စီမံကိန်း မစတင်ရသေးသည့် အဆောက်အအုံ ၁၃၀ ကျော်ကို ထပ်မံ ဖြေလျှော့ပြီး ခွင့်ပြု

စီမံကိန်း မစတင်ရသေးသည့် အဆောက်အအုံ ၁၃၀ ကျော်ကို ထပ်မံ ဖြေလျှော့ပြီး ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
29 Aug 2016 10:21 am တွင် တင်ခဲ့သည်
1841 ကြိမ် ကြည့်ရှု့ပြီး
မြေပြင်လုပ်ငန်းများပင် မစတင်ရသေးဘဲ ပြီးခဲ့သည့် အစိုးရလက်ထက်က တည်ဆောက်ရန် တင်ပြထားသည့် အထပ်မြင့်အဆောက်အအုံ ၁၃၀ ကျော်ကိုတည်ဆောက်နိုင်ရန် ခွင့်ပြုပေးမည်ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သတင်းရရှိသည်။

စီမံကိန်းဒီဇိုင်းပြင်ဆင်ပြီး အထပ်အရေအတွက် လျှော့ချရမည့် အဆောက်အအုံများကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြီးခဲ့သည့်သီတင်းပတ်က ဖြေလျှော့ပြီးနောက် သြဂုတ် ၂၆ ရက်တွင် ထပ်မံဖြေ လျှော့ပေးလိုက်ခြင်းဖြစ်သည်။

‘‘သူတို့က ဆက်လက်တင်ပြ စရာတွေ တင်ပြလို့ရပြီ။ အရင်က လို အဆင့်အလိုက်စစ်ဆေးပြီး လုပ်ငန်းတွေစတင်နိုင်အောင်ပြန် ခွင့်ပြုပေးသွားမယ်’’ဟု အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ တည်ဆောက်မှုစိစစ်ရေး ကော်မ တီဖွဲ့စည်းပြီး ပါမစ်ကျပြီး အ ဆောက်အအုံများ၊ ပါမစ်မကျ သေးသည့် အထပ်မြင့်အဆောက်အအုံများ စုပေါင်း၍ ၁၁၉ လုံးကို စုပေါင်းစစ်ဆေးခဲ့သည်။

‘‘အခုခွင့်ပြုပေးလိုက်တဲ့ စီမံကိန်းတွေထဲမှာ နာမည်ကြီး အထပ်မြင့်စီမံကိန်းတွေ ပါတယ်။ တချို့ဆို အခန်းတွေတောင် ကြို ရောင်းထားတာ’’ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြော သည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်က စ၍ သုံးလကျော် ရပ်နားထားရသော ရန်ကုန်မြို့ရှိ အထပ်မြင့်အဆောက်အအုံစီမံကိန်း အများစုကို ပြန်လည်ခွင့်ပြုပေးခြင်းဖြစ်သည်။

သို့သော် ထပ်မံအသစ်တည် ဆောက်မည့် အဆောက်အအုံ များကို ခွင့်ပြုမိန့်တင်ပြခြင်း ရပ် ဆိုင်းထားကာ နောက်ပိုင်းတွင် ကျင့်သုံးမည့် အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ် မူအသစ် ဖြင့် စိစစ်ခွင့်ပြုမည်ဖြစ်သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service