မြေငှားဂရန်မူရင်းကို သက်ဆိုင်ရာက ပယ်ဖျက်ရသည့် ကိစ္စရပ်များ

မြေငှားဂရန်မူရင်းကို သက်ဆိုင်ရာက ပယ်ဖျက်ရသည့် ကိစ္စရပ်များ - Property Knowledge in Myanmar from iMyanmarHouse.com
30 Sep 2016 11:59 am တွင် တင်ခဲ့သည်
2110 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

''မြေငှားဂရန်မူရင်းတွေကို သက်ဆိုင်ရာက ပယ်ဖျက်တာတွေ ရှိတယ်လို့ သိရတယ်။ ဘယ်လို ကိစ္စတွေလဲဆိုတာ သိချင်လို့ သူငယ်ချင်း''

မိတ်ဆွေတစ်ဦးကစာရေးသူထံ ရောက်လာပြီး မေးမြန်းဆွေးနွေးလာခြင်း ဖြစ်သည်။

''တိုက်ခန်းတွေ အဝယ်ထပ်သလို ဂရန်မူရင်း ၂ ခု၊ ၃ ခု ဖြစ်နေတာတွေ၊ မြေချပါမစ် ၂ ခု ရှိနေတာတွေကြောင့် သက်ဆိုင်ရာက စိစစ်ပြီး မမှန်မကန်ထုတ်ယူထားတဲ့ ဂရန်စာချုပ်တွေ၊ မြေချပါမစ်တွေကို ပြန်လည်ရုပ်သိမ်း ပယ်ဖျက်တာပဲ ဖြစ်တယ်''

''ဒါဆိုရင် မြေချပါမစ်အတု၊ ဂရန်စာချုပ်အတုတွေရှိနေတဲ့ သဘောပေါ့''

''မှန်ပါတယ်၊ ဒါပေမယ့် သက်ဆိုင်ရာရုံးဌာနကတော့ အတုလား၊ အစစ်လား ခွဲခြားသိရှိကြတယ်လို့ ပြောတယ်''

''ပြီးခဲ့တဲ့ ၂ လလောက်က ဖြစ်မယ်ထင်တယ်။ မိတ်ဆွေတစ်ဦးကသူဝယ်ထားတဲ့ မြေကွက်ရဲ့ မြေချပါမစ်မူရင်းကို သက်ဆိုင်ရာ အိုးအိမ်ဦးစီးဌာန မြေယာရုံးခွဲကို သွားပြတယ် ပြောတယ်''

''အဲဒီတော့ သက်ဆိုင်ရာက ဘာပြောလိုက်သလဲ''

''သူတို့ရုံးဌာနက ထုတ်ပေးတဲ့ မြေချပါမစ် မဟုတ်ဘူးလို့ ပြောတယ်၊ ဘယ်က ရသလဲ စစ်ဆေးမေးမြန်းတာကြောင့် မိတ်ဆွေက ကျွန်တော်ဝယ်ထားလိုက်တာပါလို့ အမှန်အတိုင်း ပြောပြခဲ့တယ်၊ သက်ဆိုင်ရာရုံးက ပြန်အပ်ဖို့ ပြောတယ်တဲ့၊ စာရွက်စာတမ်းအတု လက်ဝယ်ရှိရင် ဥပဒေအရ အရေးယူနိုင်တယ်လို့ ပြောတာနဲ့ ဆိတ်ဆိတ်နေပြီး ပြန်လာခဲ့ရတယ်လို့ ပြောပြတယ်''

''စာရွက်စာတမ်းအတု တစ်ခုကို သိလျက်နဲ့ လက်ဝယ်ထားပြီး အစစ်အမှန်အဖြစ် အသုံးပြုမယ် ဆိုရင် စာရွက်စာတမ်းကို မိမိကိုယ်တိုင် လိမ်လည်အတုပြုသကဲ့သို့ ပြစ်မှုကျူးလွန်ရာ ရောက်တယ်လို့ ရာဇသတ်ကြီးဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ ဒါကြောင့် စာရွက်စာတမ်းအတုဖြစ်ကြောင်း သိရင်တော့ သက်ဆိုင်ရာကို ပြန်အပ်တာဟာ အန္တရာယ်အကင်းဆုံးပဲ သူငယ်ချင်း''

''တရားရုံးမှာ တရားစွဲဆိုပြီး ဂရန်စာချုပ်ကို ပယ်ဖျက်ရတာလည်း ရှိတယ်ဆို''

''အေး- အခြေအနေအမျိုးမျိုး ရှိတယ်၊ သူငယ်ချင်းနားလည်အောင် ရှင်းပြရမယ်ဆိုရင် ဂရန်လျှောက်ထားတဲ့အခါ မြေချပါမစ် မူရင်းကို တင်ပြရတယ်။ မြေချပါမစ် အမည်ပေါက်သူထံမှ အရပ်ကတိစာချုပ် အဆင့်ဆင့်နဲ့ ဝယ်ခဲ့တဲ့ စာချုပ်တွေ တင်ပြပြီး နောက်ဆုံး ဝယ်ယူနေထိုင်သူက ဂရန်မူရင်း ထုတ်ပေးဖို့ လျှောက်ကြရတယ်။ သက်ဆိုင်ရာရုံးဌာက ဂရန်မူရင်း ထုတ်ပေးရင်တော့ မူလမြေပါမစ် မူရင်းကို သိမ်းဆည်းလိုက်မှာ ဖြစ်တယ်''

''နောက်တစ်ယောက်က မြေကွက်ပါမစ်မူရင်းတစ်ခုကို ပြပြီး အရပ်ကတိစာချုပ် အဆင့်ဆင့်နဲ့ ဝယ်ထားတဲ့ စာချုပ်တွေလည်း ပြမယ်။ ဒီအချက်တွေနဲ့ ဂရန်လျှောက်ခဲ့ရင် ဘယ်လိုဖြစ်နိုင်မလဲ''

''အဲဒီလို ထပ်နေရင်တော့ သက်ဆိုင်ရာဌာနက မူလထုတ်ပေးထားခဲ့တဲ့သူထံ အကြောင်းကြားပြီး ဂရန်မူရင်းကို တင်ပြစေမယ်။ ပြီးတော့ ပထမလူ တင်ပြခဲ့တဲ့ မြေကွက်ပါမစ်နဲ့ နောက်ပိုင်းအခုမှ တင်ပြတဲ့ မြေကွက်ပါမစ်တို့ကို ကျွမ်းကျင်သူတို့နဲ့ စိစစ်ပြီး အမှား၊ အမှန် ခွဲခြားမယ်။ ပထမလူထံမှာ ရှိနေတဲ့ မြေကွက်ပါမစ်ဟာ မမှန်ကန်ဘူး ဆိုရင်တော့ ပထမလူဆီက ဂရန်စာချုပ်ကို ပြန်လည်အပ်နှံဖို့ အကြောင်းကြားမှာ ဖြစ်တယ်။ ပထမလူက အဆိုပါ ဂရန်စာချုပ်ကို ပြန်လည်အပ်နှံခြင်းမရှိဘူး ဆိုရင်တော့ သက်ဆိုင်ရာရုံးဌာနက ပထမလူထံ ထုတ်ပေးထားတဲ့ ဂရန်မူရင်းကို ပယ်ဖျက်ကြောင်း အများသိစေရန် နေ့စဉ်ထုတ်သတင်းစာမှာ ကြော်ငြာပေးသွားမှာ ဖြစ်တယ်''

''သူငယ်ချင်းပြော စကားအရ ဆိုရင် အဲဒီလို အခြေအနေမျိုးဆိုရင်တော့ သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ ဌာနဆိုင်ရာက ဆုံးဖြတ်အတည်ပြုလိုက်ရင် ဖြစ်တယ်ပေါ့''

''မှန်ပါတယ်။ တစ်ခါတစ်ရံကျတော့လည်း နှစ်ဖက်ခေါ်ယူပြီး ဆုံးဖြတ်လို့မရတဲ့ ကိစ္စရပ်တွေလည်း ရှိတာပေါ့။ အဲဒီလို အခါမျိုးမှာ နစ်နာသူက အခြားသူအပေါ် မမှန်မကန်ရယူထားသည့် ဂရန်စာချုပ် ပယ်ဖျက်ပေးစေလိုမှုနဲ့ ပစ္စည်းလက်ရောက်ရလိုမှုအဖြစ် တရားစွဲဆိုကြတာတွေလည်း ရှိတယ်''

''ဘယ်လိုပဲဖြစ်ဖြစ် မြေကွက် ဝယ်မယ်ဆိုရင် သေချာစိစစ်ပြီးမှ ဝယ်သင့်တာပေါ့နော်''

''မှန်ပါတယ်။ အိမ်မြေဝယ်မယ်ဆိုရင် ပြီးစလွယ်လုပ်ပြီး မဝယ်မိကြဖို့ အထူးသတိပြုသင့်တယ်''

''တကယ်လို့ မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ သက်ဆိုင်ရာဌာနက တစ်ဦးတစ်ယောက် လက်ဝယ်ရှိတဲ့ မြေငှားဂရန်စာချုပ်ဟာ မမှန်ကန်ကြောင်း၊ အတုဖြစ်ကြောင်း ဆုံးဖြတ်ချက်ကို မကျေနပ်ရင် ဘယ်လိုဆက်လုပ်နိုင်သေးသလဲ''

''ဒီအချက်ကလည်း အရေးကြီးပါတယ်။ ဘယ်သူမဆို မိမိလက်ဝယ်က ဂရန်စာချုပ်ကို သက်ဆိုင်ရာဌာနက ဖျက်သိမ်းပယ်ဖျက်ကြောင်း ဆုံးဖြတ်ကြေညာခဲ့ရင် အထက်အဖွဲ့အစည်းထံ တင်ပြလိုတဲ့ စိတ်ဆန္ဒတော့ ရှိမှာဖြစ်တယ်။ ဒါကြောင့် ဥပဒေကလည်း အယူခံသဘောမျိုး တက်ခွင့် ပေးထားတာရှိတယ် သူငယ်ချင်း''

''ဘယ်လိုပုံစံဆိုတာ ရှင်းပြပါဦး''

''မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ သက်ဆိုင်ရာဌာနကနေ ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ရင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တရားစီရင်ရေး ဥပဒေ ပုဒ်မ-၁၆ (က)(၂)နှင့် ၄ တို့အရ အာဏာပေးစာချွန်တော် အမိန့် (သို့မဟုတ်) အာဏာပိုင်မေး စာချွန်တော် အမိန့် ထုတ်ဆင့်ပေးဖို့ လျှောက်ထားခွင့်ရှိမှာ ဖြစ်တယ်''

''လက်ခံဆောင်ရွက်တဲ့ အမှုတွေ ရှိတယ်ပေါ့''

''ရှိတာပေါ့၊ ၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၈ဝ မှာ ဖော်ပြထားတဲ့ (ဦးဇော်မျိုးဝင်းနဲ့ ဌာနမှူး၊ အဆောက်အအုံနှင့် ကုန်ရုံဌာန၊ မန္တလေးစည်ပင်သာယာရေးကော်မတီ) အမှုမှာ မန္တလေးစည်ပင်သာယာရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်အပေါ် စာချွန်တော်အဖြစ် အာဏာပေးစာချွန်တော် ထုတ်ဆင့်ပေးဖို့ လျှောက်ထားတာ တွေ့ရတယ်။ ဒါကြောင့် ဥပဒေအရ ကုစားမှုတွေ ပေးထားကြောင်း ပြည်သူတွေ သိရှိဖို့လည်း အထူးလိုအပ်တယ်''

''ဘာပဲဖြစ်ဖြစ် အိမ်မြေ ရောင်းသူက ဂရန်အမည်ပေါက် ဖြစ်သည့်တိုင် သက်ဆိုင်ရာဌာနရုံးမှာ စိစစ်ဖို့ အထူးလိုအပ်တယ် ဆိုတာ ဗဟုသုတ ရလိုက်တယ် သူငယ်ချင်း''ဟု ပြောဆိုကာ နေ့လယ်စာကျွေး၍ ကျေးဇူးတင်စကား ပြောသွားခဲ့ပါသည်။ စာဖတ်သူများလည်း ဗဟုသုတရစေရန် ရည်ရွယ်ရေးသားလိုက်ခြင်း ဖြစ်ပါသည်။

Credit: ဈေးကွက်ဂျာနယ်

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service