ရန်ကုန်စတော့အိတ်ချိန်း ရောင်းဝယ်မှု သြဂုတ်လတွင် စံချိန်တင် အနည်းဆုံးဖြစ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
1187 Views

ရန်ကုန်စတော့အိတ်ချိန်း ရောင်းဝယ်မှု သြဂုတ်လတွင် စံချိန်တင် အနည်းဆုံးဖြစ်ခဲ့

ရန်ကုန်စတော့အိတ်ချိန်းတွင် သြဂုတ် ၂၆ ရက်မှစ၍ မြန်မာနိုင်ငံသားများဘဏ် ပါဝင်လာသော်လည်း သြဂုတ်အတွင်း စုစုပေါင်း အရောင်းအ၀ယ် ဖြစ်ပေါ်မှု ၂ ဒသမ ၈ ဘီလျံခန့်သာရှိကာ ရန်ကုန်စတော့အိတ်ချိန်းစတင် ဖွင့်လှစ်သည့် မတ်လမှ စတင်၍ ငါးလအတွင်း စံချိန်တင် အနည်းဆုံး အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ကြောင်း
ရန်ကုန်စတော့အိတ်ချိန်းမှ နေ့စဉ် ထုတ်ပြန်သည့် စတော့ဈေးကွက်ဆိုင်ရာ အချက်အလက်များအရ သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် FMI နှင့် သီလ၀ါရှယ်ယာများ အရောင်းအ၀ယ် ဖြစ်ပေါ်မှုမှာ သြဂုတ် ၂၅ ရက်အထိ ၁ ဒသမ ၈ ဘီလျံကျော်ခန့်သာ ရှိနေပြီး သြဂုတ် ၂၆ ရက်မှ စတင်ကာ မြန်မာနိုင်ငံသားများဘဏ် ရန်ကုန်စတော့အိတ်ချိန်းတွင် စတင် ပါဝင်လာခဲ့သော်လည်း သြဂုတ် ၂၆ ရက်မှ သြဂုတ် ၃၁ ရက်အထိ ကုမ္ပဏီ သုံးခုမှ
ရှယ်ယာအရောင်းအ၀ယ် ဖြစ်ပေါ်မှုမှာ ကျပ်သိန်းပေါင်း ၉၅၀၀ ခန့်သာ ရှိခဲ့သည်။

FMI နှင့် သီလ၀ါရှယ်ယာများ ယခင်က နေ့စဉ်ကျပ် ဘီလျံနှင့်ချီ အရောင်းအ၀ယ် ဖြစ်ပေါ်နေရာမှ အဆမတန် ကျဆင်းလာပြီး သြဂုတ် ၃ ရက်တွင် ကျပ်သိန်း ၃၇၀ ကျော်ဖြင့် စတော့အိတ်ချိန်း စတင်ချိန်အတွင်း ဈေးကွက် အရောင်းအ၀ယ် ဖြစ်ပေါ်မှု အနည်းဆုံး အခြေအနေ ရောက်ရှိခဲ့ကာ သြဂုတ် ၁၈ ရက်တွင်လည်း ၄၃၇ သိန်းကျော်သာ
အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ပြီး အဆိုပါနေ့များမှာ အရောင်းအ၀ယ် ဖြစ်ပေါ်မှု အနည်းဆုံး ဖြစ်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ၂၀၁၆ ခုနှစ် မတ် ၂၅ ရက်မှ စတင်၍ ဇွန် ၃၀ ရက်အထိ ရှယ်ယာအရောင်းအ၀ယ်ဖြစ်မှု တန်ဖိုးပေါင်းမှာ FMI ရှယ်ယာ အရောင်းအ၀ယ် ဖြစ်ပေါ်မှု ၃၈ ဘီလျံကျော်နှင့် သီလ၀ါ ရှယ်ယာ အရောင်းအ၀ယ်ဖြစ်ပေါ်မှု ၁၃ ဘီလျံကျော်ဖြင့် ကျပ် ၅၁ ဘီလျံကျော်အထိ အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ပြီး ဇွန်လအတွင်း ၆ ဘီလျံကျော်သာ အရောင်းအ၀ယ် ဖြစ်ပေါ်ကာ ဇူလိုင်တွင် ကျပ် ၃ ဒသမ ၇ ဘီလျံ ကျော်သာ အရောင်းအ၀ယ် ဖြစ်ခဲ့သဖြင့် အနည်းဆုံး အရောင်းအ၀ယ်
ဖြစ်ပေါ်မှု ဖြစ်ခဲ့ရာမှ သြဂုတ်တွင် ၂ဒသမ ၈ ဘီလျံခန့်သာ အရောင်းအ၀ယ် ဖြစ်ခဲ့သဖြင့် အဆိုပါ ပမာဏမှာ ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်ချိန်မှ ယခု ငါးလအတွင်း အနည်းဆုံး အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် လက်ရှိ အရောင်းအ၀ယ် ပြုလုပ်နေသည့် FMI က ကျပ်တစ်ထောင်တန် အစုရှယ်ယာပေါင်း ၂၃၄၈၀၀၁၃ စုဖြင့် အရောင်းအ၀ယ် ပြုလုပ်နေပြီး အဖွင့်ဈေးကျပ် ၂၆၀၀၀ သတ်မှတ်ခဲ့ကာ MTSH အနေနှင့် ကုမ္ပဏီကိုးခုမှ ပိုင်ဆိုင်ထားသည့် အစုရှယ်ယာပေါင်း ၁၇ သိန်း ငါးသောင်းငါးထောင်နှင့် အများပြည်သူ ပိုင်ဆိုင်မှု အစုရှယ်ယာပေါင်း ၂၁၄၅၀၀၀ ဖြင့် ရန်ကုန် စတော့အိတ်ချိန်းတွင် အစုရှယ်ယာ ၃၈၉၂၉၁၅ စာရင်းတင်ခဲ့ပြီး အဖွင့်ဈေး ကျပ် ၄၀၀၀၀ သတ်မှတ်ခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အစုရှယ်ယာရှင် အဖြစ်ပါဝင်သည့် မြန်မာနိုင်ငံသားများဘဏ်သည် ယခုနှစ် ဇူလိုင် ၃၁ ရက်အထိ မတည်ရင်းနှီးငွေ ကျပ်သန်းပေါင်း ၅၂၀၀၄ ဒသမ ၉၃၀ ရှိနေပြီး အစုရှယ်ယာပေါင်း
၁၀ ၄၀၀ ၉၈၆ ရှိနေသည်ဟု ထုတ်ပြန်ထားသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service