ဆောက်လုပ်ရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများအတွက် တည်ငြိမ်သည့်မူဝါဒလို

ဆောက်လုပ်ရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများအတွက် တည်ငြိမ်သည့်မူဝါဒလို - Property News in Myanmar from iMyanmarHouse.com
22 Sep 2016 10:28 am တွင် တင်ခဲ့သည်
925 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံတကာမှ လာရောက်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်အတူ ရန်ကုန်မြို့တွင် ရုံးခန်း၊
အိမ်ခန်း လိုအပ်ချက်များ တိုးလာရာ ဆောက်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့်သူများအတွက်
တည်ငြိမ်သော မူဝါဒတစ်ခု လိုအပ်နေသည်ဟု ဆောက်လုပ်ရေးလုပ်ငန်း ရှင်များက ပြောသည်။

"ဆန်ရှင်ရုပ်ဖို့ လုပ်နေပြီဖြစ်တဲ့အတွက်လာပြီး အလုပ်လုပ်မယ့်လူတွေ၊ လာလည်မယ့်သူတွေက
ပိုပြီးများလာမှာ သေချာတယ်။ သူတို့တွေအတွက် အခုချိန်မှာတောင် ရုံးခန်း အိမ်ခန်းလိုအပ်ချက်က
ရှိနေတယ်။ ပြည်ပက လုပ်ငန်းရှင်တွေလည်း ရောက်သင့်သလောက်တော့ ရောက်နေပြီ။
အလုပ်လာ လုပ်တဲ့ ပြည်ပက ၀န်ထမ်းတွေကျတော့လည်း ကွန်ဒိုတွေ ငှားခဈေးကြီးလို့အပြင်အိမ်တွေ တိုက်ခန်းတွေမှာ ဖြစ်သလို ငှားနေကြရတယ်။ ဈေးကွက်ရှိမှန်းသိပေမဲ့ အရောင်းအ၀ယ်က အေးတဲ့အတွက် ဆောက်လုပ်ရေးသမားတွေ ကလည်း ဆောက်ပြီးရင်းနှီးမထားနိုင်ဘူး။ ရန်ကုန်မှာ နိုင်ငံတကာ ရုံးခန်းဖွင့်နိုင်တဲ့ အဆောက်အအုံကလည်းနည်းနေသေးတယ်။ ပြောရမယ်ဆိုရင် မူဝါဒတွေကလည်း မငြိမ်သေးဘူး၊ မူဝါဒတွေ
ငြိမ်သွားဖို့လိုတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ အိမ်ခြံမြေ၀န်ဆောင်မှု အသင်း (ဗဟို)
ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက စက်တင်ဘာ ၉ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ်အတွင်း သမ္မတ ဘာရက်အိုဘားမား နှင့်ဆွေးနွေးခဲ့ပြီးနောက် အရေးယူပိတ်ဆို့မှု များကို ဖြေလျှော့ပေးနိုင်မည့် အလားအလာကောင်းများ ပေါ်ထွက်လာခဲ့ရာ အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းပြီးပါက ယခုထက်ပြည်ပမှ ပိုမိုလာရောက်နေထိုင် အလုပ်လုပ် ကိုင်သူ များပြားလာမည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

သို့သော် ၀င်လာမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အတွက် လိုအပ်သည့် အမှန်တကယ်
အလုပ်လုပ်ကိုင်နိုင်သည့် နိုင်ငံတကာအဆင့်မီ ရုံးခန်းများ၊ အိမ်ရာများမှာမူ နည်းပါးနေဆဲဖြစ်သည်ဟု
၎င်းတို့က ဆိုသည်။

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်း များနှင့် ပတ်သက်သည့်မူဝါဒမှာ ယနေ့ အချိန်ထိ

ပြောင်းလဲမှုများဖြင့် မငြိမ်မသက် ဖြစ်နေလျက်ရှိသည်။

ယခင်အစိုးရလက် ထက်က ရန်ကုန်မြို့တော်အတွင်း ဆောက် လုပ်ရန် ခွင့်ပြုထားခဲ့သည့်
အထပ်မြင့် အဆောက်အအုံများကို ယခုအစိုးရလက် ထက်တွင် ပြန်လည်စိစစ်ခြင်းများ
လုပ်ခဲ့ သည်။ အချို့သော အဆောက်အအုံ ဆောက်လုပ်မှုနှင့်ပတ်သက်ပြီး ချမှတ်ထားသော
မူဝါဒများနှင့် အငြင်းပွားမှုများရှိနေ သကဲ့သို့ ယခင်အစိုးရလက်ထက်က ပြဋ္ဌာန်း ခဲ့သော
ပြည်ထောင်စုအခွန်အကောက် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်ပြီး
အခွန်နှုန်းထားကြီးမြင့်သည်ဟု ပြောဆိုကြ သည်များလည်း ရှိသည်။

"အထပ်မြင့်ပေါ်လစီတွေ အပြောင်းအလဲ လုပ်ခဲ့ပြီး အခုထိမငြိမ်သေးတာရယ်၊ အခွန်နဲ့
ပတ်သက်ပြီး ပေါ်လစီမာတာတွေက ဈေးကွက် အပေါ် အကျိုးသက်ရောက်မှု ရှိနေတယ်၊
တဖြည်းဖြည်းချင်းတော့ ကောင်းလာမယ်လို့ ယူဆပါတယ်"ဟု ဦးသန်းဦးက ဆက်လက်
ပြောသည်။

လတ်တလောတွင် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဈေးကွက်အေးနေသော်လည်း
မကြာမီ ပြည်ပနိုင်ငံများမှ မြန်မာ နိုင်ငံအတွင်းသို့ လာရောက် အလုပ်လုပ်ကိုင်သူများ၊
စီးပွားရေးလုပ်ငန်းရှင်များသာမက ကမ္ဘာလှည့်ခရီးသည်များပါ တိုးတက်များပြားစွာ
ရောက်ရှိလာနိုင်သည့် အလားအလာ ကောင်းများကြောင့် ရန်ကုန်မြို့တော်တွင် ရုံးခန်း၊
အိမ်ရာလိုအပ်ချက်များ အများအပြား ရှိလာနိုင်သည်ဟု အိမ်ခြံမြေလုပ်ငန်းများက
ခန့်မှန်းနေကြသည်။

လိုအပ်လျက်ရှိသည့် ရုံးခန်း၊ အိမ်ရာများ အတွက် ပြည်တွင်း၊ ပြည်ပ ဆောက်လုပ်ရေး
လုပ်ငန်းများ ရင်းနှီးမြှုပ်နှံနိုင်ရန် ခိုင်မာမှု ရှိသည့် အာမခံချက်များ ပါဝင်သည့် အဆောက်
အအုံဆိုင်ရာ မူဝါဒများကို တိတိ ကျကျ ပြဋ္ဌာန်းပေးရန်လိုအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ
ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်း ရှင်များအသင်း နာယက ဦးခင်ရွှေက
စက်တင်ဘာ ၁၉ ရက်တွင် မြန်မာတိုင်း(မ်) ကို ပြောသည်။

"ပြည်ပကလာမယ့် စီးပွားရေးသမားတွေ အတွက်လည်း ရုံးခန်းတွေ လူနေအိမ်တွေကို
အခုကတည်းက ကြိုဆောက်ထားဖို့လိုတယ်။ လောလောဆယ်အခြေအနေနဲ့ ဈေးကွက်ကို
သွားကြည့်လို့မရဘူး။ တစ်နှစ် နှစ်နှစ်အတွင်း မှာဖြစ်လာနိုင်တဲ့ ဈေးကွက်အခြေအနေကို
တွက်ပြီး လုပ်ကြဖို့လိုတယ်။ အခုက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို လိုက်ပြီး
အပြစ်လိုက်ရှာသလို ဖြစ်နေတယ်။ ဒါကြောင့်လည်း ဆောက်လုပ်ရေးလောကမှာ
ဒီပြဿနာတွေ ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက တွန့်သွားကြတယ်။ အခုပဲ
ခွင့်ပြုထားတဲ့ကိစ္စ ကို အခုပဲ ပိတ်တယ်ဆိုပြီး မြင်သွားကြတယ်။ အပွင့်လင်းဆုံးပြောရရင်
ဒီအချိန်က ကြိုပြီး ဆောက်ထားရမယ့်အချိန်ပဲ။ မူဝါဒမငြိမ်သေး တဲ့အတွက် ပြဿနာတွေက
ဖြစ်နေတာ"ဟု ၎င်းက ပြောသည်။

ယခင်အစိုးရလက်ထက်တွင် ဆောက်လုပ် ခွင့်ပြုထားသည့် အထပ်မြင့်အဆောက်အအုံ
စီမံကိန်း ၂၀၀ ကျော်ကို ယခုအစိုးရလက်ထက် တွင် ပြန်လည်စိစစ်ရန် မေ ၁၅ ရက်မှစ၍
ဆောက်လုပ်ခြင်းကို ရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့ပြီး စိစစ်ရေးလုပ်ငန်းများကို ကော်မတီဖွဲ့ကာ
ဆောင်ရွက်ခဲ့သည်။

အကျိုး ဆက်အဖြစ် သောင်းနဲ့ချီသည့် အလုပ်သမား များ အလုပ်လက်မဲ့ ဖြစ်ခဲ့သလိုဆောက်လုပ်ရေး
လုပ်ငန်းလုပ်ကိုင်သူများနှင့် တိုက်ခန်း ၀ယ်ယူသူများအကြားတွင်လည်း ယုံကြည်မှု များ
ပျက်ယွင်းသွားခဲ့ရသည်။ ထိုအချက်များက အရောင်းအ၀ယ်အေးနေသည့် အိမ်ခြံမြေနှင့်
ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ကြီးမားသည့် ထိုးနှက်ချက်ကြီး တစ်ခုဖြစ်ခဲသလို
ဆောက်လုပ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏
ယုံကြည်မှုကိုလည်း လျော့ပါးစေခဲ့သည်ဟု လုပ်ငန်းရှင်များက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့က အထပ်မြင့်အဆောက်အအုံများ မြို့ပြ အင်္ဂါရပ်များနှင့် ကိုက်ညီမှုရှိမရှိ ပြန်လည်
စိစစ်ပြီး ခွင့်ပြုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စက်မှုလျှပ်စစ်နှင့် လမ်းပန်း
ဆက်သွယ်ရေးဝန်ကြီး ဦးဆောင်ကာ ပညာရှင်များ၊ အင်ဂျင်နီယာများ ပါဝင်သည့်
ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှုစိစစ်ရေး
ကော်မတီကို ဇွန်လတွင် ဖွဲ့စည်းခဲ့ပြီး အဆောက်အအုံများကို စိစစ်ကာ
ပြန်လည်ဆောက်လုပ်နိုင်ရန် ခွင့်ပြုပေးခဲ့ပြီးဖြစ်သည်။

သို့သော် မြေပြင်လုပ်ငန်း စတင်ရခြင်း မရှိသေး သည့် အဆောက်အအုံ စီမံကိန်းပေါင်း ၁၃၀ နှင့်
မြေပြင်လုပ်ငန်း စတင်နေပြီဖြစ်သည့် အဆောက်အအုံပေါင်း ၅၅ လုံးအတွက် ငြင်းခုံမှုများ
ရှိနေဆဲဖြစ်သည်။

"ကျွန်တော်တို့က အဆောက်အအုံ ဆောက်ရင် လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်း တွေကို
စည်ပင်လက်ထဲ ထည့်ပေးလိုက်ပါပြီ။ သူတို့ အကုန်သဘောတူရင် ကျင့်သုံးလို့ ရပါပြီ။
အစိုးရအဖွဲ့ကို တင်ပြရလောက်တဲ့ အထိ အချက်အလက်သစ်တွေက သိပ်မများ ပါဘူး။
လမ်းအကျယ် ဘယ်လောက်ဆိုရင် ဘေးကို မြေဘယ်လောက်ချန်ရမယ်။ လမ်း ကျဉ်းဆိုရင်
ဘေးကို မြေကျန် ဘယ်လောက် ထားရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေတော့ ရှိလိမ့်မယ်။
လမ်းမကြီး ဒါမှမဟုတ် အတွင်း လမ်းတွေအတွက်က ဘယ်လောက်မြေချန် ရမယ်ဆိုတာတွေပါ
ပါလာလိမ့်မယ်။ ကျွန်တော်တို့ပေးထားတာ တစ်ပတ်ကျော် ကျော်လောက်တော့ ရှိပါပြီ။
အတည်ဖြစ်ပြီ ဆိုရင်တော့ စည်ပင်ဘက်က ကြေညာပေး ပါလိမ့်မယ်"ဟုရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့်အညီအဆောက်အအုံများ ဆောက်လုပ်မှုစိစစ် ရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ
ဦးရဲမင်းဦးက စက်တင်ဘာ ၁၉ ရက်တွင် ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်းများမှာမူဝါဒ အပြောင်းအလဲများကြာင့် ယခုနှစ်တွင်များစွာ ဂယက်ရိုက်ခဲ့သည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service