ရန်ကုန်စတော့အိတ်ချိန်း ရောင်းဝယ်မှု သြဂုတ်လတွင် စံချိန်တင် အနည်းဆုံးဖြစ်ခဲ့

ရန်ကုန်စတော့အိတ်ချိန်း ရောင်းဝယ်မှု သြဂုတ်လတွင် စံချိန်တင် အနည်းဆုံးဖြစ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
1 Sep 2016 11:24 am တွင် တင်ခဲ့သည်
1188 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ်ချိန်းတွင် သြဂုတ် ၂၆ ရက်မှစ၍ မြန်မာနိုင်ငံသားများဘဏ် ပါဝင်လာသော်လည်း သြဂုတ်အတွင်း စုစုပေါင်း အရောင်းအ၀ယ် ဖြစ်ပေါ်မှု ၂ ဒသမ ၈ ဘီလျံခန့်သာရှိကာ ရန်ကုန်စတော့အိတ်ချိန်းစတင် ဖွင့်လှစ်သည့် မတ်လမှ စတင်၍ ငါးလအတွင်း စံချိန်တင် အနည်းဆုံး အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ကြောင်း
ရန်ကုန်စတော့အိတ်ချိန်းမှ နေ့စဉ် ထုတ်ပြန်သည့် စတော့ဈေးကွက်ဆိုင်ရာ အချက်အလက်များအရ သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် FMI နှင့် သီလ၀ါရှယ်ယာများ အရောင်းအ၀ယ် ဖြစ်ပေါ်မှုမှာ သြဂုတ် ၂၅ ရက်အထိ ၁ ဒသမ ၈ ဘီလျံကျော်ခန့်သာ ရှိနေပြီး သြဂုတ် ၂၆ ရက်မှ စတင်ကာ မြန်မာနိုင်ငံသားများဘဏ် ရန်ကုန်စတော့အိတ်ချိန်းတွင် စတင် ပါဝင်လာခဲ့သော်လည်း သြဂုတ် ၂၆ ရက်မှ သြဂုတ် ၃၁ ရက်အထိ ကုမ္ပဏီ သုံးခုမှ
ရှယ်ယာအရောင်းအ၀ယ် ဖြစ်ပေါ်မှုမှာ ကျပ်သိန်းပေါင်း ၉၅၀၀ ခန့်သာ ရှိခဲ့သည်။

FMI နှင့် သီလ၀ါရှယ်ယာများ ယခင်က နေ့စဉ်ကျပ် ဘီလျံနှင့်ချီ အရောင်းအ၀ယ် ဖြစ်ပေါ်နေရာမှ အဆမတန် ကျဆင်းလာပြီး သြဂုတ် ၃ ရက်တွင် ကျပ်သိန်း ၃၇၀ ကျော်ဖြင့် စတော့အိတ်ချိန်း စတင်ချိန်အတွင်း ဈေးကွက် အရောင်းအ၀ယ် ဖြစ်ပေါ်မှု အနည်းဆုံး အခြေအနေ ရောက်ရှိခဲ့ကာ သြဂုတ် ၁၈ ရက်တွင်လည်း ၄၃၇ သိန်းကျော်သာ
အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ပြီး အဆိုပါနေ့များမှာ အရောင်းအ၀ယ် ဖြစ်ပေါ်မှု အနည်းဆုံး ဖြစ်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ၂၀၁၆ ခုနှစ် မတ် ၂၅ ရက်မှ စတင်၍ ဇွန် ၃၀ ရက်အထိ ရှယ်ယာအရောင်းအ၀ယ်ဖြစ်မှု တန်ဖိုးပေါင်းမှာ FMI ရှယ်ယာ အရောင်းအ၀ယ် ဖြစ်ပေါ်မှု ၃၈ ဘီလျံကျော်နှင့် သီလ၀ါ ရှယ်ယာ အရောင်းအ၀ယ်ဖြစ်ပေါ်မှု ၁၃ ဘီလျံကျော်ဖြင့် ကျပ် ၅၁ ဘီလျံကျော်အထိ အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ပြီး ဇွန်လအတွင်း ၆ ဘီလျံကျော်သာ အရောင်းအ၀ယ် ဖြစ်ပေါ်ကာ ဇူလိုင်တွင် ကျပ် ၃ ဒသမ ၇ ဘီလျံ ကျော်သာ အရောင်းအ၀ယ် ဖြစ်ခဲ့သဖြင့် အနည်းဆုံး အရောင်းအ၀ယ်
ဖြစ်ပေါ်မှု ဖြစ်ခဲ့ရာမှ သြဂုတ်တွင် ၂ဒသမ ၈ ဘီလျံခန့်သာ အရောင်းအ၀ယ် ဖြစ်ခဲ့သဖြင့် အဆိုပါ ပမာဏမှာ ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်ချိန်မှ ယခု ငါးလအတွင်း အနည်းဆုံး အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် လက်ရှိ အရောင်းအ၀ယ် ပြုလုပ်နေသည့် FMI က ကျပ်တစ်ထောင်တန် အစုရှယ်ယာပေါင်း ၂၃၄၈၀၀၁၃ စုဖြင့် အရောင်းအ၀ယ် ပြုလုပ်နေပြီး အဖွင့်ဈေးကျပ် ၂၆၀၀၀ သတ်မှတ်ခဲ့ကာ MTSH အနေနှင့် ကုမ္ပဏီကိုးခုမှ ပိုင်ဆိုင်ထားသည့် အစုရှယ်ယာပေါင်း ၁၇ သိန်း ငါးသောင်းငါးထောင်နှင့် အများပြည်သူ ပိုင်ဆိုင်မှု အစုရှယ်ယာပေါင်း ၂၁၄၅၀၀၀ ဖြင့် ရန်ကုန် စတော့အိတ်ချိန်းတွင် အစုရှယ်ယာ ၃၈၉၂၉၁၅ စာရင်းတင်ခဲ့ပြီး အဖွင့်ဈေး ကျပ် ၄၀၀၀၀ သတ်မှတ်ခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အစုရှယ်ယာရှင် အဖြစ်ပါဝင်သည့် မြန်မာနိုင်ငံသားများဘဏ်သည် ယခုနှစ် ဇူလိုင် ၃၁ ရက်အထိ မတည်ရင်းနှီးငွေ ကျပ်သန်းပေါင်း ၅၂၀၀၄ ဒသမ ၉၃၀ ရှိနေပြီး အစုရှယ်ယာပေါင်း
၁၀ ၄၀၀ ၉၈၆ ရှိနေသည်ဟု ထုတ်ပြန်ထားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service