ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုမဟာဗျူဟာစီမံကိန်းကို ခေတ်နှင့်လျော်ညီစေရန် ပြန်လည်ရေးဆွဲမည်

ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုမဟာဗျူဟာစီမံကိန်းကို ခေတ်နှင့်လျော်ညီစေရန် ပြန်လည်ရေးဆွဲမည် - Property News in Myanmar from iMyanmarHouse.com
19 Sep 2016 9:31 am တွင် တင်ခဲ့သည်
1044 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၃ တွင် ရေးဆွဲခဲ့သည့် ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းကို လက်ရှိမြို့၏ အခြေ အနေနှင့် ကိုက်ညီစေရန်ပြန်လည် ပြင်ဆင်ရေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ဒုတိယဌာနမှူး ဦးတိုးအောင်က ပြောသည်။

‘‘၂၀၁၃ က ရေးခဲ့တဲ့ စီမံ ကိန်းမှာ အခုနှစ်ကြာလာတာနဲ့အ မျှ စီမံကိန်းမှာ ပေါင်းစပ်ပါဝင်ဖို့ တခြားအခြေအနေတွေဖြစ်လာ တယ်။ ဒါကြောင့် ပြန်လည်ရေးဆွဲ နေတာပါ’’ဟု ဦးတိုးအောင်က ဆို သည်။

သို့သော် ၂၀၁၃ တွင် ရေးဆွဲ ခဲ့သည့် စီမံကိန်း၏ ကျောရိုးများ ဖြစ်သည့် အစိမ်းရောင်နယ်မြေ များဖော်ထုတ်ခြင်း၊ ရှေးဟောင်း အဆောက်အအုံနေရာများ ထိန်း သိမ်းခြင်းနှင့် စီးပွားရေးအချက်အ ချာနယ်မြေသစ်များ ဖော်ထုတ် ခြင်းတို့ကိုမူ ယခင်က ရေးဆွဲခဲ့ သည့်အတိုင်း လုပ်ဆောင်မည်ဖြစ် ကြောင်း သိရသည်။

ယခု ပြန်လည်ရေးဆွဲမှုတွင် မြို့ကို ၀န်းရံပြီး မြို့သစ်စီမံကိန်း သစ်များ ဖော်ထုတ်ရန် အဓိက ထားရေးဆွဲမည်ဖြစ်ကြောင်း ဦးတိုးအောင်က ပြောသည်။

‘‘သန်လျင်၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်း မှော်ဘီလိုနေရာ ခုနစ်နေရာကို မြို့သစ်စီမံကိန်း လုပ်ဖို့ လျာထားပြီးပြီဖြစ်တဲ့အ တွက် ဒါတွေကို အဓိကထားရေး ဆွဲမယ်’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထို့နောက် ဆက်လက်ပြီး ဆိပ်ကမ်းနယ်မြေများကို အဆင့် မြှင့်ဖော်ထုတ်သွားရန်နှင့် ပင် လယ်ထွက်ပေါက်ဒေသအဖြစ် ကွမ်းခြံကုန်း ကော့မှူးဒေသကို အဓိကအခြေပြု၍ ရေးဆွဲမည်ဖြစ် ကြောင်း သိရသည်။

၂၀၁၃ က ရေးဆွဲခဲ့သည့် ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းသည် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ပူးပေါင်းပြီး သုံးလ ကြာ ရေးဆွဲသော စီမံကိန်းတစ်ခု လည်းဖြစ်သည်။

အဆိုပါစီမံကိန်းသည့် တိုး ပွားလာမည့် လူဦးရေအတွက် ရန်ကုန်မြို့တွင်လာမည့် ၂၀၅၀ အထိ အသုံးပြုနိုင်ရန် ရည်ရွယ်ရေး ဆွဲထားခြင်းဖြစ်သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service