:15 am တွင် တင်ခဲ့သည်
2956 ကြိမ် ကြည့်ရှု့ပြီး
လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်းမကြီး နံဘေး အင်ဂလိုင်ကွင်းအတွင်း၌ ဆောက်လုပ်
နေသည့် ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်း မြေပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး မူလ
ပိုင်ရှင်ဟုဆိုသည့် လယ်သမားများက ဆောက်လုပ်နေသည့် ကုမ္ပဏီများအပေါ် တရားစွဲဆို
ထားခြင်းကို ဥပဒေဘောင်အတွင်း က ဖြေရှင်းသွားမည်ဟု မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

၎င်းက "နိုင်ငံတော်အဆင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းဖြစ်ပြီး မြေနေရာကအစ အသေ
အချာစိစစ်ပြီးမှ လုပ်နေတာဖြစ်တယ်။ ဥပဒေဘောင်အတွင်းကပဲ ဖြေရှင်းသွားမယ်။
သူတို့လည်း သူတို့လုပ်စရာရှိတာလုပ်၊ အန်ကယ်တို့ဘက်ကလည်း လုပ်စရာရှိတာတွေကို
ဆက်ပြီးလုပ်သွားပါမယ်"ဟု ဦးမင်းထိန်က ပြောသည်။

တရားစွဲဆိုခံထားရသည့် ကုမ္ပဏီများမှာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ၎င်းအိမ်ရာ
အတွက် ခေါ်ယူသော ဆောက် လုပ်ခွင့်တင်ဒါ အောင်မြင်ထားသူများလည်း ဖြစ်သည်။

၂၀၁၅ ခုနှစ်မှစတင်ကာ အဆိုပါ ကုမ္ပဏီများကို မူလပိုင်ရှင်ဟုဆိုသည့် လယ် သမားများက
တရားစွဲဆိုထားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့ အစိုးရ
လက်ထက်ဖြစ်သည့် ၁၉၈၉ ခုနှစ်၊ စက်တင်ဘာ ၆ ရက်တွင် လှိုင်သာယာ မြို့နယ်အတွင်းရှိ
အင်ဂလိုင်ကွင်း (ကွင်းအမှတ် ၃၇၅)၊ စုစုပေါင်း အကျယ်အ၀န်း ၄၀၄ ဧက အနက်မှ
၂၉၃ ဧကကို လှိုင်သာယာ မြို့သစ်တည်ထောင်ရာတွင် ရုံးအဆောက်အအုံများ
ဆောက်လုပ်ခြင်းနှင့် လူနေအိမ်ရာ များအဖြစ် အသုံးပြုရန် အမိန့်ကြော်ငြာစာ
အမှတ် ၄၀/လန (ထန်းတပင် ၈၉)ဖြင့် သိမ်းယူ ခဲ့ခြင်းဖြစ်သည်။

ယခု နိုင်ငံတော်မှဆောက်လုပ်နေသည့် ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းမြေ နေရာမှာ
မူလန၀တအစိုးရလက်ထက် မြေသိမ်း အမိန့်ဖြင့် သိမ်းယူထားခဲ့သည့် မြေဧက ၂၉၃ ဧက
ပေါ်တွင်မရှိဘဲ ကျန်ရှိသည့် လယ်သမား ပိုင် မြေနေရာဖြစ်သည့် ဧက ၁၀၀ ကျော်ပေါ်တွင်
ဆောက်လုပ်နေသည့်အတွက် တရားစွဲ ဆို ကန့်ကွက်ရခြင်းဖြစ်ကြောင်း မူလပိုင်ရှင်ဟု
ဆိုသည့် လယ်သမားများက ဆိုသည်။

"ကျွန်တော့်အဘတွေလက်ထက်ကတည်း က ပိုင်ခဲ့တဲ့မြေတွေပါ။ ကျွန်တော်အိမ်ထောင်ကျတော့
အဘက ကျွန်တော့်ကို အမွေပေးခဲ့ တဲ့မြေပါ။ ပြေစာ အထောက်အထားတွေရှိပါတယ်။
၂၀၁၅ မှာ ကျွန်တော်တို့ မြေပိုင်ဆိုင်ပါ တယ်၊ လယ်မြေသာ ဖြစ်ပါတယ်ဆိုတဲ့အကြောင်း
အထောက်အထားတွေ ရှိပါတယ်။ တရားစွဲ ထားတဲ့ နောက်ဆုံးအခြေအနေကတော့ ရုံးချိန်းတွေ
ခဏခဏချိန်းနေပါတယ်။ ၄၀၄ ဧက မှာ နိုင်ငံတော်က ၂၉၃ ဧကကို သိမ်းယူခဲ့တယ်။
ကျန်တဲ့မြေဧက ၁၀၀ ကျော်ကျော်ထဲမှာ ကျွန်တော်တို့မြေတွေ ပါပါတယ်။ အိုးအိမ် က
ဆောက်တာလည်း ကျန်တဲ့ မြေဧက ၁၀၀ ကျော်ကျော်လောက်ထဲမှာ ဆောက်ထားတာ
ဖြစ်တယ်"ဟု တရားစွဲဆိုထားသည့် လယ် သမား ဦးကြည်သောင်းက ပြောသည်။

၂၀၁၂ ခုနှစ်မှစတင်ကာ ယင်းမြေနေရာပေါ်တွင် နိုင်ငံတော်မှ အိမ်ရာစီမံကိန်းများ
ဆောက်လုပ်ရန် စီစဉ်လာခဲ့သည့်အတွက် ဦးစိုးဝင်းအပါအ၀င် လယ်သမား ၁၀ ဦးက
ယင်းတို့ပိုင်ဆိုင်သည့် လယ်ယာမြေများဖြစ်သည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးအပါအ၀င် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသို့
ကန့်ကွက်လွှာများပေးပို့ခဲ့သည်။

ထို့နောက် စီမံကိန်း လုပ်ငန်း များစတင်သည့် ၂၀၁၅ခုနှစ်၊ မေလမှစတင်ကာ ကျန်စစ်မင်းအိမ်ရာ စီမံကိန်းဆောက်လုပ် နေသည့် ဆောက်လုပ်ရေးကုမ္ပဏီများကို ယခုကဲ့သို့ တရားစွဲဆို
ခဲ့ခြင်းဖြစ်သည်။ "အသေအချာပြောလို့ရတာကတော့ ကျွန်တော်တို့ အခုဆောက်နေတဲ့
ကျန်စစ်မင်း က မူလမြေသိမ်းအမိန့်ထဲမှာပါတဲ့ ၂၉၃ ဧက ထဲမှာပါပါတယ်။ မြို့မြေအဖြစ်
ပြောင်းလဲပြီး နောက်ပိုင်းမှာ လယ်မြေဆိုတာ မရှိတော့ပါ ဘူး။ အင်ဂလိုင်ကွင်းကြီးက
အကျယ်ကြီးပါ။ သူတို့စာရွက်စာတမ်း အထောက်အထားပြပြီး တရားစွဲမယ်ဆိုရင်လည်း
ဥပဒေလမ်းကြောင်း အတိုင်းပဲ ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်"ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာန၊ အိမ်ရာ ဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက
အောက်တိုဘာ ၃ ရက်တွင် မြန်မာတိုင်း(မ်)သို့ ပြောသည်။

စက်တင်ဘာ ၁၃ ရက်ထုတ် ကြေးမုံ သတင်းစာတွင် ကျန်စစ်မင်း တန်ဖိုးနည်း
အိမ်ရာစီမံကိန်း အပိုင်း ၂ ဆောက်လုပ်ရန် အတွက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က
ဆောက်လုပ်လိုသည့် ကုမ္ပဏီများကို တင်ဒါ ခေါ်ယူခြင်းအပေါ် မူလပိုင်ရှင်ဟု လယ်သမား
များမှ ကန့်ကွက်ကြောင်း ကြေညာခဲ့သည်။ "ကျွန်တော်တို့က ဥပဒေကြောင်းအရ
သိပ်နားမလည်တော့ လာဆောက်တဲ့ကုမ္ပဏီ ကိုပဲ တရားစွဲရတာ ဖြစ်တယ်။
အိုးအိမ်ဆိုတာ က အစိုးရဖြစ်နေတော့ တရားစွဲမယ်ဆိုရင်တောင် စာချွန်တော်တွေနဲ့
အဆင့်ဆင့်ဆို တော့ အချိန်ကြာနေမှာစိုးလို့ ကုမ္ပဏီတွေကို ပဲ တရားစွဲလိုက်ရတာပါ။
မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး စာရွက်စာတမ်း တွေရှိပါတယ်။ အခုကျွန်တော်တို့
တရားစွဲထားတာက မူလ မြေသိမ်းခဲ့တဲ့ ၂၉၃ ဧက အပြင်ဘက်က မြေတွေပါ။
တရားရုံးမှာ ခုနစ်ကြိမ်လောက် ရုံးချိန်းသွားပြီးပါပြီ"ဟု လယ်သမား ဦးမင်းအောင်က
ပြောသည်။

၁၉၈၉ ခုနှစ် မြေသိမ်းအမိန့်ဖြင့် သိမ်းယူခဲ့သည့် ဧက ၂၉၃ ဧကအတွင်း၌ အောင်မြေ
သာယာစေတီ၊ အောင်ဇေယျအိမ်ရာ၊ ထီးလှိုင် ရှင်အိမ်ရာ၊ ဖွံ့ဖြိုးအောင်အိမ်ရာ၊ အခွန်လွတ်ဈေး၊
ရန်ကုန်-ညောင်တုန်း လမ်းမကြီးနှင့် နိုင်ငံပိုင်ရုံးဌာနအဆောက်အအုံများ တည်ဆောက်မှုတွင်
အသုံးချခဲ့ပြီး ဖြစ်သည်။

ယခု ကျန်စစ်မင်းအိမ်ရာ ဆောက်လုပ်သည့်မြေမှာ မူလ ၂၉၃ ဧကတွင် မပါဝင်သည့်
အင်ဂလိုင် ကွင်းအတွင်း ကျန်ရှိခဲ့သည့် လယ်သမားပိုင် လယ်မြေဧက ၁၀၀ ကျော်အတွင်း
ဆောက်လုပ်ထားသည့်အတွက် တရားစွဲဆိုရခြင်းဖြစ် ကြောင်း တရားစွဲဆိုထားသည့်
လယ်သမား များက ပြောသည်။



Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service